လီဗာပူးတက္ကသိုလ်မှ ကျောင်းသားနှစ်ဦးကို စကော့လားရှစ်ပေးသွားမယ့် အိုရီဂီ

လီဗာပူးတိုက်စစ်သမားဒီဗော့အိုရီဂီဟာလီဗာပူးတက္ကသိုလ်နှင့်ပူးပေါင်းကာစကော့လားရှစ်အစီအစဉ်သစ်ကိုလုပ်ဆောင်လိုက်ပါတယ်။

ဘယ်လ်ဂျီယံတိုက်စစ်သမားဟာလီဗာပူးတက္ကသိုလ်နှင့်ပူးပေါင်းကာ Divock Origi Scholarship အစီအစဉ်ကိုလုပ်ဆောင်လိုက်တာဖြစ်ပြီးကျောင်းသား/သူ နှစ်ဦးတို့ကို စကော့လားရှစ်ပေးအပ်သွားမှာလည်းဖြစ်ပါတယ်။

စကော့လားရှစ်ရရှိသူနှစ်ဦးတို့ဟာကျူရှင်စရိတ် တစ်နှစ်လျှင်ပေါင်၉၂၅၀ နှင့်နေထိုင်စရိတ်ပေါင်၃၀၀၀တို့စီရရှိကြပါမယ်။

လီဗာပူးတိုက်စစ်သမားနှင့်လီဗာပူးတက္ကသိုလ်တို့ဟာကိုဗစ်ကြောင့်အကျပ်တွေ့နေချိန်တွင်ပညာသင်ကြားရန်ခက်ခဲနေတဲ့ကျောင်းသား/သူများကိုကူညီပေးလိုမှုကြောင့်အထက်ပါအစီအစဉ်ကိုလုပ်ဆောင်လိုက်တာလည်းဖြစ်ပါတယ်။

ZawGyi




