လီဗာပူးတွင် ၈ နှစ်ကြာ ကစားလာခဲ့ပြီးတဲ့နောက် ထွက်ခွာတော့မဲ့ ပရိသတ်အချစ်တော်ကစားသမား

ဘရာဇီးတိုက်စစ်မှူးရောဘတ်တိုဖာမီနိုဟာစာချုပ်သက်တမ်းကုန်ဆုံးမဲ့လာမယ့်နွေရာသီတွင်လီဗာပူးမှထွက်ခွာတော့မှာဖြစ်ပါတယ်။

အသက်၃၁နှစ်ရှိဖာမီနိုဟာ၂၀၁၅ခုနှစ်၊ဇွန်လတွင်ဟော်ဖန်ဟိမ်းမှပေါင်၂၉သန်းဖြင့်လီဗာပူးသို့ရောက်လာသူဖြစ်ပါတယ်။

သူဟာလီဗာပူးကိုချန်ပီယံလိဂ်ဖလား၊ပရီးမီးယားလိဂ်ဖလား၊အက်ဖ်အေဖလား၊ခါရာဘောင်ဖလား၊ဖီဖာကလပ်ကမ္ဘာ့ဖလားတို့ဆွတ်ခူးနိုင်အောင်ကူညီပေးခဲ့ပါတယ်။

သူဟာလီဗာပူးအတွက်၃၅၃ပွဲကစားခဲ့ရာမှာ၁၀၇ဂိုးသွင်းပြီး၇၀ကြိမ်ဖန်တီးပေးခဲ့ပါတယ်။

လီဗာပူးနည်းပြကလော့ပ်က၎င်းအနေဖြင့်ဖာမီနိုကိုအန်ဖီးလ်တွင်ပင်ဆက်ရှိစေလိုကြောင်း၊စာချုပ်သစ်အတွက်ဆွေးနွေးချိန်တွင်ကစားသမားကအသင်းမှထွက်ခွာရန်ရွေးချယ်သွားခဲ့ကြောင်းဆိုသွားပါတယ်။

ဘရာဇီးတိုက်စစ်သမားဟာဒီယေဂိုဂျိုတာ၊လူးဝစ်ဒိုင်ယက်ဇ်၊ဒါဝင်နူနက်ဇ်နှင့်ကိုဒီဂတ်ပိုတို့ရောက်လာတဲ့အပြင်ကြွက်သားဒဏ်ရာပြဿနာများနှင့်ရုန်းကန်ရပြီးနောက် ပွဲကစားမှုအကန့်အသတ်ဖြင့်သာပြုလုပ်ခွင့်ရလာခဲ့ပါတယ်။

ဖာမီနိုဟာလီဗာပူးပရိသတ်များရဲ့အချစ်တော်ကစားသမားတစ်ဦးဖြစ်ပြီးမိုဟာမက်ဆာလက်၊ဆာဒေယိုမာနေးတို့နှင့်အတွဲညီညီကစားလာခဲ့သူလည်းဖြစ်ပါတယ်။

၎င်းတို့သုံးဦးဟာ၂၀၁၉-၂၀ရာသီတုန်းကလီဗာပူးကိုနှစ်ပေါင်း၃၀ကြာဝေးကွာလာခဲ့တဲ့ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်အောင်အဓိကနေရာမှကူညီခဲ့ကြပါတယ်။

ဖာမီနိုဟာယခုရာသီတွင်လီဗာပူးအတွက်ပြိုင်ပွဲအရပ်ရပ်တွင်၂၆ပွဲကစားထားရာမှာ၉ဂိုးသွင်းပြီး၄ကြိမ်ဖန်တီးပေးထားပါတယ်။

ZawGyi

လီဗာပူးတြင္ ၈ ႏွစ္ၾကာ ကစားလာခဲ့ၿပီးတဲ့ေနာက္ ထြက္ခြာေတာ့မဲ့ ပရိသတ္အခ်စ္ေတာ္ကစားသမား

ဘရာဇီးတိုက္စစ္မႉးေရာဘတ္တိုဖာမီႏိုဟာစာခ်ဳပ္သက္တမ္းကုန္ဆုံးမဲ့လာမယ့္ေႏြရာသီတြင္လီဗာပူးမွထြက္ခြာေတာ့မွာျဖစ္ပါတယ္။

အသက္၃၁ႏွစ္ရွိဖာမီႏိုဟာ၂၀၁၅ခုႏွစ္၊ဇြန္လတြင္ေဟာ္ဖန္ဟိမ္းမွေပါင္၂၉သန္းျဖင့္လီဗာပူးသို႔ေရာက္လာသူျဖစ္ပါတယ္။

သူဟာလီဗာပူးကိုခ်န္ပီယံလိဂ္ဖလား၊ပရီးမီးယားလိဂ္ဖလား၊အက္ဖ္ေအဖလား၊ခါရာေဘာင္ဖလား၊ဖီဖာကလပ္ကမာၻ႔ဖလားတို႔ဆြတ္ခူးႏိုင္ေအာင္ကူညီေပးခဲ့ပါတယ္။

သူဟာလီဗာပူးအတြက္၃၅၃ပြဲကစားခဲ့ရာမွာ၁၀၇ဂိုးသြင္းၿပီး၇၀ႀကိမ္ဖန္တီးေပးခဲ့ပါတယ္။

လီဗာပူးနည္းျပကေလာ့ပ္က၎အေနျဖင့္ဖာမီႏိုကိုအန္ဖီးလ္တြင္ပင္ဆက္ရွိေစလိုေၾကာင္း၊စာခ်ဳပ္သစ္အတြက္ေဆြးေႏြးခ်ိန္တြင္ကစားသမားကအသင္းမွထြက္ခြာရန္ေ႐ြးခ်ယ္သြားခဲ့ေၾကာင္းဆိုသြားပါတယ္။

ဘရာဇီးတိုက္စစ္သမားဟာဒီေယဂိုဂ်ိဳတာ၊လူးဝစ္ဒိုင္ယက္ဇ္၊ဒါဝင္ႏူနက္ဇ္ႏွင့္ကိုဒီဂတ္ပိုတို႔ေရာက္လာတဲ့အျပင္ႂကြက္သားဒဏ္ရာျပႆနာမ်ားႏွင့္႐ုန္းကန္ရၿပီးေနာက္ ပြဲကစားမႈအကန႔္အသတ္ျဖင့္သာျပဳလုပ္ခြင့္ရလာခဲ့ပါတယ္။

ဖာမီႏိုဟာလီဗာပူးပရိသတ္မ်ားရဲ႕အခ်စ္ေတာ္ကစားသမားတစ္ဦးျဖစ္ၿပီးမိုဟာမက္ဆာလက္၊ဆာေဒယိုမာေနးတို႔ႏွင့္အတြဲညီညီကစားလာခဲ့သူလည္းျဖစ္ပါတယ္။

၎တို႔သုံးဦးဟာ၂၀၁၉-၂၀ရာသီတုန္းကလီဗာပူးကိုႏွစ္ေပါင္း၃၀ၾကာေဝးကြာလာခဲ့တဲ့ပရီးမီးယားလိဂ္ဖလားဆြတ္ခူးႏိုင္ေအာင္အဓိကေနရာမွကူညီခဲ့ၾကပါတယ္။

ဖာမီႏိုဟာယခုရာသီတြင္လီဗာပူးအတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၂၆ပြဲကစားထားရာမွာ၉ဂိုးသြင္းၿပီး၄ႀကိမ္ဖန္တီးေပးထားပါတယ္။