
ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားလူကာမိုဒရစ်ဟာမနေ့ညတုန်းကအန်ဖီးလ်တွင်လီဗာပူးအား၅-၂ဂိုးဖြင့်အနိုင်ရတဲ့ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်တွင် အန်ဖီးလ်ကွင်းရှိပရိသတ်အားလုံးရဲ့မတ်တပ်ရပ်လက်ခုပ်တီးဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။
ကာလိုအန်ဆယ်လော့တီရဲ့ရီးရဲလ်မက်ဒရစ်ဟာဒါဝင်နူနက်ဇ်နဲ့မိုဟာမက်ဆာလက်တို့ရဲ့ဂိုးကြောင့်၂-၀ဂိုးဖြင့်ရှုံးနိမ့်နေခဲ့ပေမဲ့လည်းပထမပိုင်းအတွင်းတွင်ပင်ဗီနီရှပ်စ်ဂျူနီယာရဲ့ဂိုးများကြောင့်ချေပဂိုးရခဲ့ပါတယ်။
ယင်းနောက်ပထမပိုင်းမပြီးခင်ပင်မီလီတာအိုကရီးရဲလ်မက်ဒရစ်အတွက်အနိုင်ဂိုးစတင်သွင်းယူခဲ့ပြီးဒုတိယပိုင်းတွင်ကာရမ်ဘန်ဇီးမားကအနိုင်ဂိုး၂ဂိုးထပ်သွင်းခဲ့ပါတယ်။
အဆိုပါပွဲစဉ်တွင်ရီးရဲလ်မက်ဒရစ်ကွင်းလယ်မှလူကာမိုဒရစ်ဟာအသက်အရွယ်နှင့်မမျှအောင်အကောင်းဆုံးကစားသွားခဲ့ပါတယ်။
အသက်၃၇နှစ်ရှိခရိုအေးရှားဝါရင့်ကွင်းလယ်ကစားသမားဟာပွဲအစ၁၅မိနစ်အတွင်းတွင်ဦးဆောင်ဂိုးများပေးခဲ့ရပြီးနောက်ကမ္ဘာ့အဆင့်ခြေစွမ်းဖြင့် ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကိုထပ်မံဦးဆောင်ပြခဲ့ပါတယ်။
သူဟာပွဲချိန်၈၇မိနစ်တွင်တိုနီခရူးစ်နှင့်လူစားလဲခြင်းခံခဲ့ရပါတယ်။လူကာမိုဒရစ်ထွက်ခွာလာချိန်မှာအန်ဖီးလ်ကွင်းရှိပရိသတ်အယောက်စီတိုင်းမတ်တပ်ရပ်ကာလက်ခုပ်တီးဂုဏ်ပြုမှုပြုလုပ်ခဲ့ကြပါတယ်။
ZawGyi
လီဗာပူးကို အႏိုင္ရတဲ့ပြဲတြင္ အန္ဖီးလ္တစ္ကြင္းလုံး မတ္တပ္ရပ္ ဂုဏ္ျပဳခံခဲ့ရတဲ့ လူကာမိုဒရစ္
ရီးရဲလ္မက္ဒရစ္ကြင္းလယ္ကစားသမားလူကာမိုဒရစ္ဟာမေန႔ညတုန္းကအန္ဖီးလ္တြင္လီဗာပူးအား၅-၂ဂိုးျဖင့္အႏိုင္ရတဲ့ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ပထမအေက်ာ့ပြဲစဥ္တြင္ အန္ဖီးလ္ကြင္းရွိပရိသတ္အားလုံးရဲ႕မတ္တပ္ရပ္လက္ခုပ္တီးဂုဏ္ျပဳျခင္းခံခဲ့ရပါတယ္။
ကာလိုအန္ဆယ္ေလာ့တီရဲ႕ရီးရဲလ္မက္ဒရစ္ဟာဒါဝင္ႏူနက္ဇ္နဲ႔မိုဟာမက္ဆာလက္တို႔ရဲ႕ဂိုးေၾကာင့္၂-၀ဂိုးျဖင့္ရႈံးနိမ့္ေနခဲ့ေပမဲ့လည္းပထမပိုင္းအတြင္းတြင္ပင္ဗီနီရွပ္စ္ဂ်ဴနီယာရဲ႕ဂိုးမ်ားေၾကာင့္ေခ်ပဂိုးရခဲ့ပါတယ္။
ယင္းေနာက္ပထမပိုင္းမၿပီးခင္ပင္မီလီတာအိုကရီးရဲလ္မက္ဒရစ္အတြက္အႏိုင္ဂိုးစတင္သြင္းယူခဲ့ၿပီးဒုတိယပိုင္းတြင္ကာရမ္ဘန္ဇီးမားကအႏိုင္ဂိုး၂ဂိုးထပ္သြင္းခဲ့ပါတယ္။
အဆိုပါပြဲစဥ္တြင္ရီးရဲလ္မက္ဒရစ္ကြင္းလယ္မွလူကာမိုဒရစ္ဟာအသက္အ႐ြယ္ႏွင့္မမွ်ေအာင္အေကာင္းဆုံးကစားသြားခဲ့ပါတယ္။
အသက္၃၇ႏွစ္ရွိခ႐ိုေအးရွားဝါရင့္ကြင္းလယ္ကစားသမားဟာပြဲအစ၁၅မိနစ္အတြင္းတြင္ဦးေဆာင္ဂိုးမ်ားေပးခဲ့ရၿပီးေနာက္ကမာၻ႔အဆင့္ေျခစြမ္းျဖင့္ ရီးရဲလ္မက္ဒရစ္ကြင္းလယ္ကိုထပ္မံဦးေဆာင္ျပခဲ့ပါတယ္။
သူဟာပြဲခ်ိန္၈၇မိနစ္တြင္တိုနီခ႐ူးစ္ႏွင့္လူစားလဲျခင္းခံခဲ့ရပါတယ္။လူကာမိုဒရစ္ထြက္ခြာလာခ်ိန္မွာအန္ဖီးလ္ကြင္းရွိပရိသတ္အေယာက္စီတိုင္းမတ္တပ္ရပ္ကာလက္ခုပ္တီးဂုဏ္ျပဳမႈျပဳလုပ္ခဲ့ၾကပါတယ္။