မန်ချက်စတာယူနိုက်တက်ပရိသတ်များဟာလီဗာပူးကို၇-၀ဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်ပြီးနောက်အဲရစ်တန်ဟက်အားကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခုချမှတ်လာရန်တောင်းဆိုမှုပြုလုပ်လာကြပါတယ်။
ယူနိုက်တက်ဟာအန်ဖီးလ်ကွင်းပွဲစဉ်တွင်ဒုတိယပိုင်းတွင်၆ဂိုးအထိပေးခဲ့ရပြီး၇-၀ဂိုးဖြင့်ရှုံးနိမ့်ကာ၁၉၃၁ခုနှစ်နောက်ပိုင်းအဆိုးရွားဆုံးအရှုံးနှင့်ကြုံတွေ့ခဲ့ရပါတယ်။
ဒုတိယပိုင်းမှဆိုးရွားလွန်းလှတဲ့ခြေစွမ်းနဲ့အတူယူနိုက်တက်ကစားသမားများဟာလည်းဝေဖန်မှုစက်ကွင်းအောက်သို့ရောက်လာကြပါတယ်။
အထူးသဖြင့်အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့တဲ့ဘရူနိုဖာနန်ဒက်စ်မှာထုံးစံအတိုင်းယူနိုက်တက်ပရိသတ်များရဲ့ပစ်မှတ်ထားခြင်းခံရကာအဆိုးရွားဆုံး Culrit အဖြစ်သတ်မှတ်ခံလာရပါတယ်။
ပေါ်တူဂီလက်ရွေးစင်ရဲ့ခြေစွမ်းမှာပုံမှန်အောက်သို့ကျဆင်းနေခဲ့ပါတယ်။ဒါ့အပြင်သူဟာအသင်းခေါင်းဆောင်ဖြစ်ပေမဲ့လည်း အပြုအမူနှင့်ခန္ဓာကိုယ်အပြုအမူတို့ကအသင်းခေါင်းဆောင်နှင့်မတူအောင်ပြုမှုခဲ့ပါတယ်။
သူဟာအီဘရာဟမ်ကိုနာတေးကရင်ဘတ်ကိုတွန်းခဲ့မှုအားမျက်နှာကိုရိုက်တယ်ဆိုပြီးဟန်ဆောင်ဒိုင်ဗင်ထိုးကာအရှက်မဲ့ပင်နယ်တီတောင်းခဲ့ပါသေးတယ်။
ဒါ့အပြင်သူဟာတချိန်လုံးလက်မြှောက်ကာစိတ်ပျက်လက်ပျက်ပုံပြနေခဲ့ပါတယ်။
ဒါကြောင့်လည်းယူနိုက်တက်ဂန္ထဝင်ဂယ်ရီနဗီးလ်ကဘရူနိုဖာနန်ဒက်စ်မှာယူနိုက်တက်အသင်းခေါင်းဆောင်ရာထူးနှင့်မထိုက်တန်ကြောင်းနှင့်စိတ်ပျက်စရာကောင်းတဲ့သူဖြစ်ကြောင်း Sky Sports မှဝေဖန်သွားပါတယ်။
ဒါ့အပြင်ယခုအခါယူနိုက်တက်ပရိသတ်များကအသင်းခေါင်းဆောင်ဟယ်ရီမက်ဂွိုင်းယား ပွဲထွက်လူစာရင်းတွင်မပါဝင်ပါကလည်းဘရူနိုဖာနန်ဒက်စ်မှာအသင်းခေါင်းဆောင်လက်ပတ်ကိုဝတ်ဆင်ရန်မထိုက်တန်ကြောင်းတောင်းဆိုလာကြပါတယ်။
ပရိသတ်တစ်ဦးက “ဘရူနိုဖာနန်ဒက်စ်က ကစားသမားကောင်းတစ်ဦးပါ။ဒါပေမဲ့အပြုအမူနဲ့ဟန်အမှုအယာတွေကစိတ်ပျက်စရာပဲ။အသင်းခေါင်းဆောင်လက်ပတ်နဲ့မထိုက်တန်ဘူး။အဲရစ်ဟန်ဟက်အနေနဲ့သူ့ကိုအသင်းခေါင်းဆောင်အဖြစ်ကနေဖယ်ရှားလိုက်သင့်တယ်”လို့ပြောကြားသွားပါတယ်။
အခြားတစ်ဦးကလည်း “အသင်းခေါင်းဆောင်တစ်ဦးမှာရှိရမဲ့အရည်အချင်းအားလုံးနဲ့လုံးဝဆန့်ကျင်ဖက်ဘဲ”လို့ဆိုသွားပါတယ်။အခြားတစ်ဦးကလည်း “ဘရူနိုဖာနန်ဒက်စ်ကပါရမီရှင်ကစားသမားပါ။ဒါပေမဲ့ဆိုးရွားလွန်းလှတဲ့အသင်းခေါင်းဆောင်၊ဆိုးရွားတဲ့ခေါင်းဆောင်ပါ။ဘယ်တော့မှယူနိုက်တက်အသင်းခေါင်းဆောင်လက်ပတ်ကိုထပ်မဝတ်သင့်တော့ဘူး”လို့ပြောကြားသွားပါတယ်။
တကယ်လို့များဘရူနိုဖာနန်ဒက်စ်ကိုသာအသင်းခေါင်းဆောင်အဖြစ်ကနေဖယ်ရှားလာမယ်ဆိုရင်ဘယ်သူ့ကိုခန့်သင့်သလဲ?။ကက်စ်မီရိုလား။ရာဖေးလ်ဗာရန်းလား။ဒေးဗစ်ဒီဂီယာလား။
ZawGyi
လီဗာပူးကို ၇-၀ ဖြင့် အရှက်တကွဲရှုံးနိမ့်ပြီးနောက် အဲရစ်တန်ဟက်ကို ကြီးမားတဲ့ တောင်းဆိုမှုတစ်ခုပြုလုပ်လာတဲ့ ယူနိုက်တက်ပရိသတ်များ