လီဗာပူးနှင့်စာချုပ်သစ်ချုပ်ဆိုရန်အတွက် အင်္ဂလန်သို့ရောက်ပြီဖြစ်တဲ့ မိုဟာမက်ဆာလက်ရဲ့အေးဂျင့်

မိုဟာမက်ဆာလက်ရဲ့အေးဂျင့်ရာမီအေဘက်စ်ဟာစနေနေ့နံနက်ပိုင်းကတည်းကမိုဟာမက်ဆာလက်ရဲ့စာချုပ်သစ်ကိစ္စအားဆွေးနွေးမှုပြုလုပ်ရန်အင်္ဂလန်သို့ရောက်နေပြီဖြစ်ကြောင်းသိရပါတယ်။အေးဂျင့်ဟာမနေ့ညတုန်းကဝက်ဖို့ဒ်ကိုလီဗာပူးက၅-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲကိုလည်းကိုယ်တိုင်သွားရောက်ကြည့်ရှုအားပေးခဲ့ပါတယ်။

ဝက်ဖို့ဒ်အား၅-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်တွင်မိုဟာမက်ဆာလက်ဟာအထူးခြေစွမ်းပြကစားခဲ့ပြီးတစ်ကိုယ်တော်အစွမ်းဖြင့်လှပတဲ့ဂိုးတစ်ဂိုးသွင်းခဲ့တဲ့အပြင်ကစားဖော်မာနေး ဦးဆောင်ဂိုးသွင်းနိုင်ရန်အတွက်လည်းလှပတဲ့ဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။

မိုဟာမက်ဆာလက်ရဲ့ယခုရာသီတွင်အထူးခြေစွမ်းပြကစားမှုနဲ့အတူ ကိုလံဘီယာလူမျိုးအေးဂျင့်ဟာတစ်ပတ်လုပ်ခပေါင်၅၀၀၀၀၀တန်စာချုပ်ချုပ်ဆိုရေးအတွက်ဖိအားပေးလုပ်ဆောင်သွားဖို့လည်းရှိနေပါတယ်။

အီဂျစ်စူပါစတားဟာလက်ရှိအချိန်တွင်လီဗာပူးတွင်လုပ်ခပေါင်၂၀၀၀၀၀သာရရှိနေသူဖြစ်ပြီး စာချုပ်သက်တမ်းမှာ၂၀၂၃ခုနှစ်တွင်ကုန်ဆုံးပါမယ်။

ဒါပေမယ့်လီဗာပူးဟာကလော့ပ်ကိုယ်တိုင်ကမိုဟာမက်ဆာလက်မှာလက်ရှိအချိန်တွင်လီယွန်နယ်မက်ဆီ၊ခရစ္စတီယာနိုရော်နယ်ဒိုတို့ထက်ပိုမိုကောင်းမွန်ကာကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ကြောင်းပြောဆိုလာပြီးနောက်လုပ်ခများစွာတိုးမြှင့်ပေးရန်အသင့်ရှိနေပါတယ်။

ZawGyi

လီဗာပူးႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္အတြက္ အဂၤလန္သို႔ေရာက္ၿပီျဖစ္တဲ့ မိုဟာမက္ဆာလက္ရဲ႕ေအးဂ်င့္

မိုဟာမက္ဆာလက္ရဲ႕ေအးဂ်င့္ရာမီေအဘက္စ္ဟာစေနေန႔နံနက္ပိုင္းကတည္းကမိုဟာမက္ဆာလက္ရဲ႕စာခ်ဳပ္သစ္ကိစၥအားေဆြးေႏြးမႈျပဳလုပ္ရန္အဂၤလန္သို႔ေရာက္ေနၿပီျဖစ္ေၾကာင္းသိရပါတယ္။ေအးဂ်င့္ဟာမေန႔ညတုန္းကဝက္ဖို႔ဒ္ကိုလီဗာပူးက၅-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲကိုလည္းကိုယ္တိုင္သြားေရာက္ၾကည့္ရႈအားေပးခဲ့ပါတယ္။

ဝက္ဖို႔ဒ္အား၅-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္တြင္မိုဟာမက္ဆာလက္ဟာအထူးေျခစြမ္းျပကစားခဲ့ၿပီးတစ္ကိုယ္ေတာ္အစြမ္းျဖင့္လွပတဲ့ဂိုးတစ္ဂိုးသြင္းခဲ့တဲ့အျပင္ကစားေဖာ္မာေနး ဦးေဆာင္ဂိုးသြင္းႏိုင္ရန္အတြက္လည္းလွပတဲ့ဖန္တီးမႈျပဳလုပ္ႏိုင္ခဲ့ပါတယ္။

မိုဟာမက္ဆာလက္ရဲ႕ယခုရာသီတြင္အထူးေျခစြမ္းျပကစားမႈနဲ႔အတူ ကိုလံဘီယာလူမ်ိဳးေအးဂ်င့္ဟာတစ္ပတ္လုပ္ခေပါင္၅၀၀၀၀၀တန္စာခ်ဳပ္ခ်ဳပ္ဆိုေရးအတြက္ဖိအားေပးလုပ္ေဆာင္သြားဖို႔လည္းရွိေနပါတယ္။

အီဂ်စ္စူပါစတားဟာလက္ရွိအခ်ိန္တြင္လီဗာပူးတြင္လုပ္ခေပါင္၂၀၀၀၀၀သာရရွိေနသူျဖစ္ၿပီး စာခ်ဳပ္သက္တမ္းမွာ၂၀၂၃ခုႏွစ္တြင္ကုန္ဆုံးပါမယ္။

ဒါေပမယ့္လီဗာပူးဟာကေလာ့ပ္ကိုယ္တိုင္ကမိုဟာမက္ဆာလက္မွာလက္ရွိအခ်ိန္တြင္လီယြန္နယ္မက္ဆီ၊ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔ထက္ပိုမိုေကာင္းမြန္ကာကမာၻ႔အေကာင္းဆုံးကစားသမားျဖစ္ေၾကာင္းေျပာဆိုလာၿပီးေနာက္လုပ္ခမ်ားစြာတိုးျမႇင့္ေပးရန္အသင့္ရွိေနပါတယ္။