
ရာဖေးလ်ဗာရန်းဟာလီဗာပူးကို၇-၀ဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်ပြီးနောက်အဝေးကွင်းသို့လာရောက်ကြည့်ရှုအားပေးတဲ့ယူနိုက်တက်ပရိသတ်များနှင့်ပတ်သက်ပြီးယူနိုက်တက်စတားများကိုအော်ဟစ်ပြောဆိုမှုပြုလုပ်ခဲ့တာတွေ့ရပါတယ်။
ယူနိုက်တက်ဟာအန်ဖီးလ်ကွင်းတွင်လီဗာပူးကို၇-၀ဂိုးဖြင့်ရှုံးနိမ့်ကာ၁၉၃၁ခုနှစ်၊ဘောက်ဆင်ဒေးရှုံးပွဲနောက်ပိုင်းကလပ်သမိုင်းတွင်အကြီးမားဆုံးရှုံးပွဲနှင့်ကြုံတွေ့ခဲ့ရပါတယ်။
လီဗာပူးရဲ့ကိုဒီဂတ်ပို၊ဒါဝင်းနူနက်ဇ်၊မိုဟာမက်ဆာလက်တို့နှစ်ဂိုးစီသွင်းခဲ့ကြပြီးဖာမီနိုလည်း အရန်ခုံမှထလာကာဂိုးသွင်းခဲ့ပါတယ်။
လီဗာပူးအရှုံးမှာယူနိုက်တက်သမိုင်းတွင်အမှောင်မိုက်ဆုံးနေ့ရက်အဖြစ်ရှိနေတော့မှာဖြစ်ပါတယ်။ဒါ့အပြင်လီဗာပူးရှုံးပွဲမှာပရီးမီးယားလိဂ်ဖလားအတွက်စိန်ခေါ်ရန်ကြိုးစားနေတဲ့ ယူနိုက်တက်မှာအလှမ်းကွာဝေးသေးကြောင်းပြသနေပါတယ်။
မနေ့ညကလီဗာပူးကိုအရှက်တကွဲရှုံးနိမ့်ပြီးနောက်ယူနိုက်တက်စတားအချို့တို့ရဲ့အပြုအမူမှာစိတ်ပျက်စရာပါ။ဒါပေမဲ့ဗာရန်းကတော့ပွဲအပြီးတွင်အပြုသဘောဆောင်တဲ့အပြုအမှုပြုလုပ်ခဲ့ပါတယ်။
ပွဲအပြီးတွင်ယူနိုက်တက်စတားတို့စိတ်ပျက်လက်ပျက်ဖြင့်ဥမင်လှိုဏ်ခေါင်းသို့ဝင်ကြပါတယ်။ယင်းအချိန်တွင်ဗာရန်းကအန်ဖီးလ်သို့ငွေကုန်ကြေးကျခံကာလာကြည့်ပေမဲ့အရှက်ကွဲမှုနှင့်ကြုံခဲ့ရတဲ့ယူနိုက်တက်ပရိသတ်များကိုလက်ခုပ်တီးနှုတ်ဆက်ရန် ကစားဖော်များကိုအော်ဟစ်ပြောကြားခဲ့တာတွေ့ရပါတယ်။
ဗာရန်းဟာယင်းသို့ပြုမှုခဲ့မှုနှင့်အတူပရော်ဖက်ရှင်နယ်ပီသတဲ့ကစားသမားအဖြစ်ချီးကျူးသွားပါတယ်။
ZawGyi
လီဗာပူးကို ၇- ဂိုးျဖင့္ ရႈံးနိမ့္ၿပီးေနာက္ အေဝးကြင္းပရိသတ္မ်ားကို လက္ခုပ္တီးႏႈတ္ဆက္ရန္ ယူႏိုက္တက္စတားမ်ားကို ေအာ္ေျပာခဲ့တဲ့ ဗာရန္း
ရာေဖးလ္ဗာရန္းဟာလီဗာပူးကို၇-၀ဂိုးျဖင့္အရွက္တကြဲရႈံးနိမ့္ၿပီးေနာက္အေဝးကြင္းသို႔လာေရာက္ၾကည့္ရႈအားေပးတဲ့ယူႏိုက္တက္ပရိသတ္မ်ားႏွင့္ပတ္သက္ၿပီးယူႏိုက္တက္စတားမ်ားကိုေအာ္ဟစ္ေျပာဆိုမႈျပဳလုပ္ခဲ့တာေတြ႕ရပါတယ္။
ယူႏိုက္တက္ဟာအန္ဖီးလ္ကြင္းတြင္လီဗာပူးကို၇-၀ဂိုးျဖင့္ရႈံးနိမ့္ကာ၁၉၃၁ခုႏွစ္၊ေဘာက္ဆင္ေဒးရႈံးပြဲေနာက္ပိုင္းကလပ္သမိုင္းတြင္အႀကီးမားဆုံးရႈံးပြဲႏွင့္ႀကဳံေတြ႕ခဲ့ရပါတယ္။
လီဗာပူးရဲ႕ကိုဒီဂတ္ပို၊ဒါဝင္းႏူနက္ဇ္၊မိုဟာမက္ဆာလက္တို႔ႏွစ္ဂိုးစီသြင္းခဲ့ၾကၿပီးဖာမီႏိုလည္း အရန္ခုံမွထလာကာဂိုးသြင္းခဲ့ပါတယ္။
လီဗာပူးအရႈံးမွာယူႏိုက္တက္သမိုင္းတြင္အေမွာင္မိုက္ဆုံးေန႔ရက္အျဖစ္ရွိေနေတာ့မွာျဖစ္ပါတယ္။ဒါ့အျပင္လီဗာပူးရႈံးပြဲမွာပရီးမီးယားလိဂ္ဖလားအတြက္စိန္ေခၚရန္ႀကိဳးစားေနတဲ့ ယူႏိုက္တက္မွာအလွမ္းကြာေဝးေသးေၾကာင္းျပသေနပါတယ္။
မေန႔ညကလီဗာပူးကိုအရွက္တကြဲရႈံးနိမ့္ၿပီးေနာက္ယူႏိုက္တက္စတားအခ်ိဳ႕တို႔ရဲ႕အျပဳအမူမွာစိတ္ပ်က္စရာပါ။ဒါေပမဲ့ဗာရန္းကေတာ့ပြဲအၿပီးတြင္အျပဳသေဘာေဆာင္တဲ့အျပဳအမႈျပဳလုပ္ခဲ့ပါတယ္။
ပြဲအၿပီးတြင္ယူႏိုက္တက္စတားတို႔စိတ္ပ်က္လက္ပ်က္ျဖင့္ဥမင္လႈိဏ္ေခါင္းသို႔ဝင္ၾကပါတယ္။ယင္းအခ်ိန္တြင္ဗာရန္းကအန္ဖီးလ္သို႔ေငြကုန္ေၾကးက်ခံကာလာၾကည့္ေပမဲ့အရွက္ကြဲမႈႏွင့္ႀကဳံခဲ့ရတဲ့ယူႏိုက္တက္ပရိသတ္မ်ားကိုလက္ခုပ္တီးႏႈတ္ဆက္ရန္ ကစားေဖာ္မ်ားကိုေအာ္ဟစ္ေျပာၾကားခဲ့တာေတြ႕ရပါတယ္။
ဗာရန္းဟာယင္းသို႔ျပဳမႈခဲ့မႈႏွင့္အတူပေရာ္ဖက္ရွင္နယ္ပီသတဲ့ကစားသမားအျဖစ္ခ်ီးက်ဴးသြားပါတယ္။