
လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ဟာယခုရာသီတွင်လီဗာပူးအသင်း ရုန်းကန်နေရပြီးနောက်ဂျာမနီနည်းပြရာထူးအတွက်တံခါးဖွင့်ပေးထားကြောင်းပြောကြားလာပါတယ်။
အသက်၅၅နှစ်ရှိဂျာမန်လူမျိုးနည်းပြဟာ၂၀၁၇ခုနှစ်၊အောက်တိုဘာလကတည်းကလီဗာပူးကိုကိုင်တွယ်လာခဲ့သူဖြစ်ပါတယ်။
သူဟာလီဗာပူးကိုပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်တိုက်ပွဲဝင်နိုင်တဲ့အသင်းဖြစ်အောင်တည်ဆောက်ပေးထားပြီး၂၀၂၀ခုနှစ်တွင်ပထမဆုံးပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်အောင်ဦးဆောင်ပေးထားနိုင်ခဲ့ပါတယ်။
သူဟာလီဗာပူးကိုချန်ပီယံလိဂ်ဖလား၊အက်ဖ်အေဖလားနှင့်ခါရာဘောင်ဖလားတို့လည်းရယူပေးထားနိုင်ပါတယ်။
ဒါပေမဲ့ယခုရာသီမှာတော့ကလော့ပ်ရဲ့လီဗာပူးမှာအကောင်းဆုံးပုံစံရရှိရန်ရုန်းကန်နေရပြီးထိပ်ဆုံးမှအာဆင်နယ်နှင့်ရမှတ်၁၆မှတ်အထိကွာဟနေပါတယ်။
ဂျာမနီမီဒီယာများကတော့ကလော့ပ်ဟာဂျာမနီအသင်းနည်းပြဖြစ်လာနိုင်ကြောင်းရေးသားဖော်ပြနေကြပါတယ်။
ဂျာမနီနည်းပြဟန်စီဖလစ်ဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင်အုပ်စုအဆင့်မှထွက်ခွာခဲ့ရပြီးနောက်ဖိအားများနှင့်ကြုံနေရပါတယ်။
ပြီးခဲ့တဲ့နှစ်ကမှစာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ကလော့ပ်က “တချိန်မှာလက်ရွေးစင်အသင်းနည်းပြဖြစ်လာမယ်ဆိုတာနဲ့ပတ်သက်ပြီးမေးတာ မမေးသင့်တဲ့မေးခွန်းတော့မဟုတ်ပါဘူး။ဒါပေမဲ့တကယ်လို့များလီဗာပူးနဲ့စာချုပ်ကုန်ဆုံးသွားတယ်ဆိုရင်တောင်ဘာမှမလုပ်ဘဲတစ်နှစ်နေပါဦးမယ်”လို့ပြောကြားသွားပါတယ်။
ကလော့ပ်ဟာလီဗာပူးနည်းပြရာထူးမှထွက်ခွာလျှင်တစ်နှစ်ကြာအနားယူမယ်လို့ပြောကြားထားသူလည်းဖြစ်ပါတယ်။
ZawGyi
လီဗာပူးတြင္ ႐ုန္းကန္ေနရၿပီးေနာက္ ဂ်ာမနီနည္းျပရာထူးအတြက္ တံခါးဖြင့္ေပးလာတဲ့ ဂ်ာဂင္ကေလာ့ပ္
လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ဟာယခုရာသီတြင္လီဗာပူးအသင္း ႐ုန္းကန္ေနရၿပီးေနာက္ဂ်ာမနီနည္းျပရာထူးအတြက္တံခါးဖြင့္ေပးထားေၾကာင္းေျပာၾကားလာပါတယ္။
အသက္၅၅ႏွစ္ရွိဂ်ာမန္လူမ်ိဳးနည္းျပဟာ၂၀၁၇ခုႏွစ္၊ေအာက္တိုဘာလကတည္းကလီဗာပူးကိုကိုင္တြယ္လာခဲ့သူျဖစ္ပါတယ္။
သူဟာလီဗာပူးကိုပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္တိုက္ပြဲဝင္ႏိုင္တဲ့အသင္းျဖစ္ေအာင္တည္ေဆာက္ေပးထားၿပီး၂၀၂၀ခုႏွစ္တြင္ပထမဆုံးပရီးမီးယားလိဂ္ဖလားဆြတ္ခူးႏိုင္ေအာင္ဦးေဆာင္ေပးထားႏိုင္ခဲ့ပါတယ္။
သူဟာလီဗာပူးကိုခ်န္ပီယံလိဂ္ဖလား၊အက္ဖ္ေအဖလားႏွင့္ခါရာေဘာင္ဖလားတို႔လည္းရယူေပးထားႏိုင္ပါတယ္။
ဒါေပမဲ့ယခုရာသီမွာေတာ့ကေလာ့ပ္ရဲ႕လီဗာပူးမွာအေကာင္းဆုံးပုံစံရရွိရန္႐ုန္းကန္ေနရၿပီးထိပ္ဆုံးမွအာဆင္နယ္ႏွင့္ရမွတ္၁၆မွတ္အထိကြာဟေနပါတယ္။
ဂ်ာမနီမီဒီယာမ်ားကေတာ့ကေလာ့ပ္ဟာဂ်ာမနီအသင္းနည္းျပျဖစ္လာႏိုင္ေၾကာင္းေရးသားေဖာ္ျပေနၾကပါတယ္။
ဂ်ာမနီနည္းျပဟန္စီဖလစ္ဟာကမာၻ႔ဖလားၿပိဳင္ပြဲတြင္အုပ္စုအဆင့္မွထြက္ခြာခဲ့ရၿပီးေနာက္ဖိအားမ်ားႏွင့္ႀကဳံေနရပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ကမွစာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့တဲ့ကေလာ့ပ္က “တခ်ိန္မွာလက္ေ႐ြးစင္အသင္းနည္းျပျဖစ္လာမယ္ဆိုတာနဲ႔ပတ္သက္ၿပီးေမးတာ မေမးသင့္တဲ့ေမးခြန္းေတာ့မဟုတ္ပါဘူး။ဒါေပမဲ့တကယ္လို႔မ်ားလီဗာပူးနဲ႔စာခ်ဳပ္ကုန္ဆုံးသြားတယ္ဆိုရင္ေတာင္ဘာမွမလုပ္ဘဲတစ္ႏွစ္ေနပါဦးမယ္”လို႔ေျပာၾကားသြားပါတယ္။
ကေလာ့ပ္ဟာလီဗာပူးနည္းျပရာထူးမွထြက္ခြာလွ်င္တစ္ႏွစ္ၾကာအနားယူမယ္လို႔ေျပာၾကားထားသူလည္းျဖစ္ပါတယ္။