လီဗာပူးနှင့်ပွဲတွင် ကမ္ဘာ့ပထမဆုံး ဟင်းသီးဟင်းရွက်ဖြင့် ဖန်တီးထားတဲ့ ဖိနပ်ဖြင့် ကစားသွားမယ့် ပေါ့ဘာ

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမားပေါလ်ပေါ့ဘာဟာ Adidas ၊ဖက်ရှင်ဒီဇိုင်းနာစတဲလ်လာမက္ကာနေးတို့နှင့်ပူးပေါင်းကာ ကမ္ဘာပထမဆုံး ၁၀၀ရာခိုင်နှုန်းဟင်းသီးဟင်းရွက်ဖြင့်ဖန်တီးထားတဲ့ဘောလုံးကန်ဖိနပ်ကိုကြေညာလာပါတယ်။

အရေအတွက်ကန့်သတ်ထုတ်လုပ်ထားတဲ့ယင်းဖိနပ်ကိုကျား/မမရွေးစီးနိုင်ပြီးဈေးနှုန်းယူရို၂၈၀(ပေါင်၂၃၆)သတ်မှတ်ထားပါတယ်။ယင်းဖိနပ်ကိုမက္ကာနေးကအဆင့်မြင့်ဒီဇိုင်းဖန်တီးထားပြီးပေါလ်ပေါ့ဘာအတွက်လိုအပ်တဲ့စွမ်းဆောင်ရည်အပြည့်အမီဖြင့်ထုတ်လုပ်ထားတာဖြစ်ပါတယ်။

ယင်းဖိနပ်ကိုလည်း Predator စီးရီးရဲ့နောက်ဆုံးဖန်တီးတီထွင်မှုအနေဖြင့် ဖန်တီးထားတာဖြစ်ပြီးအသေးစိတ်ကျအောင်ဖန်တီးထားတာလည်းဖြစ်ပါတယ်။

အသက်၂၈နှစ်ရှိပြင်သစ်ကွင်းလယ်ကစားသမားက Predator ဖိနပ်သစ်မှာ ပေါ်လွင်ထင်ရှားပြီးပြိုင်ဘက်ကင်းကြောင်းချီးကျူးသွားပါတယ်။

စတဲလ်လာမက္ကာနေးရဲ့ပြောကြားမှုအရပြီးခဲ့တဲ့နှစ်တုန်းကကိုဗစ်ကြောင့်လော့ဒေါင်းဖြစ်နေစဉ်ကာလအတွင်းတွင်အဆိုပါစိတ်ကူးအားဖန်တီးရန်ပေါ့ဘာနှင့်ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

ပေါလ်ပေါ့ဘာဟာ Adidas ၊စတဲလ်လာမက္ကာနေးတို့နှင့်ပူးပေါင်းဖန်တီးလိုက်တဲ့ ကမ္ဘာ့ပထမဆုံးဟင်းသီးဟင်းရွက်ဖြင့် ၁၀၀ရာခိုင်နှုန်းဖန်တီးထားတဲ့ဖိနပ်ကို လီဗာပူးနှင့်ပွဲစဉ်တွင်စတင်ကစားသွားပါမယ်။

ZawGyi

လီဗာပူးႏွင့္ပြဲတြင္ ကမာၻ႔ပထမဆုံး ဟင္းသီးဟင္း႐ြက္ျဖင့္ ဖန္တီးထားတဲ့ ဖိနပ္ျဖင့္ ကစားသြားမယ့္ ေပါ့ဘာ

မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္ကစားသမားေပါလ္ေပါ့ဘာဟာ Adidas ၊ဖက္ရွင္ဒီဇိုင္းနာစတဲလ္လာမကၠာေနးတို႔ႏွင့္ပူးေပါင္းကာ ကမာၻပထမဆုံး ၁၀၀ရာခိုင္ႏႈန္းဟင္းသီးဟင္း႐ြက္ျဖင့္ဖန္တီးထားတဲ့ေဘာလုံးကန္ဖိနပ္ကိုေၾကညာလာပါတယ္။

အေရအတြက္ကန႔္သတ္ထုတ္လုပ္ထားတဲ့ယင္းဖိနပ္ကိုက်ား/မမေ႐ြးစီးႏိုင္ၿပီးေဈးႏႈန္းယူ႐ို၂၈၀(ေပါင္၂၃၆)သတ္မွတ္ထားပါတယ္။ယင္းဖိနပ္ကိုမကၠာေနးကအဆင့္ျမင့္ဒီဇိုင္းဖန္တီးထားၿပီးေပါလ္ေပါ့ဘာအတြက္လိုအပ္တဲ့စြမ္းေဆာင္ရည္အျပည့္အမီျဖင့္ထုတ္လုပ္ထားတာျဖစ္ပါတယ္။

ယင္းဖိနပ္ကိုလည္း Predator စီးရီးရဲ႕ေနာက္ဆုံးဖန္တီးတီထြင္မႈအေနျဖင့္ ဖန္တီးထားတာျဖစ္ၿပီးအေသးစိတ္က်ေအာင္ဖန္တီးထားတာလည္းျဖစ္ပါတယ္။

အသက္၂၈ႏွစ္ရွိျပင္သစ္ကြင္းလယ္ကစားသမားက Predator ဖိနပ္သစ္မွာ ေပၚလြင္ထင္ရွားၿပီးၿပိဳင္ဘက္ကင္းေၾကာင္းခ်ီးက်ဴးသြားပါတယ္။

စတဲလ္လာမကၠာေနးရဲ႕ေျပာၾကားမႈအရၿပီးခဲ့တဲ့ႏွစ္တုန္းကကိုဗစ္ေၾကာင့္ေလာ့ေဒါင္းျဖစ္ေနစဥ္ကာလအတြင္းတြင္အဆိုပါစိတ္ကူးအားဖန္တီးရန္ေပါ့ဘာႏွင့္ပူးေပါင္းလုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။

ေပါလ္ေပါ့ဘာဟာ Adidas ၊စတဲလ္လာမကၠာေနးတို႔ႏွင့္ပူးေပါင္းဖန္တီးလိုက္တဲ့ ကမာၻ႔ပထမဆုံးဟင္းသီးဟင္း႐ြက္ျဖင့္ ၁၀၀ရာခိုင္ႏႈန္းဖန္တီးထားတဲ့ဖိနပ္ကို လီဗာပူးႏွင့္ပြဲစဥ္တြင္စတင္ကစားသြားပါမယ္။