လီဗာပူးကို ၇-၀ ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်တဲ့ပွဲမှ ဘရူနိုဖာနန်ဒက်စ်ရဲ့ အသင်းခေါင်းဆောင်မပီသတဲ့အပြုအမူများအပေါ် ဂယ်ရီနဗီးလ်ဒေါသတကြီးဝေဖန်

ဂယ်ရီနဗီးလ်ဟာမနေ့ညတုန်းကအန်ဖီးလ်ကွင်းတွင်လီဗာပူးကို၇-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်အတွင်းယူနိုက်တက်အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်ကိုလူစားလဲလှယ်ရန်တောင်းဆိုမှုပြုလုပ်ခဲ့ပါတယ်။

ယူနိုက်တက်ဂန္ထဝင်ဟာလီဗာပူးကို၆-၀ဂိုးဖြင့်ရှုံးနိမ့်နေချိန်တွင်ပရော်ဖက်ရှင်နယ်မပီသတဲ့အပြင်ယူနိုက်တက်အသင်းခေါင်းဆောင်လက်ပတ်နှင့်မထိုက်တန်တဲ့ဘရူနိုဖာနန်ဒက်စ်ကိုလူစားလဲလှယ်ရန်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန်၈၅မိနစ်တွင်မားကပ်စ်ရက်ဖို့ဒ်အစားအန်တိုနီအီလန်ဂါအားလူစားလဲလှယ်ချိန်တွင်ဂယ်ရီနဗီးလ်က “ဘရူနိုဖာနန်ဒက်စ်ကကွင်းလယ်စက်ဝိုင်းမှာလက်ကြီးမြှောက်ပြီး ငါ့ကျဘာလို့လူစားမလဲတာလဲ လို့ပြောနေတယ်။ဒုတိယပိုင်းမှာလုံးဝလက်ခံနိုင်စရာမရှိတဲ့သူ့ရဲ့ပြုအမူတချို့ကိုအရိုးသားဆုံးပြောစရာရှိနေတယ်။သူ့ရဲ့လက်ကြီးမြှောက်ပြီးလုပ်နေတာကိုကြည့်နေရတာစိတ်ကုန်လာပြီ။ဒါကအသင်းခေါင်းဆောင်တစ်ယောက်လုပ်ရမဲ့အရာမဟုတ်ဘူး”လို့Sky Sportsပြောကြားသွားပါတယ်။

ဒါ့အပြင်ယူနိုက်တက်ဂန္ထဝင်ရွိုင်ကိန်းနှင့်ဘလက်ဘန်းနည်းပြဟောင်းဂရေမီဆောက်နက်စ်တို့ကလည်းယူနိုက်တက်စတားများဟာလီဗာပူးဘက်သို့ဦးဆောင်ဂိုးတစ်ဦးပေးလိုက်ရပြီးနောက် အရှုံးပေးလက်လျှော့လိုက်မှုနှင့်အတူ၇-၀အထိ အရှက်တကွဲရှုံးနိမ့်ခဲ့တာဖြစ်ကြောင်းဆိုသွားပါတယ်။

ZawGyi

လီဗာပူးကို ၇-၀ ဂိုးျဖင့္ အရွက္တကြဲ ရႈံးနိမ့္တဲ့ပြဲမွ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ အသင္းေခါင္းေဆာင္မပီသတဲ့အျပဳအမူမ်ားအေပၚ ဂယ္ရီနဗီးလ္ေဒါသတႀကီးေဝဖန္

ဂယ္ရီနဗီးလ္ဟာမေန႔ညတုန္းကအန္ဖီးလ္ကြင္းတြင္လီဗာပူးကို၇-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲစဥ္အတြင္းယူႏိုက္တက္အသင္းေခါင္းေဆာင္ဘ႐ူႏိုဖာနန္ဒက္စ္ကိုလူစားလဲလွယ္ရန္ေတာင္းဆိုမႈျပဳလုပ္ခဲ့ပါတယ္။

ယူႏိုက္တက္ဂႏၴဝင္ဟာလီဗာပူးကို၆-၀ဂိုးျဖင့္ရႈံးနိမ့္ေနခ်ိန္တြင္ပေရာ္ဖက္ရွင္နယ္မပီသတဲ့အျပင္ယူႏိုက္တက္အသင္းေခါင္းေဆာင္လက္ပတ္ႏွင့္မထိုက္တန္တဲ့ဘ႐ူႏိုဖာနန္ဒက္စ္ကိုလူစားလဲလွယ္ရန္ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္၈၅မိနစ္တြင္မားကပ္စ္ရက္ဖို႔ဒ္အစားအန္တိုနီအီလန္ဂါအားလူစားလဲလွယ္ခ်ိန္တြင္ဂယ္ရီနဗီးလ္က “ဘ႐ူႏိုဖာနန္ဒက္စ္ကကြင္းလယ္စက္ဝိုင္းမွာလက္ႀကီးေျမႇာက္ၿပီး ငါ့က်ဘာလို႔လူစားမလဲတာလဲ လို႔ေျပာေနတယ္။ဒုတိယပိုင္းမွာလုံးဝလက္ခံႏိုင္စရာမရွိတဲ့သူ႔ရဲ႕ျပဳအမူတခ်ိဳ႕ကိုအ႐ိုးသားဆုံးေျပာစရာရွိေနတယ္။သူ႔ရဲ႕လက္ႀကီးေျမႇာက္ၿပီးလုပ္ေနတာကိုၾကည့္ေနရတာစိတ္ကုန္လာၿပီ။ဒါကအသင္းေခါင္းေဆာင္တစ္ေယာက္လုပ္ရမဲ့အရာမဟုတ္ဘူး”လို႔Sky Sportsေျပာၾကားသြားပါတယ္။

ဒါ့အျပင္ယူႏိုက္တက္ဂႏၴဝင္႐ြိဳင္ကိန္းႏွင့္ဘလက္ဘန္းနည္းျပေဟာင္းဂေရမီေဆာက္နက္စ္တို႔ကလည္းယူႏိုက္တက္စတားမ်ားဟာလီဗာပူးဘက္သို႔ဦးေဆာင္ဂိုးတစ္ဦးေပးလိုက္ရၿပီးေနာက္ အရႈံးေပးလက္ေလွ်ာ့လိုက္မႈႏွင့္အတူ၇-၀အထိ အရွက္တကြဲရႈံးနိမ့္ခဲ့တာျဖစ္ေၾကာင္းဆိုသြားပါတယ္။