လီဗာပူးကို ဝယ်ယူရန် မန်စီးတီးပိုင်ရှင်ထက်ခြောက်ဆ ကြွယ်ဝချမ်းသာသူတစ်ဦး ရေပန်းစားလာ

လီဗာပူးအသင်းကိုဝယ်ယူဖို့ရေပန်းစားတဲ့ရင်းနှီးမြှပ်နှံရေးအဖွဲ့တစ်ဖွဲ့ပေါ်ပေါက်လာပါတယ်။၎င်းတို့ဟာမန်စီးတီးအသင်းပိုင်ရှင်တို့ထက်၆ဆပိုပြီးတော့ကြွယ်ဝချမ်းသာလာပါတယ်။

ယခုအပတ်အစောပိုင်းတုန်းကလီဗာပူးပိုင်ရှင် Fanway Sports Group ဟာလွန်ခဲ့တဲ့၁၂နှစ်တုန်းကပေါင်သန်း၃၀၀ဖြင့်ဝယ်ယူခဲ့တဲ့လီဗာပူးကိုရောင်းချလာတော့မှာဖြစ်ကြောင်းကြေညာလာပါတယ်။

လီဗာပူးကိုဝယ်ယူဖို့စိတ်ဝင်စားနေတဲ့သူတွေလည်းအများကြီးရှိပါတယ်။ယနေ့မှာတော့လီဗာပူးကိုဝယ်ယူဖို့ရေပန်းစားတဲ့အဖွဲ့တစ်ခုထွက်ပေါ်လာပါတယ်။

The Daily Star ရဲ့ဖော်ပြမှုအရ စတီဖင်ပါဂလူကာနှင့်သူ့ရဲ့ရင်းနှီးမြှပ်နှံရေးကုမ္ပဏီ Bain Capital ဟာလီဗာပူးကိုဝယ်ယူနိုင်တဲ့ဝယ်လက်တစ်ဦးဖြစ်လာနိုင်ကြောင်းသိရပါတယ်။

၎င်းတို့ဟာစုစုပေါင်း၁၁၉ဘီလီယံကြွယ်ဝချမ်းသာပါတယ်။မန်စီးတီးပိုင်ရှင်ရှိတ်မန်ဆာမှာပေါင်၁၇ဘီလီယံဝန်းကျင်သာချမ်းသာရာ၎င်းတို့မှာခြောက်ဆပိုမိုကြွယ်ဝချမ်းသာကြပါတယ်။

ဒါပေမဲ့၎င်းတို့ရဲ့ကြွယ်ဝချမ်းသာမှုကနယူးကာဆယ်ပိုင်ရှင်ကိုတော့လိုက်မမီပါဘူး။နယူးကာဆယ်ပိုင်ရှင်တွေကပေါင်၃၂၀ဘီလီယံအထိကြွယ်ဝချမ်းသာပါတယ်။

ပါဂလူကာဟာလီဗာပူးရဲ့ကမ္ဘာတလွှားပရိသတ်အခိုင်အမာရှိနေမှုနှင့်အတူ ဝင်ငွေကလည်းကောင်းပြီးသားကလပ်ဖြစ်တာနဲ့အညီ ဝယ်ယူရင်းနှီးမြှပ်နှံရန်သင့်တော်တဲ့ကလပ်အဖြစ်မြင်နေပါတယ်။

ပါဂလူကာဟာ NBA ကလပ်ဘော်စတွန်ဆဲလ်တစ်ကိုပူးတွဲပိုင်ဆိုင်သလို Bain ရဲ့ပူးတွဲဥက္ကဌအဖြစ်လည်းဆောင်ရွက်နေသူဖြစ်ပါတယ်။သူဟာစီးရီးအေကလပ်အတ္တလန္တာအသင်းရဲ့ရှယ်ယာ၅၅ရာခိုင်နှုန်းကိုလည်းပိုင်ဆိုင်သူဖြစ်ပါတယ်။

