လီဗာပူးနှင့်ကလော့ပ်ကို ပြစ်ပြစ်နှစ်နှစ်ဝေဖန်လိုက်တဲ့ ရွိုင်ကိန်း

မန်ယူဂန္ထဝင်ကစားသမားရွိုင်ကိန်းဟာမနေ့ညတုန်းကမန်စီးတီးကို၄-၁ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့လီဗာပူးကိုဆိုးရွားလှတဲ့ ချန်ပီယံဟုပြောကြားခဲ့ပြီးနောက်တစ်ကြိမ်အမှတ်ပေးဖလားရရန်နှစ်သုံးဆယ်စောင့်ရဦးမယ်လို့ပြောကြားလိုက်ပါတယ်။

ဒါ့အပြင်ရွိုင်ကိန်းဟာဒဏ်ရာရကစားသမားများပြားမှုကိုအကာအကွယ်ပြုကာကိုယ့်အားနည်းချက်ကိုဖုံးကွယ်ရန် ကြိုးပမ်းနေတဲ့လီဗာပူးနည်းပြကလော့ပ်ကိုလည်းဝေဖန်သွားခဲ့ပါသေးတယ်။

ရွိုင်ကိန်းက “ဒီပွဲမတိုင်မီတုန်းကသူတို့ဟာဆင်ခြေတွေအများကြီးပေးနေတာကိုပြောခဲ့ကြတယ်။ဒါပေမယ့်ကျွန် တော့်အတွက်တော့သူတို့ကဆိုးရွားတဲ့ချန်ပီယံပါ”လို့ပြောကြားသွားပါတယ်။ရွိုင်ကိန်းဟာမန်စီးတီးနှင့်ရှုံးပွဲကိုသာ ထောက်ပြခဲ့တာမဟုတ်ပါဘူး။ဘရိုက်တန်ကို၁-၀ဂိုးနဲ့ရှုံးနိမ့်တဲ့ပွဲကိုလည်းထောက်ပြသွားပါတယ်။

ရွိုင်ကိန်းက “ဒီနေ့ပွဲကိုဘဲပြောတာမဟုတ်ပါဘူး။ဘယ်အသင်းမဆိုရှုံးနိုင်ပါတယ်။ဘရိုက်တန်နဲ့ပွဲကိုလည်းကြည့်ဦး။ ဘရိုက်တန်ဟာသူတို့ကိုသက်တောင့်သက်သာနဲ့ကစားသွားခဲ့တယ်။ပြီးခဲ့တဲ့နှစ်ကသူတို့ချန်ပီယံဖြစ်ခဲ့တော့ဒီနှစ်မှာ သူတို့ကချန်ပီယံဆုအတွက်အနိုင်ယူရမယ့်အသင်းအဖြစ်အားလုံးကယုံကြည်ခဲ့ကြတယ်။ဒါပေမယ့်ကျွန်တော်ကတော့ချန်ပီယံအတွက်နောက်ထပ်စိန်ခေါ်မှုဆိုတာရှိပြီးသားပါ။ဘာကြောင့်နောက်ထပ်မလုပ်ပြနိုင်မလဲဆိုတဲ့စိတ် ရှိပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်အင်တာဗျူးများတွင်ကလော့ပ်ရဲ့ဆင်ခြေပေးနေမှုများအပေါ်ကိန်းက “ကစားသမားအားလုံးကြံ့ခိုင်မှု ကောင်းနေရင်တော့အကောင်းတကာ့အကောင်းဆုံးပေါ့။သူတို့မှာအကောင်းဆုံးဂိုးသမားရှိတုန်းပါ။အလယ်တန်း မှာလည်းနိုင်ငံတကာအဆင့်ကစားသမားတွေရှိနေတုန်းပါ။ပွဲပြီးရင်ကလော့ပ်ကအင်တာဗျူးမှာဂိုးသမားကဖျားနေ တယ်ထင်တယ်လို့ပြောလိမ့်မယ်။စကားလုံးသစ်နော်။ဒီလေသံကမလေးမစားလုပ်ရာကျကောင်းကျလိမ့်မယ်။ ဒါပေမယ့်သေချာတာကတော့ဆင်ခြေပေးပြီးရင်းဆင်ခြေပေးရင်းဘဲ။နောက်တစ်နေ့ဆိုသူကမန်စီးတီးကဗိုင်းရပ်စ် ကြောင့်ပွဲမကစားရတော့အနားရခဲ့တယ်လို့ပြောလိမ့်မယ်။သူတို့နှစ်ရက်လောက်လေ့ကျင့်ခန်းမဆင်းရဘဲနေမယ် ထင်တယ်ဘာညာပြောလိမ့်မယ်။ဒီလိုဘဲတစ်ခုပြီးတစ်ခါဆင်ခြေဆင်လက်တွေပေးနေလိမ့်မယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

