လီဗာပူးကို ကျော်ဖြတ်ကာ မိုနာကိုစတားကို ခေါ်ယူရန် ရီးရဲလ်မက်ဒရစ် သဘောတူညီမှုရရှိ

ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲပြိုင်ဘက် လီဗာပူးကို ကျော်ဖြတ်ပြီးမိုနာကိုကွင်းလယ်ကစားသမားအူရယ်လီယန်ချူအာမီနီကိုခေါ်ယူရန်သဘောတူညီမှုရရှိသွားခဲ့ကြောင်းသိရပါတယ်။

ကွင်းလယ်ခံစစ်ကစားသမားဟာပြင်သစ်တွင်စိတ်လှုပ်ရှားစရာရာသီတစ်ခုနှင့်ကြုံတွေ့ခဲ့ရပြီးနောက်နွေရာသီတွင်မိုနာကိုမှထွက်ခွာမယ့်သူလည်းဖြစ်ပါတယ်။

RMC Sport ရဲ့ဖော်ပြမှုအရအသက်၂၂နှစ်ရှိချူအာမီနီဟာရီးရဲလ်မက်ဒရစ်သို့ပေါင်၆၉သန်းဖြင့်ပြောင်းရွှေ့မည်ဖြစ်ကြောင်းသိရပါတယ်။

သူဟာရီးရဲလ်မက်ဒရစ်နှင့်ငါးနှစ်စာချုပ်ချုပ်ဆိုသွားမှာလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာပြင်သစ်လက်ရွေးစင်ချူအာမီနီကို ခေါ်ယူရန်အတွက်လီဗာပူးအပြင်မန်ချက်စတာယူနိုက်တက်၊အာဆင်နယ်၊ချဲလ်ဆီးတို့ကိုလည်းကျော်ဖြတ်ခဲ့ရတာပါ။

ချူအာမီနီဟာ၂၀၂၀ခုနှစ်၊ဇန်နဝါရီလတွင်ဘော်ဒိုးမှပေါင်၁၆သန်းဖြင့်ရောက်လာပြီးနောက်မိုနာကိုအတွက်၉၅ပွဲကစားပေးထားသူဖြစ်ပါတယ်။

ZawGyi






