လီဗာပူးနှင့်ပွဲတွင် ကစားသမားများကို မထိန်းသိမ်းနိုင်မှုကြောင့် ချဲလ်ဆီး ဒဏ်ရိုက်ခံရ

အက်ဖ်အေဟာလီဗာပူးနှင့်ချဲလ်ဆီးတို့တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်တွင်ကစားသမားများကိုထိန်းသိမ်းနိုင်ခြင်းမရှိမှုအတွက်ချဲလ်ဆီးအားပေါင်၂၅၀၀၀ဒဏ်ရိုက်လိုက်ပါတယ်။

အဆိုပါပွဲစဉ်တွင်ချဲလ်ဆီးနောက်ခံလူရီစီဂျိမ်းစ်ဟာဂိုးစည်းပေါ်တွင်လက်ထိဘောဖြစ်မှုအတွက်ဒိုင်လူကြီးအန်တိုနီတေလာရဲ့အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပြီးပင်နယ်တီပါပေးခဲ့ရပါတယ်။

ယင်းပင်နယ်တီကနေမိုဟာမက်ဆာလက်ကလီဗာပူးအတွက်အဖိုးတန်ချေပဂိုးကိုသွင်းယူခဲ့ပါတယ်။

ချဲလ်ဆီးကစားသမားများဟာကွင်းလယ်ဒိုင်လူကြီးရဲ့ရီစီဂျိမ်းစ်အားထုတ်ပယ်လိုက်မှုအပေါ်ဒေါသထွက်ခဲ့တဲ့အပြင်လီဗာပူးကစားသမားများနှင့်လည်းရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။

ယခုအခါအက်ဖ်အေဟာချဲလ်ဆီးအားအထက်ပါအဖြစ်အပျက်အတွက်ပေါင်၂၅၀၀၀ဒဏ်ရိုက်လိုက်ပြီဖြစ်ပါတယ်။

ZawGyi

လီဗာပူးႏွင့္ပြဲတြင္ ကစားသမားမ်ားကို မထိန္းသိမ္းႏိုင္မႈေၾကာင့္ ခ်ဲလ္ဆီး ဒဏ္႐ိုက္ခံရ

အက္ဖ္ေအဟာလီဗာပူးႏွင့္ခ်ဲလ္ဆီးတို႔တစ္ဂိုးစီသေရက်တဲ့ပြဲစဥ္တြင္ကစားသမားမ်ားကိုထိန္းသိမ္းႏိုင္ျခင္းမရွိမႈအတြက္ခ်ဲလ္ဆီးအားေပါင္၂၅၀၀၀ဒဏ္႐ိုက္လိုက္ပါတယ္။

အဆိုပါပြဲစဥ္တြင္ခ်ဲလ္ဆီးေနာက္ခံလူရီစီဂ်ိမ္းစ္ဟာဂိုးစည္းေပၚတြင္လက္ထိေဘာျဖစ္မႈအတြက္ဒိုင္လူႀကီးအန္တိုနီေတလာရဲ႕အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရၿပီးပင္နယ္တီပါေပးခဲ့ရပါတယ္။

ယင္းပင္နယ္တီကေနမိုဟာမက္ဆာလက္ကလီဗာပူးအတြက္အဖိုးတန္ေခ်ပဂိုးကိုသြင္းယူခဲ့ပါတယ္။

ခ်ဲလ္ဆီးကစားသမားမ်ားဟာကြင္းလယ္ဒိုင္လူႀကီးရဲ႕ရီစီဂ်ိမ္းစ္အားထုတ္ပယ္လိုက္မႈအေပၚေဒါသထြက္ခဲ့တဲ့အျပင္လီဗာပူးကစားသမားမ်ားႏွင့္လည္း႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့ပါတယ္။

ယခုအခါအက္ဖ္ေအဟာခ်ဲလ္ဆီးအားအထက္ပါအျဖစ္အပ်က္အတြက္ေပါင္၂၅၀၀၀ဒဏ္႐ိုက္လိုက္ၿပီျဖစ္ပါတယ္။