
ဗီနီရှပ်စ်ဂျူနီယာဟာအန်ဖီးလ်တွင်လီဗာပူးနှင့်ကစားတဲ့ပွဲစဉ်မှာရီးရဲလ်မက်ဒရစ်အတွက်ဒုတိယဂိုးသွင်းယူနိုင်ပြီးနောက်ခရစ္စတီယာနိုရော်နယ်ဒိုကဲ့သို့အောင်ပွဲခံခဲ့တာတွေ့ရပါတယ်။
အသက်၂၂နှစ်ရှိဘရာဇီးစတားဟာလီဗာပူးနှင့်ပွဲတွင်ဒါဝင်နူနက်ဇ်နဲ့မိုဟာမက်ဆာလက်တို့ရဲ့ဂိုးကြောင့်နှစ်ဂိုးအသာဖြင့်ဦးဆောင်ခံနေရချိန်တွင် ပွဲချိန်၂၁မိနစ်နဲ့၃၆မိနစ်တို့မှာချေပဂိုးများသွင်းယူခဲ့တာဖြစ်ပါတယ်။
ဗီနီရှပ်စ်ဟာပထမဂိုးကိုအဝေးထောင့်သို့လှပစွာကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ဒုတိယဂိုးကတော့အလစ်ဆင်ရဲ့အမှားကနေသွင်းယူခဲ့တာဖြစ်ပါတယ်။
ဗီနီရှပ်စ်ဟာဒုတိယချေပဂိုးသွင်းယူပြီးနောက်ပြေးလွှားပြီးဒူးထောက်ကာကစားဖော်များနှင့်အောင်ပွဲခံခဲ့ပါတယ်။
ပြီးလျှင်သူဟာလီဗာပူးပရိသတ်များဘက်သို့လှည့်ကာခရစ္စတီယာနိုရော်နယ်ဒိုရဲ့နာမည်ကျော်အောင်ပွဲခံမှုဖြစ်တဲ့ ငြိမ်းချမ်းစွာအိပ်စက်နေပုံ အောင်ပွဲခံမှုဖြင့်အောင်ပွဲခံ့ခဲ့ပါတယ်။
ဗီနီရှပ်စ်ဟာရီးရဲလ်မက်ဒရစ်တွင်ခရစ္စတီယာနိုရော်နယ်ဒိုနှင့်အတူမကစားခဲ့ဖူးပါတယ်။ဗီနီရှပ်စ် ရီးရဲလ်မက်ဒရစ်သို့ရောက်တဲ့ချိန်တွင်ရော်နယ်ဒိုကဂျူဗင်တပ်သို့ပြောင်းသွားခဲ့ပါတယ်။
သူဟာပြီးခဲ့တဲ့ရာသီတုန်းကရီးရဲလ်မက်ဒရစ်အတွက်၅၂ပွဲကစားခဲ့ရာမှာ၂၂ဂိုးသွင်းပြီးအကြိမ်၂၀ဖန်တီးကာကမ္ဘာ့အကောင်းဆုံးကစားသမားများထဲမှတစ်ဦးဖြစ်လာခဲ့ပါတယ်။
သူဟာယခုရာသီတွင်လည်းရီးရဲလ်မက်ဒရစ်အတွက်၁၈ဂိုးသွင်းကာ၈ကြိမ်ဖန်တီးထားပါတယ်။
မနေ့ညကပွဲတွင်ရီးရဲလ်မက်ဒရစ်အတွက်မီလီတာအို(၁)၊ဘန်ဇီးမား(၂)တို့ကထပ်မံဂိုးသွင်းခဲ့ကြလို့ရီးရဲလ်မက်ဒရစ်တို့ ၅-၂ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။
ZawGyi
လီဗာပူးႏွင့္ပြဲတြင္ ဂိုးသြင္းယူၿပီးေနာက္ ခရစၥတီယာႏိုေရာ္နယ္ဒိုကဲ့သို႔ ေအာင္ပြဲခံခဲ့တဲ့ ဗီနီရွပ္စ္
