
ရီးရဲလ်မက်ဒရစ်နည်းပြကာလိုအန်ဆယ်လော့တီကယနေ့ညတွင်အန်ဖီးလ်ကွင်းမှာလီဗာပူးနှင့်ရင်ဆိုင်ကစားရမဲ့ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်တွင်ပါဝင်လာရန်သေချာနေတဲ့အဓိကကစားသမားတစ်ဦးကိုအတည်ပြုလာပါတယ်။
အန်ဆယ်လော့တီရဲ့ရီးရဲလ်မက်ဒရစ်ဟာမေလတုန်းကချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်လီဗာပူးကိုဗီနီရှပ်စ်ရဲ့တစ်လုံးတည်းသောအနိုင်ဂိုးဖြင့်အနိုင်ရရှိပြီးနောက်ယနေ့ညတွင်ပြန်လည်ထိပ်တိုက်တွေ့ပါမယ်။
ရီးရဲလ်မက်ဒရစ်ဟာမကြာသေးမီတုန်းကဖီဖာကလပ်ကမ္ဘာ့ဖလားဆွတ်ခူးခဲ့ကာ၅ကြိမ်မြောက်အဖြစ်စံချိန်တင်ရယူနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ရီးရဲလ်မက်ဒရစ်ဟာအဓိကကွင်းလယ်ကစားသမားချူအာမီနီနှင့်တိုနီခရူးစ်တို့ကိုလီဗာပူးနှင့်ပွဲစဉ်အတွက်ဆုံးရှုံးထားရပါတယ်။ဒါ့အပြင်အသင်းခေါင်းဆောင်ကာရမ်ဘန်ဇီးမားမှာလည်းလီဗာပူးနှင့်ပွဲတွင်ပါဝင်ရန်မရေမရာဖြစ်နေပါတယ်။
ဒါပေမဲ့အန်ဆယ်လော့တီကအဓိကကစားသမားတစ်ဦးမှာအန်ဖီးလ်ပွဲတွင်ပြန်လည်ပါဝင်လာမှာဖြစ်ကြောင်းအတည်ပြုလာပါတယ်။
အန်ဆယ်လော့တီက “အန်ဖီးလ်ပွဲမှာကာဗာဂျယ်ပါဝင်လာပါမယ်”လို့ Marca ကိုအတည်ပြုပြောကြားသွားပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာကာဗာဂျယ်မပါဝင်နိုင်မှုကြောင့်အိုဆာဆူနာကို၄-၂ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာနာချိုကိုညာနောက်ခံလူအဖြစ်အသုံးပြုခဲ့ရပါတယ်။
အန်ဆယ်လော့တီဟာတိုနီခရူးစ်နှင့်ချူအာမီနီတို့မပါဝင်နိုင်တာကြောင့်ကွ့င်းလယ်တွင်ကာမာဗန်ဂါ၊စီဘယ်လို့စ်နှင့်လူကာမိုဒရစ်တို့ကိုအသုံးပြုလာဖို့ရှိပါတယ်။အီတလီလူမျိုးနည်းပြအနေဖြင့်ကွင်းလယ်တွင်ဒေးဗစ်အလာဘာကိုလည်းကွင်းလယ်တွင်အသုံးပြုနိုင်ပါတယ်။
လီဗာပူးအသင်းတွင်လည်းနယူးကာဆယ်နှင့်ပွဲမှာပုခုံးဒဏ်ရာရရှိခဲ့တဲ့ဒါဝင်နူနက်ဇ်မှာပါဝင်ရန်မရေမရာဖြစ်နေပါတယ်။နူနက်ဇ်ဟာယခုရာသီတွင်လီဗာပူးအတွက်ပြိုင်ပွဲအရပ်ရပ်တွင်၁၁ဂိုးသွင်းထားနိုင်ပါတယ်။
ZawGyi
