လီဗာပူးကို အရှက်တကွဲရှုံးနိမ့်ပြီးနောက် ပရိသတ်များအား စိတ်ရှည်လက်ရှည် အမှတ်တရလက်မှတ်ရေးထိုးပေးခဲ့တဲ့ဆိုးလ်ရှား

အိုလီဂန်းနားဆိုးလ်ရှားဟာမနေ့ညတုန်းကလီဗာပူးကို၅-ဝဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်ပြီးနောက်ပရိသတ်များအတွက် စိတ်ရှည်လက်ရှည်ဖြင့်အမှတ်တရလက်မှတ်ရေးထိုးပေးခဲ့ကြောင်းသိရပါတယ်။

နော်ဝေလူမျိုးနည်းပြဦးဆောင်တဲ့မန်ယူဟာအိုးထရက်ဖို့ဒ်ကွင်းမှာလီဗာပူးကို ပထမပိုင်းမှာတင်၄-ဝဂိုးဖြင့်အရေးနိမ့်နေခဲ့ပြီးဒုတိယပိုင်းတွင်ဆာလက်ကဟက်ထရစ်မြောက်ဂိုးသွင်းယူခဲ့ကာ၅-ဝဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ပွဲအပြီးတွင်အသက်၄၈နှစ်ရှိဆိုးလ်ရှားကသူ့မန်ယူနည်းပြဘဝတွင်အမှောက်မိုက်ဆုံးနေ့ရက်ဖြစ်ကြောင်းတင်စားပြောကြားသွားခဲ့ပါတယ်။

ဒါပေမယ့်ပွဲအပြီးတွင်ဆိုးလ်ရှားဟာသစ္စာရှိပရိသတ်များအတွက်အချိန်ပေးကာအမှတ်တရလက်မှတ်ထိုးပေးမှုပြုလုပ်ခဲ့ပါတယ်။

AP မှသတင်းထောက်ရော့ဘ်ဟာရစ်ဆင်ရဲ့ပြောကြားမှုအရဆိုးလ်ရှားဟာကားပါကင်တွင်ဆယ်မိနစ်ခန့်အထိပရိသတ်များအားအမှတ်တရလက်မှတ်ရေးထိုးပေးခြင်း၊ Selfie ရိုက်ကူးခွင့်ပေးခြင်းတို့ပြုလုပ်ပေးခဲ့ကြောင်းသိရပါတယ်။

ZawGyi



နော်ဝေလူမျိုးနည်းပြဦးဆောင်တဲ့မန်ယူဟာအိုးထရက်ဖို့ဒ်ကွင်းမှာလီဗာပူးကို ပထမပိုင်းမှာတင်၎-ဝဂိုးဖြင့်အရေးနိမ့်နေခဲ့ပြီးဒုတိယပိုင်းတွင်ဆာလက်ကဟက်ထရစ်မြောက်ဂိုးသွင်းယူခဲ့ကာ၅-ဝဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။


