လီဗာပူးစတားဟောင်းမတ်ဂွန်ဇာလက်ဇ် နှလုံးရောဂါဝေဒနာခံစားနေရ

လီဗာပူးစတားဟောင်းမတ်ဂွန်ဇာလက်ဇ်ဟာနှလုံးရောဂါဝေဒနာခံစားနေရကြောင်းသိရပါတယ်။အသက်၃၆နှစ်ရှိ ချီလီလက်ရွေးစင်ဟောင်းဟာနှလုံးဖောက်မှုဖြစ်ပြီးနောက်အရေးပေါ်ကုသမှုခံနေရပါတယ်။

တောင်ပံကစားသမားဟောင်းဟာ၂၀၁၉ခုနှစ်တုန်းကစားသမားဘဝမှအနားယူခဲ့သူဖြစ်ပါတယ်။သူဟာအန်ဖီးလ်တွင်တစ်ရာသီကြာကစားခဲ့ဖူးပြီးဘက်တစ်၊ဆိုစီဒက်၊စီအက်စ်ကေအေမော်စကိုတို့တွင်ကစားခဲ့ဖူးပါတယ်။

ဂွန်ဇာလက်ဇ်ဟာ၂၀၁၅ခုနှစ်တုန်းကလီဗာပူးသို့ရောက်ခဲ့ပေမယ့်အလုပ်လုပ်ခွင့်ပါမစ်မရမှုကြောင့်ဆိုစီဒက်တွင်တစ်ရာသီအငှားဖြင့်ကစားပြီးမှပြောင်းလာခဲ့ရသူလည်းဖြစ်ပါတယ်။

သူဟာလီဗာပူးအတွက်၂၅ပွဲကစားကာ၂ဂိုးသွင်းယူနိုင်ခဲ့ပြီး၂၀၀၇ခုနှစ်တုန်းကချန်ပီယံလိဂ်တွင်ဒုတိယရရှိခဲ့ပါတယ်။သူဟာဘက်တစ်သို့ပေါင်၅သန်းဖြင့်ပြောင်းခဲ့ပြီးယင်းမှတစ်ဆင့်စီအက်စ်ကေအေမော်စကိုသို့ပြောင်းခဲ့ပါတယ်။

သူဟာကစားသမားဘဝနှောင်းပိုင်းတွင်ချီလီသို့ပြန်လည်ပြောင်းခဲ့ပြီးယူနီဗာစီဒက်ကာတိုလီကာ၊စပေါ့ရီစီဖီ၊ကိုလိုကိုလို၊မာဂယ်လိန်းတို့တွင်ကစားခဲ့ကာကစားသမားဘဝမှအနားယူခဲ့ပါတယ်။

သူဟာချီလီအသင်းအတွက်၅၆ပွဲကစားခဲ့ကာ၂၀၁၆ခုနှစ်တုန်းကကိုပါအမေရိကဖလားရရှိအောင်ကူညီခဲ့ပါတယ်။သူ ဟာချီလီနှင့်အတူကမ္ဘာ့ဖလားနှစ်ကြိမ်ကစားခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

လီဗာပူးစတားေဟာင္းမတ္ဂြန္ဇာလက္ဇ္ ႏွလုံးေရာဂါေဝဒနာခံစားေနရ

လီဗာပူးစတားေဟာင္းမတ္ဂြန္ဇာလက္ဇ္ဟာႏွလုံးေရာဂါေဝဒနာခံစားေနရေၾကာင္းသိရပါတယ္။အသက္၃၆ႏွစ္ရွိ ခ်ီလီလက္ေ႐ြးစင္ေဟာင္းဟာႏွလုံးေဖာက္မႈျဖစ္ၿပီးေနာက္အေရးေပၚကုသမႈခံေနရပါတယ္။

ေတာင္ပံကစားသမားေဟာင္းဟာ၂၀၁၉ခုႏွစ္တုန္းကစားသမားဘဝမွအနားယူခဲ့သူျဖစ္ပါတယ္။သူဟာအန္ဖီးလ္တြင္တစ္ရာသီၾကာကစားခဲ့ဖူးၿပီးဘက္တစ္၊ဆိုစီဒက္၊စီအက္စ္ေကေအေမာ္စကိုတို႔တြင္ကစားခဲ့ဖူးပါတယ္။

ဂြန္ဇာလက္ဇ္ဟာ၂၀၁၅ခုႏွစ္တုန္းကလီဗာပူးသို႔ေရာက္ခဲ့ေပမယ့္အလုပ္လုပ္ခြင့္ပါမစ္မရမႈေၾကာင့္ဆိုစီဒက္တြင္တစ္ရာသီအငွားျဖင့္ကစားၿပီးမွေျပာင္းလာခဲ့ရသူလည္းျဖစ္ပါတယ္။

သူဟာလီဗာပူးအတြက္၂၅ပြဲကစားကာ၂ဂိုးသြင္းယူႏိုင္ခဲ့ၿပီး၂၀၀၇ခုႏွစ္တုန္းကခ်န္ပီယံလိဂ္တြင္ဒုတိယရရွိခဲ့ပါတယ္။သူဟာဘက္တစ္သို႔ေပါင္၅သန္းျဖင့္ေျပာင္းခဲ့ၿပီးယင္းမွတစ္ဆင့္စီအက္စ္ေကေအေမာ္စကိုသို႔ေျပာင္းခဲ့ပါတယ္။

သူဟာကစားသမားဘဝေႏွာင္းပိုင္းတြင္ခ်ီလီသို႔ျပန္လည္ေျပာင္းခဲ့ၿပီးယူနီဗာစီဒက္ကာတိုလီကာ၊စေပါ့ရီစီဖီ၊ကိုလိုကိုလို၊မာဂယ္လိန္းတို႔တြင္ကစားခဲ့ကာကစားသမားဘဝမွအနားယူခဲ့ပါတယ္။

သူဟာခ်ီလီအသင္းအတြက္၅၆ပြဲကစားခဲ့ကာ၂၀၁၆ခုႏွစ္တုန္းကကိုပါအေမရိကဖလားရရွိေအာင္ကူညီခဲ့ပါတယ္။သူ ဟာခ်ီလီႏွင့္အတူကမာၻ႔ဖလားႏွစ္ႀကိမ္ကစားခဲ့သူလည္းျဖစ္ပါတယ္။