လီဗာပူးကစားသမားများရဲ့လုပ်ခစာရင်းထွက်ပေါ်လာ

လီဗာပူးဟာအသင်းရဲ့အကောင်းဆုံးကစားသမားအဖြစ်သတ်မှတ်ခြင်းခံထားရတဲ့မိုဟာမက်ဆာလာကိုထိန်းထားနိုင်ရေးအတွက်အစွမ်းကုန်လုပ်ဆောင်ထားပါတယ်။အီဂျစ်စူပါစတားဟာလီဗာပူးအသင်းမှာတစ်ပတ်လုပ်ခပေါင်၂၀၀၀၀၀ဖြင့်ကလပ်ရဲ့လုပ်ခအများဆုံးရရှိနေတဲ့ကစားသမားအဖြစ်ရပ်တည်နေပါတယ်။

အီဂျစ်စူပါစတားဟာလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ဘာစီလိုနာ(သို့မဟုတ်)ရီးရဲလ်မက်ဒရစ်သို့‌ ပြောင်းမယ်လို့သတင်းထွက်နေတဲ့ကစားသမားလည်းဖြစ်ပါတယ်။

အသက်၂၈နှစ်ရှိဆာလာဟာလီဗာပူးမှာတစ်ပတ်လုပ်ခပေါင်၂၀၀၀၀၀ရရှိနေပြီးတစ်နှစ်လုပ်ခပေါင်၁၀.၄သန်းရရှိနေပါတယ်။ဆာလာရဲ့လီဗာပူးနဲ့ချုပ်ဆိုထားတဲ့စာချုပ်က၂၀၂၂၃ခုနှစ်တွင်ကုန်ဆုံးမှာဖြစ်ပြီးစာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိဆက်ရှိနေမယ်ဆိုရင်တောင်ပေါင်၂၄သန်းအထိရရှိပါမယ်။

လီဗာပူးမှာဒုတိယလုပ်ခအများဆုံးရရှိတဲ့ကစားသမားအဖြစ်တီယာဂိုအယ်ကန်တာရာကတစ်ပတ်လုပ်ခပေါင်၁၉၂၃၀၈ဖြင့်ရပ်တည်နေပြီးတစ်နှစ်လုပ်ခပေါင်၁၀သန်းရရှိနေပါတယ်။တတိယနေရာမှာဖာမီနိုကတစ်နှစ်လုပ်ခပေါင် ၉.၃သန်းဖြင့်ရပ်တည်နေပြီးအဆင့်၄နေရာမှာဗန်ဒိုက်ကပေါင်၉.၃သန်းဖြင့်လည်းကောင်း၊အဆင့်၅နေရာမှာဟင်ဒါ ဆင်ကပေါင်၇.၂သန်းဖြင့်လည်းကောင်း၊အဆင့်၆နေရာမှာမီလ်နာကပေါင်၇.၂သန်းဖြင့်လည်းကောင်း၊အဆင့်၇နေရာမှာကီတာကပေါင်၆.၂သန်းဖြင့်လည်းကောင်းရပ်တည်နေပါတယ်။

အာဆင်နယ်မှပြောင်းလာပြီးနောက်ဒဏ်ရာပြဿနာများနှင့်ရုန်းကန်နေခဲ့ရတဲ့ချမ်ဘာလိန်းကပေါင်၆.၂သန်းဖြင့် အဆင့်၈နေရာမှာရပ်တည်နေပါတယ်။လီဗာပူးအတွက်ချန်ပီယံလိဂ်နှင့်ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်အောင် အဓိကနေရာမှစွမ်းဆောင်ထားတဲ့မာနေးကတစ်နှစ်လုပ်ခပေါင်၅.၂သန်းဖြင့်အဆင့်၉နေရာမှာရပ်တည်နေကာ အဆင့်၁၀နေရာမှာမာတစ်ကပေါင်၅.၂သန်းဖြင့်ရပ်တည်နေပါတယ်။

