လီဗာပူးကို အတုယူကာ ကစားသမားခေါ်ယူအားဖြည့်ရန် ယူနိုက်တက်ကို ကန်တိုနာအကြံပေးလာ

အဲရစ်ကန်တိုနာကယူနိုက်တက်အနေဖြင့်ထိပ်တန်းအဆင့်သို့ပြန်လည်ရောက်ရှိရန်အတွက်လီဗာပူးရဲ့အပြောင်းအရွှေ့ဗျူဟာကိုအတုခိုးလုပ်ဆောင်သင့်ကြောင်းပြောကြားလာပါတယ်။

ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးကခြောက်နှစ်ကြာဖလားလက်မဲ့ဖြစ်နေတဲ့ယူနိုက်တက်မှာကမ္ဘာ့အကောင်းဆုံးသမားများကိုအိုးထရက်ဖို့ဒ်သို့လာကစားရန်ဆွဲဆောင်နိုင်ခြင်းမရှိတော့လည်းဆိုသွားပါတယ်။

၎င်းကလီဗာပူးကိုတကျော့ပြန်လည်အောင်မြင်မှုရရှိရန်ကလော့ပ်ရဲ့အလာအလားကောင်းများစွာရှိတဲ့ကစားသမားများကိုခေါ်ယူပြီးတည်ဆောက်မှုကိုအတုယူရန်ယူနိုက်တက်ကိုတိုက်တွန်းသွားပါတယ်။

အဲရစ်ကန်တိုနာက “အဲလက်စ်ဖာဂူဆန်လက်ထက်တုန်းကကမ္ဘာ့အကောင်းဆုံးကစားသမားကိုလိုချင်လား။သူဟာမန်ချက်စတာယူနိုက်တက်သို့ရောက်လာပါလိမ့်မယ်။ဘာလို့လဲဆိုတော့အင်္ဂလန်မှာရောဥရောပမှာအောင်မြင်နေလို့ပါ။ယူနိုက်တက်ကကမ္ဘာ့အကောင်းဆုံးအသင်းပါ။ဘယ်လိုကစားသမားမျိုးကိုမဆိုဝယ်ယူဖို့ငွေရှိပါတယ်။အခုတော့ကွဲပြားသွားပါပြီ။အကောင်းဆုံးကစားသမားတွေကဆုရနိုင်တဲ့အသင်းမှာပဲကစားချင်ကြပါတယ်။ယူနိုက်တက်မှာအကောင်းဆုံးကစားသမားတွေကိုဆွဲဆောင်နိုင်တဲ့အနေအထားမှာမရှိတော့ပါဘူး။ဒီတော့ပါးပါးနပ်နပ်လုပ်ရပါမယ်။လီဗာပူးလိုပါးပါးနပ်နပ်လုပ်ရမယ်။သူတို့ဟာမာနေးနဲ့ဆာလက်ကိုခေါ်ယူခဲ့တယ်။အဲဒီတုန်းကသူတို့ကကမ္ဘာ့အကောင်းဆုံးတွေမဟုတ်သေးပါဘူး။ဒါပေမဲ့ကြီးကျယ်တဲ့အသင်း၊ကြီးကျယ်တဲ့အားပေးမှုနဲ့အတူသူတို့အောင်မြင်မှုတွေရယူခဲ့ကြတယ်။အခုဆိုမာနေးနဲ့ဆာလက်တို့ကမ္ဘာ့အကောင်းဆုံးတွေဖြစ်နေကြပါပြီ။ဒါကိုယူနိုက်တက်တို့အတုယူရမယ်”လို့ဆိုသွားပါတယ်။

ယူနိုက်တက်ဟာဘန်လေမှဘီဆစ်တပ်သို့အငှားဖြင့်သွားရောက်ကစားနေတဲ့ နယ်သာလန်တိုက်စစ်မှူးဝေါက်ဝက်ဟော့စ်ကိုရာသီအကုန်အထိအငှားဖြင့်ခေါ်ယူရန်သဘောတူညီမှုရရှိထားပြီဖြစ်ပါတယ်။