ZawGyi

လီဗာပူးကို ဝယ္ယူရန္ မန္စီးတီးပိုင္ရွင္ထက္ေျခာက္ဆ ႂကြယ္ဝခ်မ္းသာသူတစ္ဦး ေရပန္းစားလာ

လီဗာပူးအသင္းကိုဝယ္ယူဖို႔ေရပန္းစားတဲ့ရင္းႏွီးျမႇပ္ႏွံေရးအဖြဲ႕တစ္ဖြဲ႕ေပၚေပါက္လာပါတယ္။၎တို႔ဟာမန္စီးတီးအသင္းပိုင္ရွင္တို႔ထက္၆ဆပိုၿပီးေတာ့ႂကြယ္ဝခ်မ္းသာလာပါတယ္။

ယခုအပတ္အေစာပိုင္းတုန္းကလီဗာပူးပိုင္ရွင္ Fanway Sports Group ဟာလြန္ခဲ့တဲ့၁၂ႏွစ္တုန္းကေပါင္သန္း၃၀၀ျဖင့္ဝယ္ယူခဲ့တဲ့လီဗာပူးကိုေရာင္းခ်လာေတာ့မွာျဖစ္ေၾကာင္းေၾကညာလာပါတယ္။

လီဗာပူးကိုဝယ္ယူဖို႔စိတ္ဝင္စားေနတဲ့သူေတြလည္းအမ်ားႀကီးရွိပါတယ္။ယေန႔မွာေတာ့လီဗာပူးကိုဝယ္ယူဖို႔ေရပန္းစားတဲ့အဖြဲ႕တစ္ခုထြက္ေပၚလာပါတယ္။

The Daily Star ရဲ႕ေဖာ္ျပမႈအရ စတီဖင္ပါဂလူကာႏွင့္သူ႔ရဲ႕ရင္းႏွီးျမႇပ္ႏွံေရးကုမၸဏီ Bain Capital ဟာလီဗာပူးကိုဝယ္ယူႏိုင္တဲ့ဝယ္လက္တစ္ဦးျဖစ္လာႏိုင္ေၾကာင္းသိရပါတယ္။

၎တို႔ဟာစုစုေပါင္း၁၁၉ဘီလီယံႂကြယ္ဝခ်မ္းသာပါတယ္။မန္စီးတီးပိုင္ရွင္ရွိတ္မန္ဆာမွာေပါင္၁၇ဘီလီယံဝန္းက်င္သာခ်မ္းသာရာ၎တို႔မွာေျခာက္ဆပိုမိုႂကြယ္ဝခ်မ္းသာၾကပါတယ္။

ဒါေပမဲ့၎တို႔ရဲ႕ႂကြယ္ဝခ်မ္းသာမႈကနယူးကာဆယ္ပိုင္ရွင္ကိုေတာ့လိုက္မမီပါဘူး။နယူးကာဆယ္ပိုင္ရွင္ေတြကေပါင္၃၂၀ဘီလီယံအထိႂကြယ္ဝခ်မ္းသာပါတယ္။

ပါဂလူကာဟာလီဗာပူးရဲ႕ကမာၻတလႊားပရိသတ္အခိုင္အမာရွိေနမႈႏွင့္အတူ ဝင္ေငြကလည္းေကာင္းၿပီးသားကလပ္ျဖစ္တာနဲ႔အညီ ဝယ္ယူရင္းႏွီးျမႇပ္ႏွံရန္သင့္ေတာ္တဲ့ကလပ္အျဖစ္ျမင္ေနပါတယ္။

ပါဂလူကာဟာ NBA ကလပ္ေဘာ္စတြန္ဆဲလ္တစ္ကိုပူးတြဲပိုင္ဆိုင္သလို Bain ရဲ႕ပူးတြဲဥကၠဌအျဖစ္လည္းေဆာင္႐ြက္ေနသူျဖစ္ပါတယ္။သူဟာစီးရီးေအကလပ္အတၱလႏၲာအသင္းရဲ႕ရွယ္ယာ၅၅ရာခိုင္ႏႈန္းကိုလည္းပိုင္ဆိုင္သူျဖစ္ပါတယ္။