လီဗာပူးႏွင့္ပြဲတြင္ အဓိကကစားသမားႏွစ္ဦး မပါဝင္ႏိုင္ေပမဲ့ ပါဝင္ဖို႔ ေသခ်ာေနတဲ့သူကို အန္ဆယ္ေလာ့တီအတည္ျပဳလာ
ရီးရဲလ္မက္ဒရစ္နည္းျပကာလိုအန္ဆယ္ေလာ့တီကယေန႔ညတြင္အန္ဖီးလ္ကြင္းမွာလီဗာပူးႏွင့္ရင္ဆိုင္ကစားရမဲ့ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ပထမအေက်ာ့ပြဲစဥ္တြင္ပါဝင္လာရန္ေသခ်ာေနတဲ့အဓိကကစားသမားတစ္ဦးကိုအတည္ျပဳလာပါတယ္။
အန္ဆယ္ေလာ့တီရဲ႕ရီးရဲလ္မက္ဒရစ္ဟာေမလတုန္းကခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္လီဗာပူးကိုဗီနီရွပ္စ္ရဲ႕တစ္လုံးတည္းေသာအႏိုင္ဂိုးျဖင့္အႏိုင္ရရွိၿပီးေနာက္ယေန႔ညတြင္ျပန္လည္ထိပ္တိုက္ေတြ႕ပါမယ္။
ရီးရဲလ္မက္ဒရစ္ဟာမၾကာေသးမီတုန္းကဖီဖာကလပ္ကမာၻ႔ဖလားဆြတ္ခူးခဲ့ကာ၅ႀကိမ္ေျမာက္အျဖစ္စံခ်ိန္တင္ရယူႏိုင္ခဲ့ပါတယ္။
ဒါေပမဲ့ရီးရဲလ္မက္ဒရစ္ဟာအဓိကကြင္းလယ္ကစားသမားခ်ဴအာမီနီႏွင့္တိုနီခ႐ူးစ္တို႔ကိုလီဗာပူးႏွင့္ပြဲစဥ္အတြက္ဆုံးရႈံးထားရပါတယ္။ဒါ့အျပင္အသင္းေခါင္းေဆာင္ကာရမ္ဘန္ဇီးမားမွာလည္းလီဗာပူးႏွင့္ပြဲတြင္ပါဝင္ရန္မေရမရာျဖစ္ေနပါတယ္။
ဒါေပမဲ့အန္ဆယ္ေလာ့တီကအဓိကကစားသမားတစ္ဦးမွာအန္ဖီးလ္ပြဲတြင္ျပန္လည္ပါဝင္လာမွာျဖစ္ေၾကာင္းအတည္ျပဳလာပါတယ္။
အန္ဆယ္ေလာ့တီက “အန္ဖီးလ္ပြဲမွာကာဗာဂ်ယ္ပါဝင္လာပါမယ္”လို႔ Marca ကိုအတည္ျပဳေျပာၾကားသြားပါတယ္။
ရီးရဲလ္မက္ဒရစ္ဟာကာဗာဂ်ယ္မပါဝင္ႏိုင္မႈေၾကာင့္အိုဆာဆူနာကို၄-၂ဂိုးျဖင့္အႏိုင္ရတဲ့ပြဲမွာနာခ်ိဳကိုညာေနာက္ခံလူအျဖစ္အသုံးျပဳခဲ့ရပါတယ္။
အန္ဆယ္ေလာ့တီဟာတိုနီခ႐ူးစ္ႏွင့္ခ်ဴအာမီနီတို႔မပါဝင္ႏိုင္တာေၾကာင့္ကြ႕င္းလယ္တြင္ကာမာဗန္ဂါ၊စီဘယ္လို႔စ္ႏွင့္လူကာမိုဒရစ္တို႔ကိုအသုံးျပဳလာဖို႔ရွိပါတယ္။အီတလီလူမ်ိဳးနည္းျပအေနျဖင့္ကြင္းလယ္တြင္ေဒးဗစ္အလာဘာကိုလည္းကြင္းလယ္တြင္အသုံးျပဳႏိုင္ပါတယ္။
လီဗာပူးအသင္းတြင္လည္းနယူးကာဆယ္ႏွင့္ပြဲမွာပုခုံးဒဏ္ရာရရွိခဲ့တဲ့ဒါဝင္ႏူနက္ဇ္မွာပါဝင္ရန္မေရမရာျဖစ္ေနပါတယ္။ႏူနက္ဇ္ဟာယခုရာသီတြင္လီဗာပူးအတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၁၁ဂိုးသြင္းထားႏိုင္ပါတယ္။