
ဘရူနိုဖာနန်ဒက်စ်ဟာယခုအပတ်အကုန်တွင်လီဗာပူးနှင့်ရင်ဆိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲကိုလွဲချော်ဖွယ်ရှိနေပါတယ်။
ပေါ်တူဂီကွင်းလယ်ကစားသမားဟာကြားရက်တုန်းကအတ္တလန္တာကို၃-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်အားပွဲချိန်ပြည့်ကစားခဲ့သူဖြစ်ပါတယ်။ဒါပေမယ့်သူဟာပွဲပြီးခါနီးမှာကြမ်းတမ်းတဲ့ဖျက်ထုတ်မှုအချို့ကြုံတွေ့ခဲ့ရပါတယ်။
သူဟာမနေ့တုန်းကကာရင်တန်လေ့ကျင့်ရေးကွင်းသို့သွေးပူလေ့ကျင့်ခန်းဆင်းရန်ရောက်လာခဲ့ပေမယ့်နေ့လည်ပိုင်းရောက်တဲ့အချိန်မှာတော့အခြေအနေကတဖြည်းဖြည်းဆိုးရွားကာထော့နင်းထော့နင်းဖြင့်သွားနေခဲ့ရပါတယ်။
ယင်းသို့အခြေအနေကြောင့်မန်ယူနည်းပြဆိုးလ်ရှားဟာဘရူနိုဖာနန်ဒက်စ်ရဲ့ဒဏ်ရာမှာသာမန်ပွန်းပဲ့ဒဏ်ရာမျှသာဖြစ်လာရန်မျှော်လင့်နေပြီးတနင်္ဂနွေနေ့တွင်ကစားရမယ့်လီဗာပူးနှင့် အရေးပါတဲ့ပွဲတွင်ပါဝင်နိုင်ရန်မျှော်လင့်နေပါတယ်။
လက်ရှိအချိန်တွင်မန်ယူဟာထိပ်ဆုံးမှချဲလ်ဆီးနှင့်ရမှတ်၅မှတ်ကွာဟနေပြီး ဒုတိယနေရာမှလီဗာပူးနှင့်ရမှတ်၄မှတ်ကွာအမှတ်ပေးဇယားအဆင့်၆နေရာမှာရပ်တည်နေပါတယ်။ဒါကြောင့်မန်ယူအနေဖြင့်လာမယ့်တနင်္ဂနွေနေ့မှာကစားရမယ့်လီဗာပူးနှင့်ပွဲတွင်သာရှုံးနိမ့်ပါကပရီးမီးယားလိဂ်ချန်ပီယံဆုတိုက်ပွဲဝင်စာရင်းကဖယ်ရှားခံလာရဖို့ရှိပါတယ်။
ZawGyi
လီဗာပူးနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆုစိန္ေခၚေရး အဆုံးအျဖတ္ပြဲကို ဘ႐ူႏိုဖာနန္ဒက္စ္ လြဲဖြယ္ရွိေန
ဘ႐ူႏိုဖာနန္ဒက္စ္ဟာယခုအပတ္အကုန္တြင္လီဗာပူးႏွင့္ရင္ဆိုင္ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲကိုလြဲေခ်ာ္ဖြယ္ရွိေနပါတယ္။
ေပၚတူဂီကြင္းလယ္ကစားသမားဟာၾကားရက္တုန္းကအတၱလႏၲာကို၃-၂ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္အားပြဲခ်ိန္ျပည့္ကစားခဲ့သူျဖစ္ပါတယ္။ဒါေပမယ့္သူဟာပြဲၿပီးခါနီးမွာၾကမ္းတမ္းတဲ့ဖ်က္ထုတ္မႈအခ်ိဳ႕ႀကဳံေတြ႕ခဲ့ရပါတယ္။
သူဟာမေန႔တုန္းကကာရင္တန္ေလ့က်င့္ေရးကြင္းသို႔ေသြးပူေလ့က်င့္ခန္းဆင္းရန္ေရာက္လာခဲ့ေပမယ့္ေန႔လည္ပိုင္းေရာက္တဲ့အခ်ိန္မွာေတာ့အေျခအေနကတျဖည္းျဖည္းဆိုး႐ြားကာေထာ့နင္းေထာ့နင္းျဖင့္သြားေနခဲ့ရပါတယ္။
ယင္းသို႔အေျခအေနေၾကာင့္မန္ယူနည္းျပဆိုးလ္ရွားဟာဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ဒဏ္ရာမွာသာမန္ပြန္းပဲ့ဒဏ္ရာမွ်သာျဖစ္လာရန္ေမွ်ာ္လင့္ေနၿပီးတနဂၤေႏြေန႔တြင္ကစားရမယ့္လီဗာပူးႏွင့္ အေရးပါတဲ့ပြဲတြင္ပါဝင္ႏိုင္ရန္ေမွ်ာ္လင့္ေနပါတယ္။
လက္ရွိအခ်ိန္တြင္မန္ယူဟာထိပ္ဆုံးမွခ်ဲလ္ဆီးႏွင့္ရမွတ္၅မွတ္ကြာဟေနၿပီး ဒုတိယေနရာမွလီဗာပူးႏွင့္ရမွတ္၄မွတ္ကြာအမွတ္ေပးဇယားအဆင့္၆ေနရာမွာရပ္တည္ေနပါတယ္။ဒါေၾကာင့္မန္ယူအေနျဖင့္လာမယ့္တနဂၤေႏြေန႔မွာကစားရမယ့္လီဗာပူးႏွင့္ပြဲတြင္သာရႈံးနိမ့္ပါကပရီးမီးယားလိဂ္ခ်န္ပီယံဆုတိုက္ပြဲဝင္စာရင္းကဖယ္ရွားခံလာရဖို႔ရွိပါတယ္။