လီဗာပူးကို ထုထောင်းပြီးတဲ့နောက် ယူနိုက်တက်ပရိသတ်တစ်ဦးကို ကြက်ကြော်ကျွေးခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်

ဘရူနိုဖာနန်ဒက်စ်ဟာဘန်ကောက်တွင်ခါးသီးတဲ့ပြိုင်ဘက်လီဗာပူးကို၄-၀ဂိုးဖြင့်ပြတ်သားစွာအနိုင်ရယူပြီးတဲ့နောက်မန်ချက်စတာယူနိုက်တက်ပရိသတ်တစ်ဦးကိုကြက်ကြော်ကျွေးကာပျော်အောင်ပြုလုပ်ခဲ့ပါတယ်။

ပေါ်တူဂီစတားဟာရာဇမင်္ဂလာကွင်းမှထွက်ခွာကာလမ်းလျှောက်လာချိန်တွင် ပွဲပြီးစားသောက်စရာအဖြစ်ကြက်ကြော်ဗူးကိုင်ပြီးထွက်ခွာလာပါတယ်။

သူဟာပရိသတ်အုပ်စုထဲမှပရိသတ်တစ်ဦးဆိုသို့သွားရောက်ကာ “ကြက်ကြော်စားဦးမလား”လို့မေးမြန်းခဲ့ပါတယ်။ပရိသတ်ကလည်း “ဟုတ်ကဲ့”လို့ပြောကြားခဲ့ပါတယ်။ထိုအခါဘရူနိုဖာနန်ဒက်စ်က “တစ်ခုယူစမ်းပါ”လို့ပြောကြားပြီးပြုံးကာအသင်းဘတ်စ်ကားသို့ထွက်ခွာသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာဒုတိယခရီးစဉ်အဖြစ်ဩစတြေးလျသို့ထွက်ခွာသွားခဲ့တာလည်းဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ကြက်ကြော်ကျွေးခဲ့တဲ့ပရိသတ်မှာ Youtube Channel တစ်ခုဖြစ်တဲ့ United View မှ KG အဖြစ်လူသိများသူဖြစ်ပြီးဘရူနိုဖာနန်ဒက်စ်ကောင်းကောင်းသိပုံရပါတယ်။သူဟာအဲရစ်တန်ဟက်ရဲ့ယူနိုက်တက်ပထမဆုံးပွဲဖြစ်တဲ့ရာဇမင်္ဂလာပွဲစဉ်ကိုကိုယ်တိုင်လာကြည့်ခဲ့သူလည်းဖြစ်ပါတယ်။

ဘန်ကောက်ပွဲစဉ်တွင်အဲရစ်တန်ဟက်ဟာအတောင့်တင်းဆုံးအသင်းဖြင့်ပွဲထွက်လာခဲ့ပြီးကလော့ပ်ကတော့ကစားသမား၃၂ဦးအထိအသုံးပြုသွားခဲ့ပါတယ်။

ZawGyi

လီဗာပူးကို ထုေထာင္းၿပီးတဲ့ေနာက္ ယူႏိုက္တက္ပရိသတ္တစ္ဦးကို ၾကက္ေၾကာ္ေကြၽးခဲ့တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္

ဘ႐ူႏိုဖာနန္ဒက္စ္ဟာဘန္ေကာက္တြင္ခါးသီးတဲ့ၿပိဳင္ဘက္လီဗာပူးကို၄-၀ဂိုးျဖင့္ျပတ္သားစြာအႏိုင္ရယူၿပီးတဲ့ေနာက္မန္ခ်က္စတာယူႏိုက္တက္ပရိသတ္တစ္ဦးကိုၾကက္ေၾကာ္ေကြၽးကာေပ်ာ္ေအာင္ျပဳလုပ္ခဲ့ပါတယ္။

ေပၚတူဂီစတားဟာရာဇမဂၤလာကြင္းမွထြက္ခြာကာလမ္းေလွ်ာက္လာခ်ိန္တြင္ ပြဲၿပီးစားေသာက္စရာအျဖစ္ၾကက္ေၾကာ္ဗူးကိုင္ၿပီးထြက္ခြာလာပါတယ္။

သူဟာပရိသတ္အုပ္စုထဲမွပရိသတ္တစ္ဦးဆိုသို႔သြားေရာက္ကာ “ၾကက္ေၾကာ္စားဦးမလား”လို႔ေမးျမန္းခဲ့ပါတယ္။ပရိသတ္ကလည္း “ဟုတ္ကဲ့”လို႔ေျပာၾကားခဲ့ပါတယ္။ထိုအခါဘ႐ူႏိုဖာနန္ဒက္စ္က “တစ္ခုယူစမ္းပါ”လို႔ေျပာၾကားၿပီးၿပဳံးကာအသင္းဘတ္စ္ကားသို႔ထြက္ခြာသြားခဲ့ပါတယ္။

ယူႏိုက္တက္ဟာဒုတိယခရီးစဥ္အျဖစ္ဩစေၾတးလ်သို႔ထြက္ခြာသြားခဲ့တာလည္းျဖစ္ပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္ၾကက္ေၾကာ္ေကြၽးခဲ့တဲ့ပရိသတ္မွာ Youtube Channel တစ္ခုျဖစ္တဲ့ United View မွ KG အျဖစ္လူသိမ်ားသူျဖစ္ၿပီးဘ႐ူႏိုဖာနန္ဒက္စ္ေကာင္းေကာင္းသိပုံရပါတယ္။သူဟာအဲရစ္တန္ဟက္ရဲ႕ယူႏိုက္တက္ပထမဆုံးပြဲျဖစ္တဲ့ရာဇမဂၤလာပြဲစဥ္ကိုကိုယ္တိုင္လာၾကည့္ခဲ့သူလည္းျဖစ္ပါတယ္။

ဘန္ေကာက္ပြဲစဥ္တြင္အဲရစ္တန္ဟက္ဟာအေတာင့္တင္းဆုံးအသင္းျဖင့္ပြဲထြက္လာခဲ့ၿပီးကေလာ့ပ္ကေတာ့ကစားသမား၃၂ဦးအထိအသုံးျပဳသြားခဲ့ပါတယ္။