လီဗာပူးတွင် ပွဲကစားခွင့်နည်းပါးမှုကြောင့် အသင်းဟောင်းသို့ ပြန်ရန် ချမ်ဘာလိန်းစဉ်းစားနေ

အဲလက်စ်အောက်စ်လိုက်ချမ်ဘာလိန်းဟာလီဗာပူးအသင်းတွင်နေရာရရှိရန်ရုန်းကန်နေရမှုနဲ့အတူအသင်းဟောင်းအာဆင်နယ်သို့ပြန်ပြောင်းရန်စဉ်းစားနေပါတယ်။

အသက်၂၈နှစ်ရှိအလယ်တန်းကစားသမားဟာအာဆင်နယ်တွင်ခြောက်ရာသီကြာကစားစဉ်ကာလအတွင်း၁၉၈ပွဲကစားကာဂိုး၂၀သွင်းခဲ့သူဖြစ်ပြီးလွန်ခဲ့တဲ့လေးရာသီတုန်းကအန်ဖီးလ်သို့ပေါင်၃၅သန်းဖြင့်ပြောင်းခဲ့သူဖြစ်ပါတယ်။

ဆောက်သမ်တန်အကယ်ဒမီထွက်ကစားသမားဟာဒဏ်ရာပြန်လည်ကောင်းမွန်လာခဲ့ပြီဖြစ်ပေမယ့်လည်းနေရာရရှိရန်ရုန်းကန်နေရမှုအပေါ်စိတ်ပျက်ကာကစားဖော်ဟောင်းအာတီတာနှင့်ပြန်လည်ပေါင်းစည်းလိုနေကြောင်းသိရပါတယ်။

ချမ်ဘာလိန်းဟာလီဗာပူးတွင်တစ်ပတ်လုပ်ခပေါင်၁၂၅၀၀၀ရရှိနေသူဖြစ်ပြီး၂၀၂၃ခုနှစ်အထိစာချုပ်ချုပ်ဆိုထားသူဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့နှစ်တုန်းကဒူးဒဏ်ရာကြောင့်ဩဂုတ်လမှဒီဇင်ဘာလအထိအနားယူခဲ့ရသော်လည်းဒဏ်ရာမှပြန်လည်ကောင်းမွန်လာချိန်တွင်လေးပွဲတည်းသာကစားခွင့်ရခဲ့ပါတယ်။

တစ်ဖက်တွင်အာဆင်နယ်ဟာလည်းလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် ချမ်ဘာလိန်းကိုကာလတိုအငှားဖြင့်ခေါ်ယူရန်စိတ်ဝင်စားနေကြောင်းသိရပါတယ်။အာဆင်နယ်ဟာချမ်ဘာလိန်းကိုအပြီးသတ်ခေါ်ယူမယ့်အချက်ဖြင့်အငှားဖြင့်ခေါ်ယူလိုနေတာဖြစ်ပါတယ်။

ZawGyi

လီဗာပူးတြင္ ပြဲကစားခြင့္နည္းပါးမႈေၾကာင့္ အသင္းေဟာင္းသို႔ ျပန္ရန္ ခ်မ္ဘာလိန္းစဥ္းစားေန

အဲလက္စ္ေအာက္စ္လိုက္ခ်မ္ဘာလိန္းဟာလီဗာပူးအသင္းတြင္ေနရာရရွိရန္႐ုန္းကန္ေနရမႈနဲ႔အတူအသင္းေဟာင္းအာဆင္နယ္သို႔ျပန္ေျပာင္းရန္စဥ္းစားေနပါတယ္။

အသက္၂၈ႏွစ္ရွိအလယ္တန္းကစားသမားဟာအာဆင္နယ္တြင္ေျခာက္ရာသီၾကာကစားစဥ္ကာလအတြင္း၁၉၈ပြဲကစားကာဂိုး၂၀သြင္းခဲ့သူျဖစ္ၿပီးလြန္ခဲ့တဲ့ေလးရာသီတုန္းကအန္ဖီးလ္သို႔ေပါင္၃၅သန္းျဖင့္ေျပာင္းခဲ့သူျဖစ္ပါတယ္။

ေဆာက္သမ္တန္အကယ္ဒမီထြက္ကစားသမားဟာဒဏ္ရာျပန္လည္ေကာင္းမြန္လာခဲ့ၿပီျဖစ္ေပမယ့္လည္းေနရာရရွိရန္႐ုန္းကန္ေနရမႈအေပၚစိတ္ပ်က္ကာကစားေဖာ္ေဟာင္းအာတီတာႏွင့္ျပန္လည္ေပါင္းစည္းလိုေနေၾကာင္းသိရပါတယ္။

ခ်မ္ဘာလိန္းဟာလီဗာပူးတြင္တစ္ပတ္လုပ္ခေပါင္၁၂၅၀၀၀ရရွိေနသူျဖစ္ၿပီး၂၀၂၃ခုႏွစ္အထိစာခ်ဳပ္ခ်ဳပ္ဆိုထားသူျဖစ္ပါတယ္။

သူဟာၿပီးခဲ့တဲ့ႏွစ္တုန္းကဒူးဒဏ္ရာေၾကာင့္ဩဂုတ္လမွဒီဇင္ဘာလအထိအနားယူခဲ့ရေသာ္လည္းဒဏ္ရာမွျပန္လည္ေကာင္းမြန္လာခ်ိန္တြင္ေလးပြဲတည္းသာကစားခြင့္ရခဲ့ပါတယ္။

တစ္ဖက္တြင္အာဆင္နယ္ဟာလည္းလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ ခ်မ္ဘာလိန္းကိုကာလတိုအငွားျဖင့္ေခၚယူရန္စိတ္ဝင္စားေနေၾကာင္းသိရပါတယ္။အာဆင္နယ္ဟာခ်မ္ဘာလိန္းကိုအၿပီးသတ္ေခၚယူမယ့္အခ်က္ျဖင့္အငွားျဖင့္ေခၚယူလိုေနတာျဖစ္ပါတယ္။