လီဗာပူးကစားသမားဟောင်းဝီနယ်ဒမ်ကို သုံးနှစ်စာချုပ်ဖြင့် ပီအက်စ်ဂျီခေါ်ယူ

ပီအက်စ်ဂျီဟာလီဗာပူးကွင်းလယ်ကစားသမားဟောင်းဂျော်ဂျီနီယိုဝီနယ်ဒမ်ကိုသုံးနှစ်စာချုပ်ဖြင့်ခေါ်ယူလိုက်ပါတယ်။

နယ်သာလန်လက်ရွေးစင်ကစားသမားဟာယခုလအကုန်မှာလီဗာပူးနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးစာချုပ်သစ်ချုပ်ဆိုရန်သဘောတူညီမှုရရှိခဲ့ခြင်းမရှိပါဘူး။သူ့ကိုခေါ်ယူရန်ဘိုင်ယန်မြူးနစ်၊ဘာစီလိုနာအပါအဝင်ဥရောပထိပ်သီးများကကြိုးပမ်းခဲ့ကြပါတယ်။

ဒါပေမယ့်ပြင်သစ်ထိပ်သီးကလပ်ဟာအသက်၃၀နှစ်ရှိနယူးကာဆယ်ကစားသမားဟောင်းအားပြိုင်ဘက်များကိုကျော်ဖြတ်ကာ၂၀၂၄ခုနှစ်အထိစာချုပ်ဖြင့်ခေါ်ယူနိုင်လိုက်ပြီဖြစ်ပါတယ်။

ဝီနယ်ဒမ်ဟာအစောပိုင်းတုန်းကဆရာဟောင်းရော်နယ်ကိုးမန်းရှိရာဘာစီလိုနာသို့ပြောင်းမယ်လို့ယူဆခြင်းခံခဲ့ရပါတယ်။ဒါပေမယ့်ဘာစီလိုနာဘက်ကကမ်းလှမ်းတဲ့လုပ်ခထက်ပီအက်စ်ဂျီကနှစ်ဆပိုပေးလာမှုနဲ့အတူပဲရစ်သို့ပြောင်းရန်ဝီနယ်ဒမ်ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

ဝီနယ်ဒမ်ဟာ၂၀၁၇ခုနှစ်မှာနယူးကာဆယ်မှပြောင်းလာပြီးနောက်လီဗာပူးအတွက်၂၃၇ပွဲကစားခဲ့သူဖြစ်ပြီးချန်ပီယံလိဂ်ဖလားနှင့်ပရီးမီးယားလိဂ်ဖလားတို့ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ZawGyi

လီဗာပူးကစားသမားေဟာင္းဝီနယ္ဒမ္ကို သုံးႏွစ္စာခ်ဳပ္ျဖင့္ ပီအက္စ္ဂ်ီေခၚယူ

ပီအက္စ္ဂ်ီဟာလီဗာပူးကြင္းလယ္ကစားသမားေဟာင္းေဂ်ာ္ဂ်ီနီယိုဝီနယ္ဒမ္ကိုသုံးႏွစ္စာခ်ဳပ္ျဖင့္ေခၚယူလိုက္ပါတယ္။

နယ္သာလန္လက္ေ႐ြးစင္ကစားသမားဟာယခုလအကုန္မွာလီဗာပူးႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္သေဘာတူညီမႈရရွိခဲ့ျခင္းမရွိပါဘူး။သူ႔ကိုေခၚယူရန္ဘိုင္ယန္ျမဴးနစ္၊ဘာစီလိုနာအပါအဝင္ဥေရာပထိပ္သီးမ်ားကႀကိဳးပမ္းခဲ့ၾကပါတယ္။

ဒါေပမယ့္ျပင္သစ္ထိပ္သီးကလပ္ဟာအသက္၃၀ႏွစ္ရွိနယူးကာဆယ္ကစားသမားေဟာင္းအားၿပိဳင္ဘက္မ်ားကိုေက်ာ္ျဖတ္ကာ၂၀၂၄ခုႏွစ္အထိစာခ်ဳပ္ျဖင့္ေခၚယူႏိုင္လိုက္ၿပီျဖစ္ပါတယ္။

ဝီနယ္ဒမ္ဟာအေစာပိုင္းတုန္းကဆရာေဟာင္းေရာ္နယ္ကိုးမန္းရွိရာဘာစီလိုနာသို႔ေျပာင္းမယ္လို႔ယူဆျခင္းခံခဲ့ရပါတယ္။ဒါေပမယ့္ဘာစီလိုနာဘက္ကကမ္းလွမ္းတဲ့လုပ္ခထက္ပီအက္စ္ဂ်ီကႏွစ္ဆပိုေပးလာမႈနဲ႔အတူပဲရစ္သို႔ေျပာင္းရန္ဝီနယ္ဒမ္ဆုံးျဖတ္ခဲ့တာလည္းျဖစ္ပါတယ္။

ဝီနယ္ဒမ္ဟာ၂၀၁၇ခုႏွစ္မွာနယူးကာဆယ္မွေျပာင္းလာၿပီးေနာက္လီဗာပူးအတြက္၂၃၇ပြဲကစားခဲ့သူျဖစ္ၿပီးခ်န္ပီယံလိဂ္ဖလားႏွင့္ပရီးမီးယားလိဂ္ဖလားတို႔ဆြတ္ခူးႏိုင္ခဲ့ပါတယ္။