လီဗာပူးစတားမိုဟာမက်ဆာလက်ရဲ့ ကိုင်ရိုရှိ ဇိမ်ခံအိမ်ကြီး ဖောက်ထွင်းခြင်းခံရ

လီဗာပူးစတားမိုဟာမက်ဆာလက်ရဲ့ကိုင်ရိုရှိဇိမ်ခံနေအိမ်ကြီးဖောက်ထွင်းခြင်းခံခဲ့ရကြောင်းသိရပါတယ်။

အီဂျစ်နေ့စဉ်သတင်းစာAl-Ahram ကလီဗာပူးတွင်တစ်ပတ်လုပ်ခပေါင်၃၅၀၀၀၀အထိရရှိနေတဲ့မိုဟာမက်ဆာလက်ရဲ့ကိုင်ရိုရှိနေအိမ်ဖောက်ထွင်းခံရတာဖြစ်ကြောင်းဖော်ပြလာတာဖြစ်ပါတယ်။

ဆာလက်ရဲ့နေအိမ်ဖောက်ထွင်းခံရကြောင်းကိုဆာလက်ရဲ့တူဖြစ်သူ နေအိမ်ကိုဖြတ်သန်းသွားလာစဉ် တံခါးပွင့်နေကြောင်းတွေ့ရှိရပြီးနောက်သိရှိသွားခဲ့တာလည်းဖြစ်ပါတယ်။

တူဖြစ်သူဟာရဲတပ်ဖွဲ့ကိုအကြောင်းကြားပြီးနောက်နေအိမ်ကိုဝင်ရောက်ခဲ့ပြီးပစ္စည်းများနေအိမ်ကြမ်းခင်းတွင်ပျံ့ကြဲနေကြောင်းတွေ့ရှိရပါတယ်။

လက်ရှိအချိန်တွင်ဖောက်ထွင်းသမားများဟာဆာလက်ရဲ့နေအိမ်မှဘာပစ္စည်းများရယူသွားခဲ့သလဲဆိုတာအတိအကျမသိရသေးပါဘူး။ဒါပေမဲ့အီဂျစ်မီဒီယာများကတော့ဖောက်ထွင်းသမားများဟာလျှပ်စစ်ပစ္စည်းများရယူသွားခဲ့ကြောင်းဖော်ပြနေကြပါတယ်။

အသက်၃၀နှစ်ရှိဆာလက်ဟာအီဂျစ်တွင်လူချစ်လူခင်များသူဖြစ်ပြီးThe Egyptian King” လို့လည်းကောင်း၊”The Pharaoh”ဟုလည်းကောင်းချစ်စနိုးအမည်ပေးခြင်းခံထားရပါတယ်။

သူဟာအီဂျစ်အားကစားသမိုင်းတွင်အကြီးကျယ်ဆုံးအားကစားသမားများထဲမှတစ်ဦးအဖြစ်သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်။

လက်ရှိအချိန်တွင်အီဂျစ်ရဲတပ်ဖွဲ့ဝင်များဟာစီစီတီဗွီမှတ်တမ်းကိုစစ်ဆေးခြင်း၊နေအိမ်လုံခြုံရေးဝန်ထမ်းများကိုစစ်ဆေးခြင်းတို့ပြုလုပ်နေပါတယ်။

ZawGyi

လီဗာပူးစတားမိုဟာမက္ဆာလက္ရဲ႕ ကိုင္႐ိုရွိ ဇိမ္ခံအိမ္ႀကီး ေဖာက္ထြင္းျခင္းခံရ

လီဗာပူးစတားမိုဟာမက္ဆာလက္ရဲ႕ကိုင္႐ိုရွိဇိမ္ခံေနအိမ္ႀကီးေဖာက္ထြင္းျခင္းခံခဲ့ရေၾကာင္းသိရပါတယ္။

အီဂ်စ္ေန႔စဥ္သတင္းစာAl-Ahram ကလီဗာပူးတြင္တစ္ပတ္လုပ္ခေပါင္၃၅၀၀၀၀အထိရရွိေနတဲ့မိုဟာမက္ဆာလက္ရဲ႕ကိုင္႐ိုရွိေနအိမ္ေဖာက္ထြင္းခံရတာျဖစ္ေၾကာင္းေဖာ္ျပလာတာျဖစ္ပါတယ္။

ဆာလက္ရဲ႕ေနအိမ္ေဖာက္ထြင္းခံရေၾကာင္းကိုဆာလက္ရဲ႕တူျဖစ္သူ ေနအိမ္ကိုျဖတ္သန္းသြားလာစဥ္ တံခါးပြင့္ေနေၾကာင္းေတြ႕ရွိရၿပီးေနာက္သိရွိသြားခဲ့တာလည္းျဖစ္ပါတယ္။

တူျဖစ္သူဟာရဲတပ္ဖြဲ႕ကိုအေၾကာင္းၾကားၿပီးေနာက္ေနအိမ္ကိုဝင္ေရာက္ခဲ့ၿပီးပစၥည္းမ်ားေနအိမ္ၾကမ္းခင္းတြင္ပ်ံ႕ႀကဲေနေၾကာင္းေတြ႕ရွိရပါတယ္။

လက္ရွိအခ်ိန္တြင္ေဖာက္ထြင္းသမားမ်ားဟာဆာလက္ရဲ႕ေနအိမ္မွဘာပစၥည္းမ်ားရယူသြားခဲ့သလဲဆိုတာအတိအက်မသိရေသးပါဘူး။ဒါေပမဲ့အီဂ်စ္မီဒီယာမ်ားကေတာ့ေဖာက္ထြင္းသမားမ်ားဟာလွ်ပ္စစ္ပစၥည္းမ်ားရယူသြားခဲ့ေၾကာင္းေဖာ္ျပေနၾကပါတယ္။

အသက္၃၀ႏွစ္ရွိဆာလက္ဟာအီဂ်စ္တြင္လူခ်စ္လူခင္မ်ားသူျဖစ္ၿပီးThe Egyptian King” လို႔လည္းေကာင္း၊”The Pharaoh”ဟုလည္းေကာင္းခ်စ္စႏိုးအမည္ေပးျခင္းခံထားရပါတယ္။

သူဟာအီဂ်စ္အားကစားသမိုင္းတြင္အႀကီးက်ယ္ဆုံးအားကစားသမားမ်ားထဲမွတစ္ဦးအျဖစ္သတ္မွတ္ခံထားရသူလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္အီဂ်စ္ရဲတပ္ဖြဲ႕ဝင္မ်ားဟာစီစီတီဗြီမွတ္တမ္းကိုစစ္ေဆးျခင္း၊ေနအိမ္လုံၿခဳံေရးဝန္ထမ္းမ်ားကိုစစ္ေဆးျခင္းတို႔ျပဳလုပ္ေနပါတယ္။