လီဗာပူးနဲ့ပွဲမှာ ဖရီးကစ်ကနေ ဂိုးသွင်းဖို့ အစောကြီးကတည်းကကြိုတင်ကြံစည်ထားခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်

မန်ယူနည်းပြဆိုးလ်ရှားကဘရူနိုဖာနန်ဒက်စ်မှာလီဗာပူးအားအနိုင်ရရှိတဲ့အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲမတိုင်မီ လေ့ကျင့်ရေးကွင်းတွင်ကျန်ရစ်ခဲ့ကာဖရီးကစ်ကန်သွင်းမှုလေ့ကျင့်နေခဲ့ကြောင်းဖွင့်ဟပြောကြားလာပါတယ်။

ဖာနန်ဒက်စ်ဟာလီဗာပူးအား၃-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာလူစားဝင်ရောက်လာပြီးနောက်ပွဲချိန်၇၈မိနစ်မှာဖရီးကစ်က နေအဖိုးတန်အနိုင်ဂိုးသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

မန်ယူဟာလွန်ခဲ့တဲ့တစ်ပတ်တုန်းကအန်ဖီးလ်မှာလီဗာပူးကိုဂိုးမရှိသရေကျပြီးနောက်အိုးထရက်ဖို့ဒ်အက်ဖ်အေဖလားပွဲစဉ်မှာတော့၃-၂ဂိုးဖြင့်အနိုင်ရယူနိုင်ခဲ့ပါတယ်။

သူဟာဒုတိယပိုင်းမှာဗန်ဒီဘိခ်အစားလူစားဝင်ရောက်လာပြီးနောက်ကာဗာနီကိုဖာဘင်ဟိုကလူချကစားမှုကြောင့် ရရှိတဲ့ဖရီးကစ်နေကန်အနိုင်ဂိုးသွင်းခဲ့တာပါ။

ဧရိယာအစပ်နားမှာရရှိတဲ့ဖရီးကစ်ကိုဖာနန်ဒက်စ်ကလီဗာပူးသမားအလီဆင်ပိတ်ထားတဲ့ထောင့်ကျဉ်းသို့သွင်းယူခဲ့ တာလည်းဖြစ်ပါတယ်။အနှေးပြကွက်များအရလီဗာပူးကွင်းလယ်ကစားသမားတီယာဂိုဟာဖာနန်ဒက်စ်ရဲ့ဖရီးကစ်မျက်နှာကိုထိမှာစိုး၍ငုံ့ရှောင်လိုက်မှုကြောင့်ဝင်သွားခဲ့တာဖြစ်ကြောင်းသိရပါတယ်။

ဒါပေမယ့်တကယ်တော့ဘရူနိုဖာနန်ဒက်စ်ဟာလီဗာပူးနဲ့ပွဲမှာဖရီးကစ်ကနေဂိုးသွင်းဖို့ကြိုတင်ကြံစည်ထားတာပါ။သူဟာနောက်ဆုံးလေ့ကျင့်ခန်းအစီအစဉ်ပြီးဆုံးချိန်မှာနောက်ထပ်၄၅မိနစ်အထိဖရီးကစ်ကန်ရင်းလေ့ကျင့်ခန်းနေခဲ့ တာလည်းဖြစ်ပါတယ်။

ဆိုးလ်ရှားက “သူကမနေ့တုန်းကလေ့ကျင့်ခန်းအစီအစဉ်အပြီးမှာကျန်ခဲ့တယ်။၄၅မိနစ်လောက်ဖရီးကစ်လေ့ကျင့် နေခဲ့တာ။ဒီတော့ကျွန်တော်ကသူဒီနေ့ဖရီးကစ်ကနေဂိုးသွင်းနိုင်မယ်လို့ယုံကြည်ထားပြီးသားပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

လီဗာပူးနဲ႔ပြဲမွာ ဖရီးကစ္ကေန ဂိုးသြင္းဖို႔ အေစာႀကီးကတည္းကႀကိဳတင္ႀကံစည္ထားခဲ့တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္

