လီဗာပူးနည်းပြအဖြစ် ကလော့ပ်နှစ်များစွာ ဆက်ရှိနေရန် စတီဗင်ဂျရတ်မျှော်လင့်

ရိန်းဂျားနည်းပြစတီဗင်ဂျရတ်ကလီဗာပူးနည်းပြရာထူးကိုရယူမယ်လို့သတင်းများထွက်ပေါ်နေမှုများကိုငြင်းဆိုလိုက်ပါတယ်။

စတီဗင်ဂျရတ်ဟာပြီးခဲ့တဲ့အပတ်တုန်းက၂၀၂၀-၂၁စကော့တလန်ပရီးမီးယားလိဂ်အမှတ်ပေးဖလားအားရိန်းဂျားအ သင်းအတွက်ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ရိန်းဂျားဟာဆယ်နှစ်အတွင်းမှာပထမဆုံးအကြိမ်အဖြစ်စကော့တလန်အမှတ်ပေးဖလားကိုဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဂျရတ်ဟာစကော့တလန်မှာအောင်မြင်မှုရယူနိုင်မှုနဲ့အတူနောက်ပိုင်းတွင်ရလဒ်ဆိုးရွားနေတဲ့ကလော့်ရဲ့လီဗာပူးနည်းပြရာထူးကိုရယူမယ်လို့ခန့်မှန်းခြင်းခံနေရပါတယ်။

အခြားတစ်ဖက်တွင်ကလော့ပ်မှာလီဗာပူးနှင့်၂၀၂၄ခုနှစ်အထိစာချုပ်ချုပ်ဆိုထားသော်လည်းနွေရာသီတွင်လစ်လပ် လာမယ့်ဂျာမနီနည်းပြရာထူးအတွက်ရေပန်းစားနေပါတယ်။

ဒါပေမယ့်စတီဗင်ဂျရတ်က “အခုအချိန်မှာကျွန်တော်တို့ကလပ်(လီဗာပူး)မှာအကောင်းဆုံးနည်းပြတွေထဲကတစ်ဦး ကိုပိုင်ဆိုင်ထားပါတယ်။သူ့ကိုနှစ်သက်တယ်။သူ့ကိုနောက်နှစ်အနည်းငယ်အထိဆက်ရှိနေဖို့မျှော်လင့်ပါတယ်။ကျွန် တော့်မှာဒီမှာအလုပ်ရှိနေပါတယ်။ကျွန်တော်ကတော့ကလော့ပ်ကိုလီဗာပူးနှစ်များစွာရှိစေချင်ပါတယ်။လီဗာပူးက ကျွန်တော့်ကလပ်ပါ။တစ်နေ့မှာလီဗာပူးနည်းပြဖြစ်လာဖို့အိပ်မက်မက်သလားဆိုတော့မက်ပါတယ်။ဒါပေမယ့်အခု မဟုတ်ပါဘူး။ဒီကမ္ဘာမှာနည်းပြတွေအများကြီးရှိပါတယ်။ကျွန်တော်တို့အနေနဲ့ဂျာဂင်ကိုလေးစားမှုရှိရပါမယ်”လို့ ပြောကြားသွားပါတယ်။

ZawGyi

လီဗာပူးနည္းျပအျဖစ္ ကေလာ့ပ္ႏွစ္မ်ားစြာ ဆက္ရွိေနရန္ စတီဗင္ဂ်ရတ္ေမွ်ာ္လင့္

ရိန္းဂ်ားနည္းျပစတီဗင္ဂ်ရတ္ကလီဗာပူးနည္းျပရာထူးကိုရယူမယ္လို႔သတင္းမ်ားထြက္ေပၚေနမႈမ်ားကိုျငင္းဆိုလိုက္ပါတယ္။

စတီဗင္ဂ်ရတ္ဟာၿပီးခဲ့တဲ့အပတ္တုန္းက၂၀၂၀-၂၁စေကာ့တလန္ပရီးမီးယားလိဂ္အမွတ္ေပးဖလားအားရိန္းဂ်ားအ သင္းအတြက္ဆြတ္ခူးေပးႏိုင္ခဲ့ပါတယ္။ရိန္းဂ်ားဟာဆယ္ႏွစ္အတြင္းမွာပထမဆုံးအႀကိမ္အျဖစ္စေကာ့တလန္အမွတ္ေပးဖလားကိုဆြတ္ခူးႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဂ်ရတ္ဟာစေကာ့တလန္မွာေအာင္ျမင္မႈရယူႏိုင္မႈနဲ႔အတူေနာက္ပိုင္းတြင္ရလဒ္ဆိုး႐ြားေနတဲ့ကေလာ့္ရဲ႕လီဗာပူးနည္းျပရာထူးကိုရယူမယ္လို႔ခန႔္မွန္းျခင္းခံေနရပါတယ္။

အျခားတစ္ဖက္တြင္ကေလာ့ပ္မွာလီဗာပူးႏွင့္၂၀၂၄ခုႏွစ္အထိစာခ်ဳပ္ခ်ဳပ္ဆိုထားေသာ္လည္းေႏြရာသီတြင္လစ္လပ္ လာမယ့္ဂ်ာမနီနည္းျပရာထူးအတြက္ေရပန္းစားေနပါတယ္။

ဒါေပမယ့္စတီဗင္ဂ်ရတ္က “အခုအခ်ိန္မွာကြၽန္ေတာ္တို႔ကလပ္(လီဗာပူး)မွာအေကာင္းဆုံးနည္းျပေတြထဲကတစ္ဦး ကိုပိုင္ဆိုင္ထားပါတယ္။သူ႔ကိုႏွစ္သက္တယ္။သူ႔ကိုေနာက္ႏွစ္အနည္းငယ္အထိဆက္ရွိေနဖို႔ေမွ်ာ္လင့္ပါတယ္။ကြၽန္ ေတာ့္မွာဒီမွာအလုပ္ရွိေနပါတယ္။ကြၽန္ေတာ္ကေတာ့ကေလာ့ပ္ကိုလီဗာပူးႏွစ္မ်ားစြာရွိေစခ်င္ပါတယ္။လီဗာပူးက ကြၽန္ေတာ့္ကလပ္ပါ။တစ္ေန႔မွာလီဗာပူးနည္းျပျဖစ္လာဖို႔အိပ္မက္မက္သလားဆိုေတာ့မက္ပါတယ္။ဒါေပမယ့္အခု မဟုတ္ပါဘူး။ဒီကမာၻမွာနည္းျပေတြအမ်ားႀကီးရွိပါတယ္။ကြၽန္ေတာ္တို႔အေနနဲ႔ဂ်ာဂင္ကိုေလးစားမႈရွိရပါမယ္”လို႔ ေျပာၾကားသြားပါတယ္။