လီဗာပူးနိုင်နည်းကို ဝက်စ်ဟမ်းသိထားပြီးဖြစ်ကြောင်း ပြောကာ ကလော့ပ်ကို အရှိုက်ထိုးလိုက်တဲ့ အန်တိုနီယို

လီဗာပူးနည်းပြကလော့ပ်ကဝက်စ်ဟမ်းရှုံးပွဲအတွက်ဒိုင်လူကြီးကိုအပြစ်တင်ဝေဖန်သွားပြီးနောက်ဝက်စ်ဟမ်းတိုက်စစ်မှူးအန်တိုနီယိုက၎င်းတို့မှာလီဗာပူးနိုင်နည်းကိုသိထားပြီးဖြစ်ကြောင်းပြောကြားကာအရှိုက်ထိုးလိုက်ပါတယ်။

ဝက်စ်ဟမ်းဟာအန်ဂျီလာအော့ဘွန်နာရဲ့ဖိအားပေးမှုကနေလီဗာပူးဂိုးသမားအလီဆင်ရဲ့ထောင့်ကန်ဘောမှဘောလုံးကိုကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ဂိုးမှဦးဆောင်ဂိုးရခဲ့ပါတယ်။ဒါ့အပြင်ဝက်စ်ဟမ်းနောက်တန်းအစွန်လူခရက်စ်ဝဲလ်မှာဟင်ဒါဆင်ကိုကြမ်းတမ်းစွာဖျက်ထုတ်ကစားခဲ့ပေမယ့်ကံကောင်းထောက်မစွာအနီကတ်ပြသခြင်းမခံခဲ့ရပါဘူး။

အလီဆင်ရဲ့နောက်ထပ်ပေါ့လျှော့မှုနှစ်ကြိမ်ကနေဝက်စ်ဟမ်းတို့နောက်ထပ်နှစ်ဂိုးရရှိခဲ့ပြီးလီဗာပူးကို၃-၂ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ယခုအခါအန်တိုနီယိုကဝက်စ်ဟမ်းအသင်းမှာအလစ်ဆင်ကိုပစ်မှတ်ထားကာကစားခဲ့တဲ့အပြင်ဗန်ဒိုက်နှင့်ဝေးရာတွင်ဘောလုံးကစားပြီးလီဗာပူးကိုအနိုင်ယူရန်စီစဉ်ထားခဲ့ခြင်းဖြစ်ကြောင်းဆိုလာပါတယ်။

၎င်းက “ဂိုးသမားကိုဖိအားပေးဖို့စီစဉ်ထားခဲ့ပြီးသားပါ။ဘောလုံးဧရိယာထဲဝင်လာရင်သူတို့ရုန်းကန်ရတာတွေ့ခဲ့ရပါတယ်။ပြီးတော့ဗာဂယ်ဗန်ဒိုက်နဲ့ဝေးဝေးမှာလုပ်ဖို့စီစဉ်ထားခဲ့ပါတယ်”လို့ပြောကြားသွားပါတယ်။

လီဗာပူးဟာဝက်စ်ဟမ်းအားရှုံးနိမ့်မှုနဲ့အတူ၂၅ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းလည်းရပ်တန့်သွားခဲ့ပါတယ်။ကလော့ပ်ဟာလီဗာပူးသမိုင်းတွင်ရှုံးပွဲမရှိအများဆုံးမှတ်တမ်းဖြစ်တဲ့၂၆ပွဲရှုံးပွဲမရှိစံချိန်ကိုလိုက်မီရန်လက်တစ်ကမ်းအလိုတွင်ပျက်သွားခဲ့ရတာလည်းဖြစ်ပါတယ်။

ကလော့ပ်က “သူတို့ရသွားတဲ့ပထမဂိုးကဂိုးသမားကိုပြစ်ဒဏ်ကျူးလွန်ပြီးရသွားတာ။အလစ်ဆင်ရဲ့လက်ကိုထိန်းထားတော့ဘယ်လိုသွားဖမ်းမှာလဲ။အဓိပ္ပါယ်မရှိတာပါ။ပြစ်ဒဏ်ဘောမဖြစ်တာနားမလည်နိုင်အောင်ဖြစ်ရတယ်။ဂိုးသမားကိုကာကွယ်ရပါမယ်။ကစားသမားတစ်ဦးကသူ့လက်ကိုလေထဲမှာထိနေတာပါ။ဂိုးသမားရဲ့အရေးကြီးဆုံးအစိတ်အပိုင်းပါ။လူတွေကတော့အကြောင်းပြချက်ပေးနေတာပြောကြပါလိမ့်မယ်။ဒိုင်လူကြီးတစ်ဦးဆီကသာမန်ဆုံးဖြတ်ချက်ပဲအလိုရှိပါတယ်။ဒါပေမယ့်သူမလုပ်ခဲ့ပါဘူး”လို့ပြောကြားသွားပါတယ်။

ZawGyi

လီဗာပူးႏိုင္နည္းကို ဝက္စ္ဟမ္းသိထားၿပီးျဖစ္ေၾကာင္း ေျပာကာ ကေလာ့ပ္ကို အရႈိက္ထိုးလိုက္တဲ့ အန္တိုနီယို

