လီဗာပူးတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို မိုဟာမက်ဆာလက်ဆွတ်ခူး

မိုဟာမက်ဆာလက်ဟာလီဗာပူးရဲ့Standard Chartered Men ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

၂၀၂၀-၂၁ရာသီအတွက်လီဗာပူးတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုပရိသတ်များရဲ့မဲဆန္ဒဖြင့်ရွေးချယ်ခြင်းဖြစ်ပြီးမိုဟာမက်ဆာလက်ဟာဖာဘင်ဟို(ဒုတိယ)၊နတ်ဖီးလစ်(တတိယ)တို့ကိုကျော်ဖြတ်ကာဆွတ်ခူးနိုင်ခဲ့တာပါ။

အီဂျစ်လက်ရွေးစင်တိုက်စစ်သမားဟာယခုရာသီမှာလီဗာပူးအတွက်ပြိုင်ပွဲအရပ်ရပ်မှာ၅၁ပွဲကစားပြီး၃၁ဂိုးသွင်းယူကာလီဗာပူးရဲ့ဂိုးသွင်းဘုရင်အဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။

ဆုဆွတ်ခူးနိုင်ပြီးနောက်မိုဟာမက်ဆာလက်က “ဒီဆုကိုဆွတ်ခူးနိုင်လို့ဝမ်းသာပါတယ်။အထူးသဖြင့်ဒီဆုကိုပရိသတ်များနဲ့ပေးတဲ့ဆုဖြစ်လို့ပိုဝမ်းသာရပါတယ်။ဒါပေမယ့်နောက်ဆုံးပွဲအနိုင်ရပြီးချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့တာကပိုပြီးတော့အရေးကြီးပါတယ်”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်မိုဟာမက်ဆာလက်က၂၀၂၀-၂၁ဘောလုံးရာသီအတွက်အထူးခြားဆုံးအဖြစ်အပျက်က ဝက်စ်ဘရွန်းနှင့်ပွဲရဲ့နာကျင်အချိန်ပိုတွင်ဂိုးသမားအလီဆင်ကခေါင်းတိုက်အနိုင်ဂိုးသွင်းယူခဲ့တဲ့ဖြစ်ရပ်ဖြစ်ကြောင်းပြောကြားသွားပါတယ်။

ZawGyi

လီဗာပူးတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို မိုဟာမက္ဆာလက္ဆြတ္ခူး

မိုဟာမက္ဆာလက္ဟာလီဗာပူးရဲ႕Standard Chartered Men ရဲ႕တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးသြားႏိုင္ခဲ့ပါတယ္။

၂၀၂၀-၂၁ရာသီအတြက္လီဗာပူးတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုပရိသတ္မ်ားရဲ႕မဲဆႏၵျဖင့္ေ႐ြးခ်ယ္ျခင္းျဖစ္ၿပီးမိုဟာမက္ဆာလက္ဟာဖာဘင္ဟို(ဒုတိယ)၊နတ္ဖီးလစ္(တတိယ)တို႔ကိုေက်ာ္ျဖတ္ကာဆြတ္ခူးႏိုင္ခဲ့တာပါ။

အီဂ်စ္လက္ေ႐ြးစင္တိုက္စစ္သမားဟာယခုရာသီမွာလီဗာပူးအတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၅၁ပြဲကစားၿပီး၃၁ဂိုးသြင္းယူကာလီဗာပူးရဲ႕ဂိုးသြင္းဘုရင္အျဖစ္ရပ္တည္ႏိုင္ခဲ့ပါတယ္။

ဆုဆြတ္ခူးႏိုင္ၿပီးေနာက္မိုဟာမက္ဆာလက္က “ဒီဆုကိုဆြတ္ခူးႏိုင္လို႔ဝမ္းသာပါတယ္။အထူးသျဖင့္ဒီဆုကိုပရိသတ္မ်ားနဲ႔ေပးတဲ့ဆုျဖစ္လို႔ပိုဝမ္းသာရပါတယ္။ဒါေပမယ့္ေနာက္ဆုံးပြဲအႏိုင္ရၿပီးခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိခဲ့တာကပိုၿပီးေတာ့အေရးႀကီးပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္မိုဟာမက္ဆာလက္က၂၀၂၀-၂၁ေဘာလုံးရာသီအတြက္အထူးျခားဆုံးအျဖစ္အပ်က္က ဝက္စ္ဘ႐ြန္းႏွင့္ပြဲရဲ႕နာက်င္အခ်ိန္ပိုတြင္ဂိုးသမားအလီဆင္ကေခါင္းတိုက္အႏိုင္ဂိုးသြင္းယူခဲ့တဲ့ျဖစ္ရပ္ျဖစ္ေၾကာင္းေျပာၾကားသြားပါတယ္။