လီဗာပူးကို ၅-၄ ဂိုးဖြင့် ရှုံးနိမ့်တဲ့ မန်ယူယူ-၁၂ ပွဲတွင် မန်ယူရဲ့လေးဂိုးလုံးကိုသွင်းခဲ့တဲ့ ရွန်းနီရဲ့သားကိုင်ရွန်းနီ

ကိုင်ရွန်းနီဟာမန်ချက်စတာယူနိုက်တက်အကယ်ဒမီမှာသူ့အမည်ကိုလူတိုင်းသိအောင် လုပ်ဆောင်နေပြီဖြစ်ပါတယ်။သူဟာလီဗာပူးအကယ်ဒမီနှင့်ပွဲစဉ်မှာမန်ယူရဲ့ရဂိုးလေးဂိုးလုံးကိုတစ်ဦးတည်းသွင်းယူပြီးအားလုံးရဲ့စိတ်ဝင်စားမှုရယူလိုက်ပြီဖြစ်ပါတယ်။

မန်ယူဂန္ထဝင်တိုက်စစ်မှူးဝိန်းရွန်းနီရဲ့သားဖြစ်သူအသက်၁၁နှစ်အရွယ်ရှိကိုင်ရွန်းနီဟာသူတို့ရဲ့မဟာပြိုင်ဘက်လီဗာပူးအား၅-၄ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲမှာမန်ယူရဲ့သွင်းဂိုးလေးဂိုးလုံးကိုသွင်းယူခဲ့တာဖြစ်ပါတယ်။

မန်ယူယူ-၁၂မှာကစားနေတဲ့ကိုင်ရွန်းနီဟာသူ့ရဲ့စွမ်းဆောင်ရည်ကိုမိဘများထိန်းချုပ်ကိုင်တွယ်နေတဲ့သူ့ရဲ့အင်စတာဂရမ်အကောင့်မှာတင်သွားတာလည်းဖြစ်ပါတယ်။

လူငယ်ပါရမီရှင်ကစားသမားလေးဟာပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းကမန်ယူအသင်းနှင့်အကယ်ဒမီစာချုပ်ချုပ်ဆိုခဲ့သူလည်းဖြစ်ပါတယ်။

ရွန်းနီဂျူနီယာဟာဖခင်ဖြစ်သူကဲ့သို့ပင်အဲဗာတန်အသင်းအမာခံပရိသတ်တစ်ဦးဖြစ်ပြီး အကယ်ဒမီစာချုပ်အတွက်ကမ်းလှမ်းမှုများစွာရရှိခဲ့ပေမယ့်ဖခင်ဖြစ်သူအောင်မြင်မှုများစွာရယူနိုင်ခဲ့တဲ့မန်ချက်စတာအကယ်ဒမီသို့ပြောင်းရန်ဆုံးဖြတ်ခဲ့သူဖြစ်ပါတယ်။

ဖခင်ဖြစ်သူရွန်းနီဟာမန်ယူအတွက်၂၅၃ဂိုးသွင်းယူကာမန်ယူသမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေသူဖြစ်ပါတယ်။

ကိုင်ရွန်းနီဟာမေလတုန်းကစတုတ်စီးတီးကို၆-၃ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာလည်းကိုယ်တိုင်သုံးဂိုးသွင်းနိုင်ခဲ့တဲ့အပြင်သုံးဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့သားဟာလည်းမန်ချက်စတာယူနိုက်တက်အကယ်ဒမီမှာကစားနေပြီးကိုင်ရွန်းနီနှင့်အတူတစ်သင်းတည်းကစားနေသလားမသိရသေးပါဘူး။

ZawGyi

လီဗာပူးကို ၅-၄ ဂိုးျဖင့္ ရႈံးနိမ့္တဲ့ မန္ယူယူ-၁၂ ပြဲတြင္ မန္ယူရဲ႕ေလးဂိုးလုံးကိုသြင္းခဲ့တဲ့ ႐ြန္းနီရဲ႕သားကိုင္႐ြန္းနီ

ကိုင္႐ြန္းနီဟာမန္ခ်က္စတာယူႏိုက္တက္အကယ္ဒမီမွာသူ႔အမည္ကိုလူတိုင္းသိေအာင္ လုပ္ေဆာင္ေနၿပီျဖစ္ပါတယ္။သူဟာလီဗာပူးအကယ္ဒမီႏွင့္ပြဲစဥ္မွာမန္ယူရဲ႕ရဂိုးေလးဂိုးလုံးကိုတစ္ဦးတည္းသြင္းယူၿပီးအားလုံးရဲ႕စိတ္ဝင္စားမႈရယူလိုက္ၿပီျဖစ္ပါတယ္။

မန္ယူဂႏၴဝင္တိုက္စစ္မႉးဝိန္း႐ြန္းနီရဲ႕သားျဖစ္သူအသက္၁၁ႏွစ္အ႐ြယ္ရွိကိုင္႐ြန္းနီဟာသူတို႔ရဲ႕မဟာၿပိဳင္ဘက္လီဗာပူးအား၅-၄ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲမွာမန္ယူရဲ႕သြင္းဂိုးေလးဂိုးလုံးကိုသြင္းယူခဲ့တာျဖစ္ပါတယ္။

မန္ယူယူ-၁၂မွာကစားေနတဲ့ကိုင္႐ြန္းနီဟာသူ႔ရဲ႕စြမ္းေဆာင္ရည္ကိုမိဘမ်ားထိန္းခ်ဳပ္ကိုင္တြယ္ေနတဲ့သူ႔ရဲ႕အင္စတာဂရမ္အေကာင့္မွာတင္သြားတာလည္းျဖစ္ပါတယ္။

လူငယ္ပါရမီရွင္ကစားသမားေလးဟာၿပီးခဲ့တဲ့ဒီဇင္ဘာလတုန္းကမန္ယူအသင္းႏွင့္အကယ္ဒမီစာခ်ဳပ္ခ်ဳပ္ဆိုခဲ့သူလည္းျဖစ္ပါတယ္။

႐ြန္းနီဂ်ဴနီယာဟာဖခင္ျဖစ္သူကဲ့သို႔ပင္အဲဗာတန္အသင္းအမာခံပရိသတ္တစ္ဦးျဖစ္ၿပီး အကယ္ဒမီစာခ်ဳပ္အတြက္ကမ္းလွမ္းမႈမ်ားစြာရရွိခဲ့ေပမယ့္ဖခင္ျဖစ္သူေအာင္ျမင္မႈမ်ားစြာရယူႏိုင္ခဲ့တဲ့မန္ခ်က္စတာအကယ္ဒမီသို႔ေျပာင္းရန္ဆုံးျဖတ္ခဲ့သူျဖစ္ပါတယ္။

ဖခင္ျဖစ္သူ႐ြန္းနီဟာမန္ယူအတြက္၂၅၃ဂိုးသြင္းယူကာမန္ယူသမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနသူျဖစ္ပါတယ္။

ကိုင္႐ြန္းနီဟာေမလတုန္းကစတုတ္စီးတီးကို၆-၃ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာလည္းကိုယ္တိုင္သုံးဂိုးသြင္းႏိုင္ခဲ့တဲ့အျပင္သုံးဂိုးဖန္တီးမႈျပဳလုပ္ႏိုင္ခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕သားဟာလည္းမန္ခ်က္စတာယူႏိုက္တက္အကယ္ဒမီမွာကစားေနၿပီးကိုင္႐ြန္းနီႏွင့္အတူတစ္သင္းတည္းကစားေနသလားမသိရေသးပါဘူး။