လီဗာပူးနည္းျပကေလာ့ပ္ကဝက္စ္ဟမ္းရႈံးပြဲအတြက္ဒိုင္လူႀကီးကိုအျပစ္တင္ေဝဖန္သြားၿပီးေနာက္ဝက္စ္ဟမ္းတိုက္စစ္မႉးအန္တိုနီယိုက၎တို႔မွာလီဗာပူးႏိုင္နည္းကိုသိထားၿပီးျဖစ္ေၾကာင္းေျပာၾကားကာအရႈိက္ထိုးလိုက္ပါတယ္။

ဝက္စ္ဟမ္းဟာအန္ဂ်ီလာေအာ့ဘြန္နာရဲ႕ဖိအားေပးမႈကေနလီဗာပူးဂိုးသမားအလီဆင္ရဲ႕ေထာင့္ကန္ေဘာမွေဘာလုံးကိုကိုယ့္ဂိုးကိုယ္သြင္းမိတဲ့ဂိုးမွဦးေဆာင္ဂိုးရခဲ့ပါတယ္။ဒါ့အျပင္ဝက္စ္ဟမ္းေနာက္တန္းအစြန္လူခရက္စ္ဝဲလ္မွာဟင္ဒါဆင္ကိုၾကမ္းတမ္းစြာဖ်က္ထုတ္ကစားခဲ့ေပမယ့္ကံေကာင္းေထာက္မစြာအနီကတ္ျပသျခင္းမခံခဲ့ရပါဘူး။

အလီဆင္ရဲ႕ေနာက္ထပ္ေပါ့ေလွ်ာ့မႈႏွစ္ႀကိမ္ကေနဝက္စ္ဟမ္းတို႔ေနာက္ထပ္ႏွစ္ဂိုးရရွိခဲ့ၿပီးလီဗာပူးကို၃-၂ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ယခုအခါအန္တိုနီယိုကဝက္စ္ဟမ္းအသင္းမွာအလစ္ဆင္ကိုပစ္မွတ္ထားကာကစားခဲ့တဲ့အျပင္ဗန္ဒိုက္ႏွင့္ေဝးရာတြင္ေဘာလုံးကစားၿပီးလီဗာပူးကိုအႏိုင္ယူရန္စီစဥ္ထားခဲ့ျခင္းျဖစ္ေၾကာင္းဆိုလာပါတယ္။

၎က “ဂိုးသမားကိုဖိအားေပးဖို႔စီစဥ္ထားခဲ့ၿပီးသားပါ။ေဘာလုံးဧရိယာထဲဝင္လာရင္သူတို႔႐ုန္းကန္ရတာေတြ႕ခဲ့ရပါတယ္။ၿပီးေတာ့ဗာဂယ္ဗန္ဒိုက္နဲ႔ေဝးေဝးမွာလုပ္ဖို႔စီစဥ္ထားခဲ့ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

လီဗာပူးဟာဝက္စ္ဟမ္းအားရႈံးနိမ့္မႈနဲ႔အတူ၂၅ပြဲဆက္ရႈံးပြဲမရွိမွတ္တမ္းလည္းရပ္တန႔္သြားခဲ့ပါတယ္။ကေလာ့ပ္ဟာလီဗာပူးသမိုင္းတြင္ရႈံးပြဲမရွိအမ်ားဆုံးမွတ္တမ္းျဖစ္တဲ့၂၆ပြဲရႈံးပြဲမရွိစံခ်ိန္ကိုလိုက္မီရန္လက္တစ္ကမ္းအလိုတြင္ပ်က္သြားခဲ့ရတာလည္းျဖစ္ပါတယ္။

ကေလာ့ပ္က “သူတို႔ရသြားတဲ့ပထမဂိုးကဂိုးသမားကိုျပစ္ဒဏ္က်ဴးလြန္ၿပီးရသြားတာ။အလစ္ဆင္ရဲ႕လက္ကိုထိန္းထားေတာ့ဘယ္လိုသြားဖမ္းမွာလဲ။အဓိပၸါယ္မရွိတာပါ။ျပစ္ဒဏ္ေဘာမျဖစ္တာနားမလည္ႏိုင္ေအာင္ျဖစ္ရတယ္။ဂိုးသမားကိုကာကြယ္ရပါမယ္။ကစားသမားတစ္ဦးကသူ႔လက္ကိုေလထဲမွာထိေနတာပါ။ဂိုးသမားရဲ႕အေရးႀကီးဆုံးအစိတ္အပိုင္းပါ။လူေတြကေတာ့အေၾကာင္းျပခ်က္ေပးေနတာေျပာၾကပါလိမ့္မယ္။ဒိုင္လူႀကီးတစ္ဦးဆီကသာမန္ဆုံးျဖတ္ခ်က္ပဲအလိုရွိပါတယ္။ဒါေပမယ့္သူမလုပ္ခဲ့ပါဘူး”လို႔ေျပာၾကားသြားပါတယ္။