လီဗာပူးနှင့်နှစ်ရှည်စာချုပ်ချုပ်လိုက်ပြီဖြစ်တဲ့ ဗန်ဒိုက်၊ နော့ဝှစ်ချ်ပွဲတွင်ကစားရန် အသင့်ဖြစ်နေပြီ

ဗာဂယ်ဗန်ဒိုက်ဟာလီဗာပူးအသင်းတွင်၂၀၂၅ခုနှစ်အထိရှိနေမယ့်နှစ်ရှည်စာချုပ်သစ်တစ်ရပ်အားချုပ်ဆိုလိုက်ပါတယ်။ပေါင်၇၅သန်းတန်ဗဟိုနောက်ခံလူဟာ၂၀၁၈ခုနှစ်၊ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ဆောက်သမ်တန်မှရောက်လာပြီးနောက်ပရီးမီးယားလိဂ်နှင့်ချန်ပီယံလိဂ်ဖလားတို့ဆွတ်ခူးနိုင်အောင်အဓိကနေရာမှကူညီခဲ့သူလည်းဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့နှစ်တုန်းကမာဆေးလ်ဆိုက်ဒါဘီပွဲစဉ်တွင်ရရှိခဲ့တဲ့ဒူးအရွတ်ဒဏ်ရာကြောင့်ကာလရှည်ကြာအနားယူခဲ့ရပြီးနောက်ယခုအခါလီဗာပူးနှင့်လေးနှစ်စာချုပ်သစ်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

အသက်၃၀နှစ်ရှိဒတ်ချ်အသင်းခေါင်းဆောင်က “အံ့ဩစရာကောင်းလှပါတယ်။အရမ်းဂုဏ်ယူစရာကောင်းတဲ့အရာပါ။ကျွန်တော့်ဇနီး၊ကျွန်တော့်ကလေးတွေနဲ့ကျွန်တော့်အေဂျင်စီတို့လည်းဂုဏ်ယူနေကြပါတယ်။ကျွန်တော်တို့အလုပ်ကြိုးစားပြီးရှေ့သို့လျှောက်လှမ်းကြပါမယ်။အနာဂတ်မှာလီဗာပူးနဲ့တွဲပြီးရယူလာမယ့်အရာတွေအတွက် စိတ်လှုပ်ရှားနေပါတယ်”လို့ပြောကြားသွားပါတယ်။

ဗန်ဒိုက်ဟာဒူးအရွတ်ဒဏ်ရာမှပြန်လည်ကောင်းမွန်လာပြီးနောက်စနေနေ့တွင်နော့ဝှချ်နှင့်ကစားရမယ့်ပွဲအတွက်အသင့်ဖြစ်နေပြီလည်းဖြစ်ပါတယ်။

ဆဲလ်တစ်နောက်ခံလူဟောင်းက “အားလုံးကောင်းမွန်နေတယ်လို့ခံစားရပါတယ်။ခြေစမ်းပွဲတွေကစားခဲ့လို့ကြံ့ခိုင်မှုပိုင်းကကောင်းသထက်ကောင်းနေပါတယ်။အခုအပတ်ပွဲအတွက်အဆင်သင့်ဖြစ်နေပြီလို့ခံစားရပါတယ်။နည်းပြဘက်ကဘယ်လိုဆုံးဖြတ်မလဲကြည့်ရပါမယ်”လို့ပြောကြားသွားပါတယ်။

လီဗာပူးဟာဗန်ဒိုက်မတိုင်မီထရန်းအလက်ဇန္ဒားအာနိုး၊ဖာဘင်ဟို၊အလစ်ဆင်တို့ကိုလည်းစာချုပ်သစ်ချုပ်ဆိုခဲ့ပြီးလည်းဖြစ်ပါတယ်။

