လီဗာပူးထံ တစ်ပတ်လုပ်ခပေါင် ၅၀၀၀၀၀ အထိတောင်းဆိုလိုက်တဲ့ မိုဟာမက်ဆာလက်

မိုဟာမက်ဆာလက်ဟာစာချုပ်သစ်အတွက်တစ်ပတ်လုပ်ခပေါင်၅၀၀၀၀၀အထိလီဗာပူးထံတောင်းဆိုထားကြောင်းသိရပါတယ်။အသက်၂၉နှစ်ရှိအီဂျစ်စူပါစတားဟာလီဗာပူးနှင့်၂နှစ်စာချုပ်ကျန်တော့တဲ့သူဖြစ်ပါတယ်။

မိုဟာမက်ဆာလက်ဟာလက်ရှိအချိန်တွင်လီဗာပူးမှာတစ်ပတ်လုပ်ခပေါင်၂၀၀၀၀၀ရရှိနေသူဖြစ်ပြီးစာချုပ်သစ်အတွက်တောင်းဆိုလိုက်တဲ့လုပ်ခပမာဏကလက်ရှိလီဗာပူးရဲ့လုပ်ခအများဆုံးကစားသမားဖြစ်တဲ့ဗာဂယ်ဗန်ဒိုက်ရဲ့လုပ်ခထက်နှစ်ဆပိုတောင်းဆိုလာတာလည်းဖြစ်ပါတယ်။ဒတ်ချ်နောက်ခံလူဟာမကြာသေးမီကချုပ်ဆိုလိုက်တဲ့နှစ်ရှည်စာချုပ်ကြောင့်တစ်ပတ်လုပ်ခပေါင်၂၂၀၀၀၀ဖြင့်လီဗာပူးရဲ့လုပ်ခအများဆုံးကစားသမားဖြစ်လာသူဖြစ်ပါတယ်။

လီဗာပူးဟာပြီးခဲ့တဲ့ရက်သတ္တပတ်များအတွင်းတွင်အသင်းရဲ့အဓိကကစားသမားများဖြစ်ကြတဲ့ဂျော်ဒန်ဟင်ဒါဆင်၊ဗန်ဒိုက်၊ဖာဘင်ဟို၊ထရန်းအလက်န္ဒားအာနိုး၊အင်ဒီရောဘတ်ဆင်၊အလစ်ဆင်တို့ကိုစာချုပ်သစ်ချုပ်ဆိုခဲ့ပြီးဖြစ်ပါတယ်။

လီဗာပူးဟာမိုဟာမက်ဆာလက်ကိုကလပ်ရဲ့လုပ်ခအများဆုံးကစားသမားအဖြစ်စာချုပ်သစ်ချုပ်ဆိုပေမယ့်အီဂျစ်ကစားသမားဘက်ကတောင်းဆိုလိုက်တဲ့တစ်ပတ်လုပ်ခပေါင်၅၀၀၀၀၀အထိတိုးမြှင့်ပေးဖို့တော့အစီအစဉ်မရှိပါဘူး။

ZawGyi

လီဗာပူးထံ တစ္ပတ္လုပ္ခေပါင္ ၅၀၀၀၀၀ အထိေတာင္းဆိုလိုက္တဲ့ မိုဟာမက္ဆာလက္

မိုဟာမက္ဆာလက္ဟာစာခ်ဳပ္သစ္အတြက္တစ္ပတ္လုပ္ခေပါင္၅၀၀၀၀၀အထိလီဗာပူးထံေတာင္းဆိုထားေၾကာင္းသိရပါတယ္။အသက္၂၉ႏွစ္ရွိအီဂ်စ္စူပါစတားဟာလီဗာပူးႏွင့္၂ႏွစ္စာခ်ဳပ္က်န္ေတာ့တဲ့သူျဖစ္ပါတယ္။

မိုဟာမက္ဆာလက္ဟာလက္ရွိအခ်ိန္တြင္လီဗာပူးမွာတစ္ပတ္လုပ္ခေပါင္၂၀၀၀၀၀ရရွိေနသူျဖစ္ၿပီးစာခ်ဳပ္သစ္အတြက္ေတာင္းဆိုလိုက္တဲ့လုပ္ခပမာဏကလက္ရွိလီဗာပူးရဲ႕လုပ္ခအမ်ားဆုံးကစားသမားျဖစ္တဲ့ဗာဂယ္ဗန္ဒိုက္ရဲ႕လုပ္ခထက္ႏွစ္ဆပိုေတာင္းဆိုလာတာလည္းျဖစ္ပါတယ္။ဒတ္ခ်္ေနာက္ခံလူဟာမၾကာေသးမီကခ်ဳပ္ဆိုလိုက္တဲ့ႏွစ္ရွည္စာခ်ဳပ္ေၾကာင့္တစ္ပတ္လုပ္ခေပါင္၂၂၀၀၀၀ျဖင့္လီဗာပူးရဲ႕လုပ္ခအမ်ားဆုံးကစားသမားျဖစ္လာသူျဖစ္ပါတယ္။

လီဗာပူးဟာၿပီးခဲ့တဲ့ရက္သတၱပတ္မ်ားအတြင္းတြင္အသင္းရဲ႕အဓိကကစားသမားမ်ားျဖစ္ၾကတဲ့ေဂ်ာ္ဒန္ဟင္ဒါဆင္၊ဗန္ဒိုက္၊ဖာဘင္ဟို၊ထရန္းအလက္ႏၵားအာႏိုး၊အင္ဒီေရာဘတ္ဆင္၊အလစ္ဆင္တို႔ကိုစာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့ၿပီးျဖစ္ပါတယ္။

လီဗာပူးဟာမိုဟာမက္ဆာလက္ကိုကလပ္ရဲ႕လုပ္ခအမ်ားဆုံးကစားသမားအျဖစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုေပမယ့္အီဂ်စ္ကစားသမားဘက္ကေတာင္းဆိုလိုက္တဲ့တစ္ပတ္လုပ္ခေပါင္၅၀၀၀၀၀အထိတိုးျမႇင့္ေပးဖို႔ေတာ့အစီအစဥ္မရွိပါဘူး။