လီဗာပူးကို အနိုင်ရရှိပြီးနောက် ယူနိုက်တက်မဖြစ်မနေလုပ်ရမယ့်အရာများကို အဲရစ်တန်ဟက်ထောက်ပြလာ

အဲရစ်တန်ဟက်ကအင်္ဂါနေ့တုန်းကလီဗာပူးကိုအထင်ကြီးဖွယ်၄-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပေမဲ့မန်ချက်စတာယူနိုက်တက်မှာလုပ်စရာများစွာရှိနေသေးကြောင်းပြောကြားလာပါတယ်။

ဒတ်ချ်လူမျိုးနည်းပြဟာမနေ့ညတုန်းကဘန်ကောက်တွင်လီဗာပူးနှင့်ရာသီကြိုခြေစမ်းပွဲစဉ်တွင်ယူနိုက်တက်အတွက်ပထမဆုံးပွဲအဖြစ်ကိုင်တွယ်ခဲ့ပြီးပထမပိုင်းခြေစွမ်းကြောင့်၄-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ယူနိုက်တက်ဟာပထမပိုင်းတွင်ဆန်ချို၊ဖရက်၊မာရှယ်တို့သွင်းယူတဲ့ဂိုးများဖြင့်လီဗာပူးကို၃-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးဒုတိယပိုင်းတွင်ပယ်လီစထရီကစတုတ္ထဂိုးသွင်းယူခဲ့ပါတယ်။

ယူနိုက်တက်ဟာထိုင်းမှဩစတြေးလျသို့ဆက်လက်သွားရောက်မှာဖြစ်ပြီးသောကြာနေ့တွင်မဲလ်ဘုန်းဗစ်တိုးရီးယားနှင့်ခြေစမ်းပါမယ်။

အဲရစ်တန်ဟက်က “လုပ်စရာအများကြီးရှိသေးတယ်။လီဗာပူးကတော်တော်ကောင်းတဲ့အသင်းပါ။ခံစစ်မှာအမှားတွေလုပ်နေရင်သူတို့ကိုအနိုင်ယူနိုင်မှာမဟုတ်ပါဘူး။ကျွန်တော်တို့အခြေအနေတချို့ကြုံခဲ့တယ်။ကျွန်တော်တို့အရမ်းမကောင်းခဲ့ပါဘူး။ချက်ချင်းဆိုသလိုသူတို့မြန်နှုန်းများခဲ့တယ်။သူတို့အခွင့်အရေးကောင်းသုံးလေးငါးကြိမ်အထိရခဲ့တယ်။ဒီတော့လုပ်စရာအများကြီးရှိတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

လီဗာပူးကို အႏိုင္ရရွိၿပီးေနာက္ ယူႏိုက္တက္မျဖစ္မေနလုပ္ရမယ့္အရာမ်ားကို အဲရစ္တန္ဟက္ေထာက္ျပလာ

အဲရစ္တန္ဟက္ကအဂၤါေန႔တုန္းကလီဗာပူးကိုအထင္ႀကီးဖြယ္၄-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ေပမဲ့မန္ခ်က္စတာယူႏိုက္တက္မွာလုပ္စရာမ်ားစြာရွိေနေသးေၾကာင္းေျပာၾကားလာပါတယ္။

ဒတ္ခ်္လူမ်ိဳးနည္းျပဟာမေန႔ညတုန္းကဘန္ေကာက္တြင္လီဗာပူးႏွင့္ရာသီႀကိဳေျခစမ္းပြဲစဥ္တြင္ယူႏိုက္တက္အတြက္ပထမဆုံးပြဲအျဖစ္ကိုင္တြယ္ခဲ့ၿပီးပထမပိုင္းေျခစြမ္းေၾကာင့္၄-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ယူႏိုက္တက္ဟာပထမပိုင္းတြင္ဆန္ခ်ိဳ၊ဖရက္၊မာရွယ္တို႔သြင္းယူတဲ့ဂိုးမ်ားျဖင့္လီဗာပူးကို၃-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ၿပီးဒုတိယပိုင္းတြင္ပယ္လီစထရီကစတုတၳဂိုးသြင္းယူခဲ့ပါတယ္။

ယူႏိုက္တက္ဟာထိုင္းမွဩစေၾတးလ်သို႔ဆက္လက္သြားေရာက္မွာျဖစ္ၿပီးေသာၾကာေန႔တြင္မဲလ္ဘုန္းဗစ္တိုးရီးယားႏွင့္ေျခစမ္းပါမယ္။

အဲရစ္တန္ဟက္က “လုပ္စရာအမ်ားႀကီးရွိေသးတယ္။လီဗာပူးကေတာ္ေတာ္ေကာင္းတဲ့အသင္းပါ။ခံစစ္မွာအမွားေတြလုပ္ေနရင္သူတို႔ကိုအႏိုင္ယူႏိုင္မွာမဟုတ္ပါဘူး။ကြၽန္ေတာ္တို႔အေျခအေနတခ်ိဳ႕ႀကဳံခဲ့တယ္။ကြၽန္ေတာ္တို႔အရမ္းမေကာင္းခဲ့ပါဘူး။ခ်က္ခ်င္းဆိုသလိုသူတို႔ျမန္ႏႈန္းမ်ားခဲ့တယ္။သူတို႔အခြင့္အေရးေကာင္းသုံးေလးငါးႀကိမ္အထိရခဲ့တယ္။ဒီေတာ့လုပ္စရာအမ်ားႀကီးရွိတယ္”လို႔ေျပာၾကားသြားပါတယ္။