လီဗာပူးကို ၆-၃ ဂိုးဖြင့် အနိုင်ရတဲ့ ပွဲမှာ မန်ယူအတွက်ပထမဆုံးပွဲကစားပြီး ၂ ဂိုးသွင်းကာ ခြေစွမ်းပြခဲ့တဲ့ ဒီရယ်လို

မန်ယူကစားသမားသစ်အေမက်ဒီရယ်လိုဟာမန်ယူအတွက်ပထမဆုံးကစားတဲ့ပွဲမှာအကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပြီးနှစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဒီရယ်လိုဟာမနေ့ညတုန်းကလီဗာပူးအား၆-၃ဂိုးဖြင့်အနိုင်ရရှိတဲ့ပရီးမီးယားလိဂ်ယူ-၂၃ပွဲစဉ်မှာပါနန်ကာပင်နယ်တီ တစ်လုံးသွင်းခဲ့တဲ့အပြင်ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

ဒါရယ်လိုဟာပွဲအစ၁၃မိနစ်မှာဘဲလီဗာပူးနောက်ခံလူထံမှဘောလုံးကိုလုယူပြီးမန်ယူအတွက်ပထမဆုံးဂိုးကိုသွင်းယူခဲ့ပါတယ်။ဒါ့အပြင်သူဟာမန်ယူမှာယုံကြည်မှုအလွန်မြင့်မားနေကြောင်းကိုပင်နယ်တီအားပါနန်ကာကန်ချက် ဖြင့်ကန်သွင်းပြီးပြသခဲ့ပါသေးတယ်။

သူဟာမန်ယူယူ-၂၃ပွဲစဉ်မှာလီဗာပူးခံစစ်ကိုအကြိမ်ကြိမ်ဖြိုခွဲပြီးခြေစွမ်းပြကစားခဲ့တာကြောင့်နည်းပြဆိုးလ်ရှားရဲ့ မကြာမီအတွင်းပထမအသင်းသို့ဆင့်ခေါ်မှုခံလာရဖို့ရှိနေပါတယ်။

သူဟာမန်ယူပထမအသင်းနှင့်အတူလေ့ကျင့်ခန်းဆင်းနေပြီဖြစ်ပြီးကစားဖော်များရဲ့ချီးကျူးမှုရရှိထားပါတယ်။မန်ယူ တိုက်စစ်မှူးရပ်ရှ်ဖို့ဒ်က “သူကအံ့ဩစရာကောင်းနည်းစနစ်တွေပိုင်ဆိုင်တဲ့ကစားသမားတစ်ဦးပါ။သူ့ဆီက အများကြီးမြင်တွေ့ရဖို့သေချာနေပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

လီဗာပူးကို ၆-၃ ဂိုးျဖင့္ အႏိုင္ရတဲ့ ပြဲမွာ မန္ယူအတြက္ပထမဆုံးပြဲကစားၿပီး ၂ ဂိုးသြင္းကာ ေျခစြမ္းျပခဲ့တဲ့ ဒီရယ္လို

မန္ယူကစားသမားသစ္ေအမက္ဒီရယ္လိုဟာမန္ယူအတြက္ပထမဆုံးကစားတဲ့ပြဲမွာအေကာင္းဆုံးေျခစြမ္းျပကစားႏိုင္ခဲ့ၿပီးႏွစ္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ဒီရယ္လိုဟာမေန႔ညတုန္းကလီဗာပူးအား၆-၃ဂိုးျဖင့္အႏိုင္ရရွိတဲ့ပရီးမီးယားလိဂ္ယူ-၂၃ပြဲစဥ္မွာပါနန္ကာပင္နယ္တီ တစ္လုံးသြင္းခဲ့တဲ့အျပင္ေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။

ဒါရယ္လိုဟာပြဲအစ၁၃မိနစ္မွာဘဲလီဗာပူးေနာက္ခံလူထံမွေဘာလုံးကိုလုယူၿပီးမန္ယူအတြက္ပထမဆုံးဂိုးကိုသြင္းယူခဲ့ပါတယ္။ဒါ့အျပင္သူဟာမန္ယူမွာယုံၾကည္မႈအလြန္ျမင့္မားေနေၾကာင္းကိုပင္နယ္တီအားပါနန္ကာကန္ခ်က္ ျဖင့္ကန္သြင္းၿပီးျပသခဲ့ပါေသးတယ္။

သူဟာမန္ယူယူ-၂၃ပြဲစဥ္မွာလီဗာပူးခံစစ္ကိုအႀကိမ္ႀကိမ္ၿဖိဳခြဲၿပီးေျခစြမ္းျပကစားခဲ့တာေၾကာင့္နည္းျပဆိုးလ္ရွားရဲ႕ မၾကာမီအတြင္းပထမအသင္းသို႔ဆင့္ေခၚမႈခံလာရဖို႔ရွိေနပါတယ္။

သူဟာမန္ယူပထမအသင္းႏွင့္အတူေလ့က်င့္ခန္းဆင္းေနၿပီျဖစ္ၿပီးကစားေဖာ္မ်ားရဲ႕ခ်ီးက်ဴးမႈရရွိထားပါတယ္။မန္ယူ တိုက္စစ္မႉးရပ္ရွ္ဖို႔ဒ္က “သူကအံ့ဩစရာေကာင္းနည္းစနစ္ေတြပိုင္ဆိုင္တဲ့ကစားသမားတစ္ဦးပါ။သူ႔ဆီက အမ်ားႀကီးျမင္ေတြ႕ရဖို႔ေသခ်ာေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။