လီဗာပူးနှင့်ပွဲကို ဘရူနိုဖာနန်ဒက်စ် လွဲဖွယ်ရှိကြောင်း ဆိုးလ်ရှားအတည်ပြု

မန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားကဘရူနိုဖာနန်ဒက်စ်မှာလီဗာပူးနှင့်ကစားမယ့်ပရီးမီးယားလိဂ်ပွဲစဉ်ကိုလွဲချော်နိုင်ကြောင်းအတည်ပြုပြောကြားလိုက်ပါတယ်။

ပေါ်တူဂီကွင်းလယ်ကစားသမားဟာကြားရက်တုန်းကအတ္တလန္တာအား၃-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ချန်ပီယံလိဂ်ပွဲစဉ်တွင်ပွဲချိန်ပြည့်ကစားခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်ဘရူနိုဖာနန်ဒက်စ်ဟာပွဲနှောင်းပိုင်းတွင်ကြမ်းတမ်းစွာဖျက်ထုတ်ကစားမှုအချို့ခံခဲ့ရပြီးနောက်လီဗာပူးနှင့်ရင်ဆိုင်ရမယ့်ပွဲတွင်ပါဝင်ရန်မရေမရာဖြစ်နေပြီဖြစ်ပါတယ်။

ဆိုးလ်ရှားက “ကြံ့ခိုင်မှုပြည့်ဝတဲ့အသင်းကိုဘဲရွေးပါမယ်။နှစ်ယောက်သုံးယောက်လောက်မပါတာမျိုးဖြစ်နိုင်ပါတယ်။ဘရူနိုကပါဝင်ဖို့မသေချာတဲ့တစ်ယောက်ပါ။ဒါပေမယ့်သူလည်းအဆင်သင့်ဖြစ်နေဖို့အစွမ်းကုန်လုပ်နေပါတယ်”လို့ပြောကြားသွားပါတယ်။

အတ္တလန္တာအား၃-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်ပွဲချိန်၈၈မိနစ်မှာမာတစ်နှင့်လူစားလဲခဲ့ရတဲ့ဘရာဇီးကွင်းလယ်ကစားသမားဖရက်မှာလည်းလီဗာပူးနှင့်ပွဲတွင်ပါဝင်ရန်မရေမရာဖြစ်နေပါတယ်။

ZawGyi

လီဗာပူးႏွင့္ပြဲကို ဘ႐ူႏိုဖာနန္ဒက္စ္ လြဲဖြယ္ရွိေၾကာင္း ဆိုးလ္ရွားအတည္ျပဳ

မန္ယူနည္းျပအိုလီဂန္းနားဆိုးလ္ရွားကဘ႐ူႏိုဖာနန္ဒက္စ္မွာလီဗာပူးႏွင့္ကစားမယ့္ပရီးမီးယားလိဂ္ပြဲစဥ္ကိုလြဲေခ်ာ္ႏိုင္ေၾကာင္းအတည္ျပဳေျပာၾကားလိုက္ပါတယ္။

ေပၚတူဂီကြင္းလယ္ကစားသမားဟာၾကားရက္တုန္းကအတၱလႏၲာအား၃-၂ဂိုးျဖင့္အႏိုင္ရရွိတဲ့ခ်န္ပီယံလိဂ္ပြဲစဥ္တြင္ပြဲခ်ိန္ျပည့္ကစားခဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္ဘ႐ူႏိုဖာနန္ဒက္စ္ဟာပြဲေႏွာင္းပိုင္းတြင္ၾကမ္းတမ္းစြာဖ်က္ထုတ္ကစားမႈအခ်ိဳ႕ခံခဲ့ရၿပီးေနာက္လီဗာပူးႏွင့္ရင္ဆိုင္ရမယ့္ပြဲတြင္ပါဝင္ရန္မေရမရာျဖစ္ေနၿပီျဖစ္ပါတယ္။

ဆိုးလ္ရွားက “ႀကံ့ခိုင္မႈျပည့္ဝတဲ့အသင္းကိုဘဲေ႐ြးပါမယ္။ႏွစ္ေယာက္သုံးေယာက္ေလာက္မပါတာမ်ိဳးျဖစ္ႏိုင္ပါတယ္။ဘ႐ူႏိုကပါဝင္ဖို႔မေသခ်ာတဲ့တစ္ေယာက္ပါ။ဒါေပမယ့္သူလည္းအဆင္သင့္ျဖစ္ေနဖို႔အစြမ္းကုန္လုပ္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

အတၱလႏၲာအား၃-၂ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္ပြဲခ်ိန္၈၈မိနစ္မွာမာတစ္ႏွင့္လူစားလဲခဲ့ရတဲ့ဘရာဇီးကြင္းလယ္ကစားသမားဖရက္မွာလည္းလီဗာပူးႏွင့္ပြဲတြင္ပါဝင္ရန္မေရမရာျဖစ္ေနပါတယ္။