ဗီနီရွပ္စ္ဂ်ဴနီယာဟာအန္ဖီးလ္တြင္လီဗာပူးႏွင့္ကစားတဲ့ပြဲစဥ္မွာရီးရဲလ္မက္ဒရစ္အတြက္ဒုတိယဂိုးသြင္းယူႏိုင္ၿပီးေနာက္ခရစၥတီယာႏိုေရာ္နယ္ဒိုကဲ့သို႔ေအာင္ပြဲခံခဲ့တာေတြ႕ရပါတယ္။
အသက္၂၂ႏွစ္ရွိဘရာဇီးစတားဟာလီဗာပူးႏွင့္ပြဲတြင္ဒါဝင္ႏူနက္ဇ္နဲ႔မိုဟာမက္ဆာလက္တို႔ရဲ႕ဂိုးေၾကာင့္ႏွစ္ဂိုးအသာျဖင့္ဦးေဆာင္ခံေနရခ်ိန္တြင္ ပြဲခ်ိန္၂၁မိနစ္နဲ႔၃၆မိနစ္တို႔မွာေခ်ပဂိုးမ်ားသြင္းယူခဲ့တာျဖစ္ပါတယ္။
ဗီနီရွပ္စ္ဟာပထမဂိုးကိုအေဝးေထာင့္သို႔လွပစြာကန္သြင္းယူခဲ့တာျဖစ္ပါတယ္။ဒုတိယဂိုးကေတာ့အလစ္ဆင္ရဲ႕အမွားကေနသြင္းယူခဲ့တာျဖစ္ပါတယ္။
ဗီနီရွပ္စ္ဟာဒုတိယေခ်ပဂိုးသြင္းယူၿပီးေနာက္ေျပးလႊားၿပီးဒူးေထာက္ကာကစားေဖာ္မ်ားႏွင့္ေအာင္ပြဲခံခဲ့ပါတယ္။
ၿပီးလွ်င္သူဟာလီဗာပူးပရိသတ္မ်ားဘက္သို႔လွည့္ကာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕နာမည္ေက်ာ္ေအာင္ပြဲခံမႈျဖစ္တဲ့ ၿငိမ္းခ်မ္းစြာအိပ္စက္ေနပုံ ေအာင္ပြဲခံမႈျဖင့္ေအာင္ပြဲခံ့ခဲ့ပါတယ္။
ဗီနီရွပ္စ္ဟာရီးရဲလ္မက္ဒရစ္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္အတူမကစားခဲ့ဖူးပါတယ္။ဗီနီရွပ္စ္ ရီးရဲလ္မက္ဒရစ္သို႔ေရာက္တဲ့ခ်ိန္တြင္ေရာ္နယ္ဒိုကဂ်ဴဗင္တပ္သို႔ေျပာင္းသြားခဲ့ပါတယ္။
သူဟာၿပီးခဲ့တဲ့ရာသီတုန္းကရီးရဲလ္မက္ဒရစ္အတြက္၅၂ပြဲကစားခဲ့ရာမွာ၂၂ဂိုးသြင္းၿပီးအႀကိမ္၂၀ဖန္တီးကာကမာၻ႔အေကာင္းဆုံးကစားသမားမ်ားထဲမွတစ္ဦးျဖစ္လာခဲ့ပါတယ္။
သူဟာယခုရာသီတြင္လည္းရီးရဲလ္မက္ဒရစ္အတြက္၁၈ဂိုးသြင္းကာ၈ႀကိမ္ဖန္တီးထားပါတယ္။
မေန႔ညကပြဲတြင္ရီးရဲလ္မက္ဒရစ္အတြက္မီလီတာအို(၁)၊ဘန္ဇီးမား(၂)တို႔ကထပ္မံဂိုးသြင္းခဲ့ၾကလို႔ရီးရဲလ္မက္ဒရစ္တို႔ ၅-၂ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။