လီဗာပူးကို ကလပ်ပိုင်ရှင် FSG ကရောင်းချသွားတော့မည်ဖြစ်ကြောင်း ဥက္ကဌတွမ်ဝါနာအတည်ပြုလာ

လီဗာပူးဥက္ကဌတွမ်ဝါနာက ကလပ်ပိုင်ရှင် Fanway Sports Group(FSG)မှာလီဗာပူးကိုရောင်းချလာတော့မှာဖြစ်ကြောင်းအတည်ပြုလာပါတယ်။

မကြာသေးမီတုန်းက FSG ဟာမကြာသေးမီတုန်းကလီဗာပူးကိုရောင်းချသွားတော့မှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

ဝါနာဟာ FSG ကိုတည်ထောင်သူတွေထဲကတစ်ဦးဖြစ်ပြီး၂၀၀၁ခုနှစ်ကတည်းကဥက္ကဌအဖြစ်ဆောင်ရွက်လာသူဖြစ်ပါတယ်။ဂျွန်ဟင်နရီမှာ FSG ရဲ့Principal Owner အဖြစ်တာဝန်ယူနေတာပါ။

ဘတ်စကက်ဘောစူပါစတားလီဘရွန်ဂျိမ်းစ်မှာလည်း၂၀၁၁ခုနှစ်ကတည်းက လီဗာပူးရှယ်ယာ၂ရာခိုင်နှုန်းကိုပေါင်၄.၇သန်းဖြင့်ဝယ်ယူရင်းနှီးမြှပ်နှံလာခဲ့တာဖြစ်ပါတယ်။

သူဟာထိုစဉ်ကတည်းကFSG ရဲ့အသေးစားပါတနာတစ်ဦးဖြစ်လာခဲ့ပါတယ်။FSG ဟာဘော်စတွန်ရက်ဆော့စ် ဘော့စ်အသင်းကိုလည်းပိုင်ဆိုင်ထားပါတယ်။

၂၀၂၁ခုနှစ်၊မတ်လတွင်လည်းပုဂ္ဂလိကရင်းနှီးမြှပ်နှံရေးကုမ္ပဏီ RedBird Capital Partners ကလီဗာပူးရဲ့ရှယ်ယာဒေါ်လာ၇၃၅သန်း(ပေါင်၅၃၃သန်း)ဖိုးဝယ်ယူရင်းနှီးမြှပ်နှံခဲ့ပါတယ်။

ZawGyi





ဘတ်စကက်ဘောစူပါစတားလီဘရွန်ဂျိမ်းစ်မှာလည်း၂၀၁၁ခုနှစ်ကတည်းက လီဗာပူးရှယ်ယာ၂ရာခိုင်နှုန်းကိုပေါင်၎.၇သန်းဖြင့်ဝယ်ယူရင်းနှီးမြှပ်နှံလာခဲ့တာဖြစ်ပါတယ်။

