
လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ကသူ့ဖုန်းထဲတွင် Selfie ဓာတ်ပုံတစ်ပုံတည်းသာရှိကြောင်းဖွင့်ဟပြောကြားလာပါတယ်။
လူအများစုဟာမိသားစု၊သူငယ်ချင်းအပါအဝင် Selfie ဓာတ်ပုံပေါင်းများစွာရိုက်ကူးထားကြလေ့ရှိပါတယ်။ဒါကြောင့်ကလော့ပ်ကတော့အခြားလူများနှင့်မတူပါဘူး။
ကလော့ပ်ရဲ့ဖုန်းထဲမှာခရီးသွားအားလပ်ရက် Selfie ဓာတ်ပုံ(သို့မဟုတ်)မိသားစုဝင်များနဲ့ရိုက်ကူးထားတဲ့ Selifie ဓာတ်ပုံတွေမရှိပါဘူး။သူ့ဖုန်းထဲမှာSelfie ဓာတ်ပုံတစ်ပုံတည်းပဲရှိပါတယ်။
ယင်းဓာတ်ပုံကလီယွန်နယ်မက်ဆီနဲ့ရိုက်ကူးထားတဲ့ဓာတ်ပုံဖြစ်ပါတယ်။ယင်းSelfie ဓာတ်ပုံထဲမှာခရစ္စတီယာနိုရော်နယ်ဒိုလည်းနောက်ခံအဖြစ်ပါဝင်နေပါတယ်။
ကလော့ပ်က “ကျွန်တော့်စမတ်ဖုန်းထဲမှာSelfie ဓာတ်ပုံတစ်ပုံတည်းပဲရှိတယ်။မက်ဆီနဲ့ရိုက်ကူးထားတာပါ။အခန်းထဲမှာခရစ္စတီယာနိုလည်းရှိတယ်”လို့ဖွင့်ဟသွားပါတယ်။
ဒါကိုကြည့်ရင်ကလော့ပ်ဟာမိသားစုဝင်တွေနဲ့ Selfie ရိုက်ကူးတာမလုပ်ဘူးဆိုတာမြင်နိုင်ပါတယ်။ဘာပဲဖြစ်ဖြစ်သူ့မှာရှိတဲ့တစ်ခုတည်းသောSelfie ဓာတ်ပုံကသမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားအဖြစ်တင်စားခံရတဲ့မက်ဆီနဲ့ရိုက်ကူးတဲ့ဓာတ်ပုံဖြစ်နေတာပိုပြီးတော့အဖိုးတန်ပါသေးတယ်။
ZawGyi
လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ရဲ႕ဖုန္းအတြင္းတြင္ Selfie ဓာတ္ပုံတစ္ပုံတည္းသာရွိ
လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ကသူ႔ဖုန္းထဲတြင္ Selfie ဓာတ္ပုံတစ္ပုံတည္းသာရွိေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။
လူအမ်ားစုဟာမိသားစု၊သူငယ္ခ်င္းအပါအဝင္ Selfie ဓာတ္ပုံေပါင္းမ်ားစြာ႐ိုက္ကူးထားၾကေလ့ရွိပါတယ္။ဒါေၾကာင့္ကေလာ့ပ္ကေတာ့အျခားလူမ်ားႏွင့္မတူပါဘူး။
ကေလာ့ပ္ရဲ႕ဖုန္းထဲမွာခရီးသြားအားလပ္ရက္ Selfie ဓာတ္ပုံ(သို႔မဟုတ္)မိသားစုဝင္မ်ားနဲ႔႐ိုက္ကူးထားတဲ့ Selifie ဓာတ္ပုံေတြမရွိပါဘူး။သူ႔ဖုန္းထဲမွာSelfie ဓာတ္ပုံတစ္ပုံတည္းပဲရွိပါတယ္။
ယင္းဓာတ္ပုံကလီယြန္နယ္မက္ဆီနဲ႔႐ိုက္ကူးထားတဲ့ဓာတ္ပုံျဖစ္ပါတယ္။ယင္းSelfie ဓာတ္ပုံထဲမွာခရစၥတီယာႏိုေရာ္နယ္ဒိုလည္းေနာက္ခံအျဖစ္ပါဝင္ေနပါတယ္။
ကေလာ့ပ္က “ကြၽန္ေတာ့္စမတ္ဖုန္းထဲမွာSelfie ဓာတ္ပုံတစ္ပုံတည္းပဲရွိတယ္။မက္ဆီနဲ႔႐ိုက္ကူးထားတာပါ။အခန္းထဲမွာခရစၥတီယာႏိုလည္းရွိတယ္”လို႔ဖြင့္ဟသြားပါတယ္။
ဒါကိုၾကည့္ရင္ကေလာ့ပ္ဟာမိသားစုဝင္ေတြနဲ႔ Selfie ႐ိုက္ကူးတာမလုပ္ဘူးဆိုတာျမင္ႏိုင္ပါတယ္။ဘာပဲျဖစ္ျဖစ္သူ႔မွာရွိတဲ့တစ္ခုတည္းေသာSelfie ဓာတ္ပုံကသမိုင္းတစ္ေလွ်ာက္အေကာင္းဆုံးကစားသမားအျဖစ္တင္စားခံရတဲ့မက္ဆီနဲ႔႐ိုက္ကူးတဲ့ဓာတ္ပုံျဖစ္ေနတာပိုၿပီးေတာ့အဖိုးတန္ပါေသးတယ္။