
လီဗာပူးပိုင်ရှင် Fenway Sports Group ဟာလီဗာပူးကိုပေါင်၃ဘီလီယံအထက်ဖြင့်ကမ်းလှမ်းလာမှုများကိုလက်ခံစဉ်းစားပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။
တနင်္လာနေ့တုန်းက Fenway Sports Groupဟာလီဗာပူးကိုအရောင်းစာရင်းတင်မှုပြုလုပ်လာခဲ့ပါတယ်။
ယနေ့တွင် The Times ရဲ့ဖော်ပြလာမှုအရ Fenway Sports Groupဟာလိဗာပူးကိုအနည်းဆုံးပေါင်၃ဘီလီယံအထက်ဖြင့်ကမ်းလှမ်းလာမှုကိုလက်ခံစဉ်းစားပေးသွားမှာဖြစ်ကြောင်းဖော်ပြလာပါတယ်။
မေလတုန်းကလီဗာပူးကို Forbes ကတန်ဖိုးပေါင်၃.၈၉ဘီလီယံရှိကြောင်း ဖော်ပြခဲ့ဖူးပါတယ်။ဒါပေမဲ့ရိုမန်အေဘရာမိုဗစ်ကလီဗာပူးကိုပေါင်၂.၅ဘီလီယံအပြင် ကလပ်တွင်နောက်ထပ်ရင်းနှီးမြှပ်နှံရန်ပေါင်၁.၇၅ဘီလီယံအာမခံချက်ဖြင့် တော့ဒ်ဘိုလီဦးဆောင်တဲ့ရင်းနှီးမြှပ်နှံရေးအဖွဲ့ကိုရောင်းချခဲ့ပါတယ်။
ဒါကြောင့်လည်း Fenway Sports Groupအနေဖြင့်လီဗာပူးကိုပေါင်၃၀၀သန်းဖြင့်သာဝယ်ယူခဲ့ရခြင်းဖြစ်ရာပေါင်၃ဘီလီယံအထက်ဖြင့်ရောင်းချလာပါကကောင်းမွန်တဲ့ရောင်းချမှုဖြစ်လာမှာသေချာနေပါတယ်။
ZawGyi
လီဗာပူးကို ဈေးနှုန်းသတ်မှတ်လာတဲ့ Fenway Sports Group