လီဗာပူးႏွင့္ကေလာ့ပ္ကို ျပစ္ျပစ္ႏွစ္ႏွစ္ေဝဖန္လိုက္တဲ့ ႐ြိဳင္ကိန္း

မန္ယူဂႏၴဝင္ကစားသမား႐ြိဳင္ကိန္းဟာမေန႔ညတုန္းကမန္စီးတီးကို၄-၁ဂိုးနဲ႔အေရးနိမ့္ခဲ့တဲ့လီဗာပူးကိုဆိုး႐ြားလွတဲ့ ခ်န္ပီယံဟုေျပာၾကားခဲ့ၿပီးေနာက္တစ္ႀကိမ္အမွတ္ေပးဖလားရရန္ႏွစ္သုံးဆယ္ေစာင့္ရဦးမယ္လို႔ေျပာၾကားလိုက္ပါတယ္။

ဒါ့အျပင္႐ြိဳင္ကိန္းဟာဒဏ္ရာရကစားသမားမ်ားျပားမႈကိုအကာအကြယ္ျပဳကာကိုယ့္အားနည္းခ်က္ကိုဖုံးကြယ္ရန္ ႀကိဳးပမ္းေနတဲ့လီဗာပူးနည္းျပကေလာ့ပ္ကိုလည္းေဝဖန္သြားခဲ့ပါေသးတယ္။

႐ြိဳင္ကိန္းက “ဒီပြဲမတိုင္မီတုန္းကသူတို႔ဟာဆင္ေျခေတြအမ်ားႀကီးေပးေနတာကိုေျပာခဲ့ၾကတယ္။ဒါေပမယ့္ကြၽန္ ေတာ့္အတြက္ေတာ့သူတို႔ကဆိုး႐ြားတဲ့ခ်န္ပီယံပါ”လို႔ေျပာၾကားသြားပါတယ္။႐ြိဳင္ကိန္းဟာမန္စီးတီးႏွင့္ရႈံးပြဲကိုသာ ေထာက္ျပခဲ့တာမဟုတ္ပါဘူး။ဘ႐ိုက္တန္ကို၁-၀ဂိုးနဲ႔ရႈံးနိမ့္တဲ့ပြဲကိုလည္းေထာက္ျပသြားပါတယ္။

႐ြိဳင္ကိန္းက “ဒီေန႔ပြဲကိုဘဲေျပာတာမဟုတ္ပါဘူး။ဘယ္အသင္းမဆိုရႈံးႏိုင္ပါတယ္။ဘ႐ိုက္တန္နဲ႔ပြဲကိုလည္းၾကည့္ဦး။ ဘ႐ိုက္တန္ဟာသူတို႔ကိုသက္ေတာင့္သက္သာနဲ႔ကစားသြားခဲ့တယ္။ၿပီးခဲ့တဲ့ႏွစ္ကသူတို႔ခ်န္ပီယံျဖစ္ခဲ့ေတာ့ဒီႏွစ္မွာ သူတို႔ကခ်န္ပီယံဆုအတြက္အႏိုင္ယူရမယ့္အသင္းအျဖစ္အားလုံးကယုံၾကည္ခဲ့ၾကတယ္။ဒါေပမယ့္ကြၽန္ေတာ္ကေတာ့ခ်န္ပီယံအတြက္ေနာက္ထပ္စိန္ေခၚမႈဆိုတာရွိၿပီးသားပါ။ဘာေၾကာင့္ေနာက္ထပ္မလုပ္ျပႏိုင္မလဲဆိုတဲ့စိတ္ ရွိပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္အင္တာဗ်ဴးမ်ားတြင္ကေလာ့ပ္ရဲ႕ဆင္ေျခေပးေနမႈမ်ားအေပၚကိန္းက “ကစားသမားအားလုံးႀကံ့ခိုင္မႈ ေကာင္းေနရင္ေတာ့အေကာင္းတကာ့အေကာင္းဆုံးေပါ့။သူတို႔မွာအေကာင္းဆုံးဂိုးသမားရွိတုန္းပါ။အလယ္တန္း မွာလည္းႏိုင္ငံတကာအဆင့္ကစားသမားေတြရွိေနတုန္းပါ။ပြဲၿပီးရင္ကေလာ့ပ္ကအင္တာဗ်ဴးမွာဂိုးသမားကဖ်ားေန တယ္ထင္တယ္လို႔ေျပာလိမ့္မယ္။စကားလုံးသစ္ေနာ္။ဒီေလသံကမေလးမစားလုပ္ရာက်ေကာင္းက်လိမ့္မယ္။ ဒါေပမယ့္ေသခ်ာတာကေတာ့ဆင္ေျခေပးၿပီးရင္းဆင္ေျခေပးရင္းဘဲ။ေနာက္တစ္ေန႔ဆိုသူကမန္စီးတီးကဗိုင္းရပ္စ္ ေၾကာင့္ပြဲမကစားရေတာ့အနားရခဲ့တယ္လို႔ေျပာလိမ့္မယ္။သူတို႔ႏွစ္ရက္ေလာက္ေလ့က်င့္ခန္းမဆင္းရဘဲေနမယ္ ထင္တယ္ဘာညာေျပာလိမ့္မယ္။ဒီလိုဘဲတစ္ခုၿပီးတစ္ခါဆင္ေျခဆင္လက္ေတြေပးေနလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။