မန္ယူနည္းျပဆိုးလ္ရွားကဘ႐ူႏိုဖာနန္ဒက္စ္မွာလီဗာပူးအားအႏိုင္ရရွိတဲ့အက္ဖ္ေအဖလားစတုတၳအဆင့္ပြဲမတိုင္မီ ေလ့က်င့္ေရးကြင္းတြင္က်န္ရစ္ခဲ့ကာဖရီးကစ္ကန္သြင္းမႈေလ့က်င့္ေနခဲ့ေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

ဖာနန္ဒက္စ္ဟာလီဗာပူးအား၃-၂ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာလူစားဝင္ေရာက္လာၿပီးေနာက္ပြဲခ်ိန္၇၈မိနစ္မွာဖရီးကစ္က ေနအဖိုးတန္အႏိုင္ဂိုးသြင္းယူခဲ့တာလည္းျဖစ္ပါတယ္။

မန္ယူဟာလြန္ခဲ့တဲ့တစ္ပတ္တုန္းကအန္ဖီးလ္မွာလီဗာပူးကိုဂိုးမရွိသေရက်ၿပီးေနာက္အိုးထရက္ဖို႔ဒ္အက္ဖ္ေအဖလားပြဲစဥ္မွာေတာ့၃-၂ဂိုးျဖင့္အႏိုင္ရယူႏိုင္ခဲ့ပါတယ္။

သူဟာဒုတိယပိုင္းမွာဗန္ဒီဘိခ္အစားလူစားဝင္ေရာက္လာၿပီးေနာက္ကာဗာနီကိုဖာဘင္ဟိုကလူခ်ကစားမႈေၾကာင့္ ရရွိတဲ့ဖရီးကစ္ေနကန္အႏိုင္ဂိုးသြင္းခဲ့တာပါ။

ဧရိယာအစပ္နားမွာရရွိတဲ့ဖရီးကစ္ကိုဖာနန္ဒက္စ္ကလီဗာပူးသမားအလီဆင္ပိတ္ထားတဲ့ေထာင့္က်ဥ္းသို႔သြင္းယူခဲ့ တာလည္းျဖစ္ပါတယ္။အေႏွးျပကြက္မ်ားအရလီဗာပူးကြင္းလယ္ကစားသမားတီယာဂိုဟာဖာနန္ဒက္စ္ရဲ႕ဖရီးကစ္မ်က္ႏွာကိုထိမွာစိုး၍ငုံ႔ေရွာင္လိုက္မႈေၾကာင့္ဝင္သြားခဲ့တာျဖစ္ေၾကာင္းသိရပါတယ္။

ဒါေပမယ့္တကယ္ေတာ့ဘ႐ူႏိုဖာနန္ဒက္စ္ဟာလီဗာပူးနဲ႔ပြဲမွာဖရီးကစ္ကေနဂိုးသြင္းဖို႔ႀကိဳတင္ႀကံစည္ထားတာပါ။သူဟာေနာက္ဆုံးေလ့က်င့္ခန္းအစီအစဥ္ၿပီးဆုံးခ်ိန္မွာေနာက္ထပ္၄၅မိနစ္အထိဖရီးကစ္ကန္ရင္းေလ့က်င့္ခန္းေနခဲ့ တာလည္းျဖစ္ပါတယ္။

ဆိုးလ္ရွားက “သူကမေန႔တုန္းကေလ့က်င့္ခန္းအစီအစဥ္အၿပီးမွာက်န္ခဲ့တယ္။၄၅မိနစ္ေလာက္ဖရီးကစ္ေလ့က်င့္ ေနခဲ့တာ။ဒီေတာ့ကြၽန္ေတာ္ကသူဒီေန႔ဖရီးကစ္ကေနဂိုးသြင္းႏိုင္မယ္လို႔ယုံၾကည္ထားၿပီးသားပါ”လို႔ေျပာၾကားသြားပါတယ္။