လီဆန်ဒရိုမာတီနက်ဇ် အပြောင်းအရွှေ့အတွက် အေဂျက်စ်နှင့်သဘောတူညီမှုရရှိသွားပြီလို့ ယူနိုက်တက်ကြေညာ

မန်ချက်စတာယူနိုက်တက်ကလီဆန်ဒရိုမာတီနက်ဇ်အားခေါ်ယူရန်အေဂျက်စ်နှင့်သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်းကြေညာလာပါတယ်။

အသက်၂၄နှစ်ရှိမာတီနက်ဇ်ဟာယူနိုက်တက်နှင့်ငါးနှစ်စာချုပ်ချုပ်ဆိုလာမှာဖြစ်ပြီးစာချုပ်အတွင်းတွင်တစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ကိုထည့်သွင်းချုပ်ဆိုလာဖို့ရှိနေပါတယ်။

မာတီနက်ဇ်ဟာပြီးခဲ့တဲ့သောကြာနေ့ကတည်းကမန်ချက်စတာယူနိုက်တက်သို့ရောက်ရှိနေတာဖြစ်ပြီးဆေးစစ်ဆေးမှုပြုလုပ်ပြီးပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိပြီးပါကမိတ်ဆက်လာပါမယ်။ဒါ့အပြင့်မာတီနက်ဇ်အနေဖြင့်ဗြိတိန်အလုပ်လုပ်ခွင့်ဗီဇာရရှိရန်လည်းစောင့်ဆိုင်းရပါဦးမယ်။

ယူနိုက်တက်ဟာအာဂျင်တီးနားနောက်ခံလူကို အောင်မြင်မှုအပေါ်မူတည်ပြီးနောက်ထပ်ပေါင်၈.၅သန်းအပါအဝင်ပေါင်၅၅သန်းဖြင့်အေဂျက်စ်နှင့်သဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။

မာတီနက်ဇ်ဟာအေဂျက်စ်တွင်အဲရစ်တန်ဟက်လက်အော်ကတွင်သုံးရာသီကစားခဲ့သူဖြစ်ပြီးအေဂျက်စ်အတွက်၁၁၈ပွဲကစားပေးခဲ့ပါတယ်။သူဟာအရပ်၅ပေ၊၉လက်မသာရှိမှုနဲ့အတူပရီးမီးယားလိဂ်ရဲ့အရပ်အတိုဆုံးဗဟိုနောက်ခံလူဖြစ်လာပါမယ်။

ယူနိုက်တက်ဟာမာတီနက်ဇ်မတိုင်မီဖီယင်နုဘယ်နောက်ခံလူမာလာစီယာနှင့်ဒိန်းမတ်ကွင်းလယ်ကစားသမားခရစ္စတီယန်အဲရစ်ဆင်တို့ကိုခေါ်ယူထားပြီးဖြစ်ပါတယ်။

ZawGyi

လီဆန္ဒ႐ိုမာတီနက္ဇ္ အေျပာင္းအေ႐ႊ႕အတြက္ ေအဂ်က္စ္ႏွင့္သေဘာတူညီမႈရရွိသြားၿပီလို႔ ယူႏိုက္တက္ေၾကညာ

မန္ခ်က္စတာယူႏိုက္တက္ကလီဆန္ဒ႐ိုမာတီနက္ဇ္အားေခၚယူရန္ေအဂ်က္စ္ႏွင့္သေဘာတူညီမႈရရွိသြားၿပီျဖစ္ေၾကာင္းေၾကညာလာပါတယ္။

အသက္၂၄ႏွစ္ရွိမာတီနက္ဇ္ဟာယူႏိုက္တက္ႏွင့္ငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုလာမွာျဖစ္ၿပီးစာခ်ဳပ္အတြင္းတြင္တစ္ႏွစ္သက္တမ္းတိုးႏိုင္မယ့္အခ်က္ကိုထည့္သြင္းခ်ဳပ္ဆိုလာဖို႔ရွိေနပါတယ္။

မာတီနက္ဇ္ဟာၿပီးခဲ့တဲ့ေသာၾကာေန႔ကတည္းကမန္ခ်က္စတာယူႏိုက္တက္သို႔ေရာက္ရွိေနတာျဖစ္ၿပီးေဆးစစ္ေဆးမႈျပဳလုပ္ၿပီးပုဂၢိဳလ္ေရးဆိုင္ရာသေဘာတူညီမႈရရွိၿပီးပါကမိတ္ဆက္လာပါမယ္။ဒါ့အျပင့္မာတီနက္ဇ္အေနျဖင့္ၿဗိတိန္အလုပ္လုပ္ခြင့္ဗီဇာရရွိရန္လည္းေစာင့္ဆိုင္းရပါဦးမယ္။

ယူႏိုက္တက္ဟာအာဂ်င္တီးနားေနာက္ခံလူကို ေအာင္ျမင္မႈအေပၚမူတည္ၿပီးေနာက္ထပ္ေပါင္၈.၅သန္းအပါအဝင္ေပါင္၅၅သန္းျဖင့္ေအဂ်က္စ္ႏွင့္သေဘာတူညီမႈရရွိခဲ့တာျဖစ္ပါတယ္။

မာတီနက္ဇ္ဟာေအဂ်က္စ္တြင္အဲရစ္တန္ဟက္လက္ေအာ္ကတြင္သုံးရာသီကစားခဲ့သူျဖစ္ၿပီးေအဂ်က္စ္အတြက္၁၁၈ပြဲကစားေပးခဲ့ပါတယ္။သူဟာအရပ္၅ေပ၊၉လက္မသာရွိမႈနဲ႔အတူပရီးမီးယားလိဂ္ရဲ႕အရပ္အတိုဆုံးဗဟိုေနာက္ခံလူျဖစ္လာပါမယ္။

ယူႏိုက္တက္ဟာမာတီနက္ဇ္မတိုင္မီဖီယင္ႏုဘယ္ေနာက္ခံလူမာလာစီယာႏွင့္ဒိန္းမတ္ကြင္းလယ္ကစားသမားခရစၥတီယန္အဲရစ္ဆင္တို႔ကိုေခၚယူထားၿပီးျဖစ္ပါတယ္။