ZawGyi

လီဗာပူးႏွင့္ႏွစ္ရွည္စာခ်ဳပ္ခ်ဳပ္လိုက္ၿပီျဖစ္တဲ့ ဗန္ဒိုက္၊ ေနာ့ဝွစ္ခ်္ပြဲတြင္ကစားရန္ အသင့္ျဖစ္ေနၿပီ

ဗာဂယ္ဗန္ဒိုက္ဟာလီဗာပူးအသင္းတြင္၂၀၂၅ခုႏွစ္အထိရွိေနမယ့္ႏွစ္ရွည္စာခ်ဳပ္သစ္တစ္ရပ္အားခ်ဳပ္ဆိုလိုက္ပါတယ္။ေပါင္၇၅သန္းတန္ဗဟိုေနာက္ခံလူဟာ၂၀၁၈ခုႏွစ္၊ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ေဆာက္သမ္တန္မွေရာက္လာၿပီးေနာက္ပရီးမီးယားလိဂ္ႏွင့္ခ်န္ပီယံလိဂ္ဖလားတို႔ဆြတ္ခူးႏိုင္ေအာင္အဓိကေနရာမွကူညီခဲ့သူလည္းျဖစ္ပါတယ္။

သူဟာၿပီးခဲ့တဲ့ႏွစ္တုန္းကမာေဆးလ္ဆိုက္ဒါဘီပြဲစဥ္တြင္ရရွိခဲ့တဲ့ဒူးအ႐ြတ္ဒဏ္ရာေၾကာင့္ကာလရွည္ၾကာအနားယူခဲ့ရၿပီးေနာက္ယခုအခါလီဗာပူးႏွင့္ေလးႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္ၿပီျဖစ္ပါတယ္။

အသက္၃၀ႏွစ္ရွိဒတ္ခ်္အသင္းေခါင္းေဆာင္က “အံ့ဩစရာေကာင္းလွပါတယ္။အရမ္းဂုဏ္ယူစရာေကာင္းတဲ့အရာပါ။ကြၽန္ေတာ့္ဇနီး၊ကြၽန္ေတာ့္ကေလးေတြနဲ႔ကြၽန္ေတာ့္ေအဂ်င္စီတို႔လည္းဂုဏ္ယူေနၾကပါတယ္။ကြၽန္ေတာ္တို႔အလုပ္ႀကိဳးစားၿပီးေရွ႕သို႔ေလွ်ာက္လွမ္းၾကပါမယ္။အနာဂတ္မွာလီဗာပူးနဲ႔တြဲၿပီးရယူလာမယ့္အရာေတြအတြက္ စိတ္လႈပ္ရွားေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဗန္ဒိုက္ဟာဒူးအ႐ြတ္ဒဏ္ရာမွျပန္လည္ေကာင္းမြန္လာၿပီးေနာက္စေနေန႔တြင္ေနာ့ဝွခ်္ႏွင့္ကစားရမယ့္ပြဲအတြက္အသင့္ျဖစ္ေနၿပီလည္းျဖစ္ပါတယ္။

ဆဲလ္တစ္ေနာက္ခံလူေဟာင္းက “အားလုံးေကာင္းမြန္ေနတယ္လို႔ခံစားရပါတယ္။ေျခစမ္းပြဲေတြကစားခဲ့လို႔ႀကံ့ခိုင္မႈပိုင္းကေကာင္းသထက္ေကာင္းေနပါတယ္။အခုအပတ္ပြဲအတြက္အဆင္သင့္ျဖစ္ေနၿပီလို႔ခံစားရပါတယ္။နည္းျပဘက္ကဘယ္လိုဆုံးျဖတ္မလဲၾကည့္ရပါမယ္”လို႔ေျပာၾကားသြားပါတယ္။

လီဗာပူးဟာဗန္ဒိုက္မတိုင္မီထရန္းအလက္ဇႏၵားအာႏိုး၊ဖာဘင္ဟို၊အလစ္ဆင္တို႔ကိုလည္းစာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့ၿပီးလည္းျဖစ္ပါတယ္။