ZawGyi

လီဗာပူးကို အတုယူကာ ကစားသမားေခၚယူအားျဖည့္ရန္ ယူႏိုက္တက္ကို ကန္တိုနာအႀကံေပးလာ

အဲရစ္ကန္တိုနာကယူႏိုက္တက္အေနျဖင့္ထိပ္တန္းအဆင့္သို႔ျပန္လည္ေရာက္ရွိရန္အတြက္လီဗာပူးရဲ႕အေျပာင္းအေ႐ႊ႕ဗ်ဴဟာကိုအတုခိုးလုပ္ေဆာင္သင့္ေၾကာင္းေျပာၾကားလာပါတယ္။

ယူႏိုက္တက္ဂႏၴဝင္တိုက္စစ္မႉးကေျခာက္ႏွစ္ၾကာဖလားလက္မဲ့ျဖစ္ေနတဲ့ယူႏိုက္တက္မွာကမာၻ႔အေကာင္းဆုံးသမားမ်ားကိုအိုးထရက္ဖို႔ဒ္သို႔လာကစားရန္ဆြဲေဆာင္ႏိုင္ျခင္းမရွိေတာ့လည္းဆိုသြားပါတယ္။

၎ကလီဗာပူးကိုတေက်ာ့ျပန္လည္ေအာင္ျမင္မႈရရွိရန္ကေလာ့ပ္ရဲ႕အလာအလားေကာင္းမ်ားစြာရွိတဲ့ကစားသမားမ်ားကိုေခၚယူၿပီးတည္ေဆာက္မႈကိုအတုယူရန္ယူႏိုက္တက္ကိုတိုက္တြန္းသြားပါတယ္။

အဲရစ္ကန္တိုနာက “အဲလက္စ္ဖာဂူဆန္လက္ထက္တုန္းကကမာၻ႔အေကာင္းဆုံးကစားသမားကိုလိုခ်င္လား။သူဟာမန္ခ်က္စတာယူႏိုက္တက္သို႔ေရာက္လာပါလိမ့္မယ္။ဘာလို႔လဲဆိုေတာ့အဂၤလန္မွာေရာဥေရာပမွာေအာင္ျမင္ေနလို႔ပါ။ယူႏိုက္တက္ကကမာၻ႔အေကာင္းဆုံးအသင္းပါ။ဘယ္လိုကစားသမားမ်ိဳးကိုမဆိုဝယ္ယူဖို႔ေငြရွိပါတယ္။အခုေတာ့ကြဲျပားသြားပါၿပီ။အေကာင္းဆုံးကစားသမားေတြကဆုရႏိုင္တဲ့အသင္းမွာပဲကစားခ်င္ၾကပါတယ္။ယူႏိုက္တက္မွာအေကာင္းဆုံးကစားသမားေတြကိုဆြဲေဆာင္ႏိုင္တဲ့အေနအထားမွာမရွိေတာ့ပါဘူး။ဒီေတာ့ပါးပါးနပ္နပ္လုပ္ရပါမယ္။လီဗာပူးလိုပါးပါးနပ္နပ္လုပ္ရမယ္။သူတို႔ဟာမာေနးနဲ႔ဆာလက္ကိုေခၚယူခဲ့တယ္။အဲဒီတုန္းကသူတို႔ကကမာၻ႔အေကာင္းဆုံးေတြမဟုတ္ေသးပါဘူး။ဒါေပမဲ့ႀကီးက်ယ္တဲ့အသင္း၊ႀကီးက်ယ္တဲ့အားေပးမႈနဲ႔အတူသူတို႔ေအာင္ျမင္မႈေတြရယူခဲ့ၾကတယ္။အခုဆိုမာေနးနဲ႔ဆာလက္တို႔ကမာၻ႔အေကာင္းဆုံးေတြျဖစ္ေနၾကပါၿပီ။ဒါကိုယူႏိုက္တက္တို႔အတုယူရမယ္”လို႔ဆိုသြားပါတယ္။

ယူႏိုက္တက္ဟာဘန္ေလမွဘီဆစ္တပ္သို႔အငွားျဖင့္သြားေရာက္ကစားေနတဲ့ နယ္သာလန္တိုက္စစ္မႉးေဝါက္ဝက္ေဟာ့စ္ကိုရာသီအကုန္အထိအငွားျဖင့္ေခၚယူရန္သေဘာတူညီမႈရရွိထားၿပီျဖစ္ပါတယ္။