ZawGyi

လီဗာပူးကစားသမားမ်ားရဲ႕လုပ္ခစာရင္းထြက္ေပၚလာ

လီဗာပူးဟာအသင္းရဲ႕အေကာင္းဆုံးကစားသမားအျဖစ္သတ္မွတ္ျခင္းခံထားရတဲ့မိုဟာမက္ဆာလာကိုထိန္းထားႏိုင္ေရးအတြက္အစြမ္းကုန္လုပ္ေဆာင္ထားပါတယ္။အီဂ်စ္စူပါစတားဟာလီဗာပူးအသင္းမွာတစ္ပတ္လုပ္ခေပါင္၂၀၀၀၀၀ျဖင့္ကလပ္ရဲ႕လုပ္ခအမ်ားဆုံးရရွိေနတဲ့ကစားသမားအျဖစ္ရပ္တည္ေနပါတယ္။

အီဂ်စ္စူပါစတားဟာလာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ဘာစီလိုနာ(သို႔မဟုတ္)ရီးရဲလ္မက္ဒရစ္သို႔‌ ေျပာင္းမယ္လို႔သတင္းထြက္ေနတဲ့ကစားသမားလည္းျဖစ္ပါတယ္။

အသက္၂၈ႏွစ္ရွိဆာလာဟာလီဗာပူးမွာတစ္ပတ္လုပ္ခေပါင္၂၀၀၀၀၀ရရွိေနၿပီးတစ္ႏွစ္လုပ္ခေပါင္၁၀.၄သန္းရရွိေနပါတယ္။ဆာလာရဲ႕လီဗာပူးနဲ႔ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္က၂၀၂၂၃ခုႏွစ္တြင္ကုန္ဆုံးမွာျဖစ္ၿပီးစာခ်ဳပ္သက္တမ္းကုန္ဆုံးတဲ့အထိဆက္ရွိေနမယ္ဆိုရင္ေတာင္ေပါင္၂၄သန္းအထိရရွိပါမယ္။

လီဗာပူးမွာဒုတိယလုပ္ခအမ်ားဆုံးရရွိတဲ့ကစားသမားအျဖစ္တီယာဂိုအယ္ကန္တာရာကတစ္ပတ္လုပ္ခေပါင္၁၉၂၃၀၈ျဖင့္ရပ္တည္ေနၿပီးတစ္ႏွစ္လုပ္ခေပါင္၁၀သန္းရရွိေနပါတယ္။တတိယေနရာမွာဖာမီႏိုကတစ္ႏွစ္လုပ္ခေပါင္ ၉.၃သန္းျဖင့္ရပ္တည္ေနၿပီးအဆင့္၄ေနရာမွာဗန္ဒိုက္ကေပါင္၉.၃သန္းျဖင့္လည္းေကာင္း၊အဆင့္၅ေနရာမွာဟင္ဒါ ဆင္ကေပါင္၇.၂သန္းျဖင့္လည္းေကာင္း၊အဆင့္၆ေနရာမွာမီလ္နာကေပါင္၇.၂သန္းျဖင့္လည္းေကာင္း၊အဆင့္၇ေနရာမွာကီတာကေပါင္၆.၂သန္းျဖင့္လည္းေကာင္းရပ္တည္ေနပါတယ္။

အာဆင္နယ္မွေျပာင္းလာၿပီးေနာက္ဒဏ္ရာျပႆနာမ်ားႏွင့္႐ုန္းကန္ေနခဲ့ရတဲ့ခ်မ္ဘာလိန္းကေပါင္၆.၂သန္းျဖင့္ အဆင့္၈ေနရာမွာရပ္တည္ေနပါတယ္။လီဗာပူးအတြက္ခ်န္ပီယံလိဂ္ႏွင့္ပရီးမီးယားလိဂ္ဖလားဆြတ္ခူးႏိုင္ေအာင္ အဓိကေနရာမွစြမ္းေဆာင္ထားတဲ့မာေနးကတစ္ႏွစ္လုပ္ခေပါင္၅.၂သန္းျဖင့္အဆင့္၉ေနရာမွာရပ္တည္ေနကာ အဆင့္၁၀ေနရာမွာမာတစ္ကေပါင္၅.၂သန္းျဖင့္ရပ္တည္ေနပါတယ္။