လီဗာပူးကို ၅ ဂိုးပြတ်ရှုံးပြီးနောက် ဖာမီနိုထံ အင်္ကျီတောင်းပြီး အားလုံးကို အံ့ဩသင့်စေခဲ့တဲ့ မန်ယူပရိသတ်

မန်ယူပရိသတ်တစ်ဦးဟာတနင်္ဂနွေနေ့တုန်းကအိုးထရက်ဖို့ဒ်မှာလီဗာပူးကို၅-၀ဂိုးဖြင့်ပြတ်ပြတ်သားသားရှုံးနိမ့်ပြီးနောက်လီဗာပူးတိုက်စစ်မှူးရောဘတ်တိုဖာမီနိုထံမှလီဗာပူးအင်္ကျီတောင်းဆိုမှုပြုလုပ်ကာမန်ယူပရိသတ်များအားအံ့ဩသင့်အောင်ပြုလုပ်ခဲ့ပါတယ်။

မန်ယူဟာလီဗာပူးကိုဂိုးပြတ်ရှုံးနိမ့်မှုကြောင့်ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှချဲလ်ဆီးနှင့်ရမှတ်၈မှတ်ကွာဟကာချန်ပီယံဆုအတွက်မျှော်လင့်ချက်မှာအလွန်နည်းပါးသွားခဲ့ပါတယ်။

မန်ယူဟာလာမယ့်ပရီးမီးယားလိဂ်ပွဲငါးပွဲတွင်စပါးစ်၊မန်စီးတီး၊ချဲလ်ဆီးနှင့်အာဆင်နယ်တို့ကရင်ဆိုင်ရမည်ဖြစ်ရာအခြေအနေမှာပိုမိုဆိုးရွားလာနိုင်ပါတယ်။

ဒါပေမယ့်မန်ယူပရိသတ်တစ်ဦးဟာပွဲအပြီးတွင်ဥမင်လှိုဏ်ခေါင်းသို့ဝင်လာတဲ့လီဗာပူးတိုက်စစ်မှူးဖာမီနိုထံသို့သွားရောက်ကာလီဗာပူးအသင်းအင်္ကျီတောင်းခဲ့ပါတယ်။ဘရာဇီးတိုက်စစ်မှူးကလည်းသူ့အင်္ကျီကိုချွတ်ကာပေးခဲ့ပါတယ်။မန်ယူပရိသတ်ဟာသူ့ရဲ့လီဗာပူးအင်္ကျီတောင်းဆိုမှုကိုဘယ်သူမှမမြင်တွေ့စေဖို့မျှော်လင့်ခဲ့ပေမယ့်ယင်းဖြစ်ရပ်ကို Sky Sport ကမိမိရရရိုက်ကူးလိုက်နိုင်ခဲ့ပါတယ်။

ယင်းသို့ Sky Sport ကရိုက်ကူးပြသခဲ့မှုနဲ့အတူယင်းပရိသတ်များဟာလည်းဆိုရှယ်မီဒီယာမှာမန်ယူပရိသတ်များရဲ့ဝေဖန်ပြောဆိုမှုခံနေရပါတယ်။

ZawGyi

လီဗာပူးကို ၅ ဂိုးျပတ္ရႈံးၿပီးေနာက္ ဖာမီႏိုထံ အက်ႌေတာင္းၿပီး အားလုံးကို အံ့ဩသင့္ေစခဲ့တဲ့ မန္ယူပရိသတ္

မန္ယူပရိသတ္တစ္ဦးဟာတနဂၤေႏြေန႔တုန္းကအိုးထရက္ဖို႔ဒ္မွာလီဗာပူးကို၅-၀ဂိုးျဖင့္ျပတ္ျပတ္သားသားရႈံးနိမ့္ၿပီးေနာက္လီဗာပူးတိုက္စစ္မႉးေရာဘတ္တိုဖာမီႏိုထံမွလီဗာပူးအက်ႌေတာင္းဆိုမႈျပဳလုပ္ကာမန္ယူပရိသတ္မ်ားအားအံ့ဩသင့္ေအာင္ျပဳလုပ္ခဲ့ပါတယ္။

မန္ယူဟာလီဗာပူးကိုဂိုးျပတ္ရႈံးနိမ့္မႈေၾကာင့္ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွခ်ဲလ္ဆီးႏွင့္ရမွတ္၈မွတ္ကြာဟကာခ်န္ပီယံဆုအတြက္ေမွ်ာ္လင့္ခ်က္မွာအလြန္နည္းပါးသြားခဲ့ပါတယ္။

မန္ယူဟာလာမယ့္ပရီးမီးယားလိဂ္ပြဲငါးပြဲတြင္စပါးစ္၊မန္စီးတီး၊ခ်ဲလ္ဆီးႏွင့္အာဆင္နယ္တို႔ကရင္ဆိုင္ရမည္ျဖစ္ရာအေျခအေနမွာပိုမိုဆိုး႐ြားလာႏိုင္ပါတယ္။

ဒါေပမယ့္မန္ယူပရိသတ္တစ္ဦးဟာပြဲအၿပီးတြင္ဥမင္လႈိဏ္ေခါင္းသို႔ဝင္လာတဲ့လီဗာပူးတိုက္စစ္မႉးဖာမီႏိုထံသို႔သြားေရာက္ကာလီဗာပူးအသင္းအက်ႌေတာင္းခဲ့ပါတယ္။ဘရာဇီးတိုက္စစ္မႉးကလည္းသူ႔အက်ႌကိုခြၽတ္ကာေပးခဲ့ပါတယ္။မန္ယူပရိသတ္ဟာသူ႔ရဲ႕လီဗာပူးအက်ႌေတာင္းဆိုမႈကိုဘယ္သူမွမျမင္ေတြ႕ေစဖို႔ေမွ်ာ္လင့္ခဲ့ေပမယ့္ယင္းျဖစ္ရပ္ကို Sky Sport ကမိမိရရ႐ိုက္ကူးလိုက္ႏိုင္ခဲ့ပါတယ္။

ယင္းသို႔ Sky Sport က႐ိုက္ကူးျပသခဲ့မႈနဲ႔အတူယင္းပရိသတ္မ်ားဟာလည္းဆိုရွယ္မီဒီယာမွာမန္ယူပရိသတ္မ်ားရဲ႕ေဝဖန္ေျပာဆိုမႈခံေနရပါတယ္။