လီဗာပူးနှင့်ပွဲတွင် အာဆင်နယ်ကွင်းလယ်ကစားသမားပါတေး ပွဲထွက်လာမည်

အာဆင်နယ်ကွင်းလယ်ကစားသမားသောမတ်စ်ပါတေးဟာပေါင်ခြံဒဏ်ရာမှပြန်လည်ကောင်းမွန်လာပြီဖြစ်လို့လီဗာပူးအားအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ကစားရမယ့်ပွဲစဉ်တွင်ပွဲထွက်ကစားလာပါမယ်။

အသက်၂၈နှစ်ရှိပါတေးဟာယခုလအစောပိုင်းတုန်းကရရှိတဲ့ပေါင်ခြံဒဏ်ရာကြောင့်ဝက်ဖို့ဒ်အား၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်ကိုလွဲချော်ခဲ့သူဖြစ်ပါတယ်။

သူဟာဒဏ်ရာကြောင့်ဂါနာလက်ရွေးစင်အသင်းမှနုတ်ထွက်ခဲ့ရကာအီသီယိုပီးယား၊တောင်အာဖရိကတို့နှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲများကိုလွဲချော်ခဲ့ပါတယ်။

ဒါပေမယ့်ယခုအခါပါတေးဟာဒဏ်ရာမှပြန်လည်ကောင်းမွန်ကာကြံ့ခိုင်မှုပြည့်ဝလာမှုနဲ့အတူစနေနေ့တွင်အန်ဖီးလ်သို့သွားရောက်ရင်ဆိုင်ကစားရမယ့်ပွဲတွင်ပါဝင်လာပါမယ်။

ဒါ့အပြင်ဂါဘွန်အတွက်ကစားစဉ်ဒဏ်ရာရရှိခဲ့တဲ့အူဘာမီယန်မှာလည်းဒဏ်ရာအခြေအနေစိုးရိမ်စရာမရှိမှုကြောင့်လီဗာပူးနှင့်ပွဲတွင်ပါဝင်လာပါမယ်။

အာဆင်နယ်ဟာ၂၀၁၂ခုနှစ်၊စက်တင်ဘာလတုန်းကအန်ဖီးလ်တွင်လီဗာပူးကို၂-၀ဂိုးဖြင့်အနိုင်ရရှိပြီးနောက်ပိုင်းတွင်အန်ဖီးလ်မှာနိုင်ပွဲမရရှိဖူးသေးပါဘူး။

အာဆင်နယ်ဟာအန်ဖီးလ်တွင်လီဗာပူးကိုအနိုင်ရရှိပါကလီဗာပူးကိုအမှတ်ပေးဇယားတွင်ကျော်တက်နိုင်ပါမယ်။

ZawGyi

လီဗာပူးႏွင့္ပြဲတြင္ အာဆင္နယ္ကြင္းလယ္ကစားသမားပါေတး ပြဲထြက္လာမည္

အာဆင္နယ္ကြင္းလယ္ကစားသမားေသာမတ္စ္ပါေတးဟာေပါင္ၿခံဒဏ္ရာမွျပန္လည္ေကာင္းမြန္လာၿပီျဖစ္လို႔လီဗာပူးအားအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ကစားရမယ့္ပြဲစဥ္တြင္ပြဲထြက္ကစားလာပါမယ္။

အသက္၂၈ႏွစ္ရွိပါေတးဟာယခုလအေစာပိုင္းတုန္းကရရွိတဲ့ေပါင္ၿခံဒဏ္ရာေၾကာင့္ဝက္ဖို႔ဒ္အား၁-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္ကိုလြဲေခ်ာ္ခဲ့သူျဖစ္ပါတယ္။

သူဟာဒဏ္ရာေၾကာင့္ဂါနာလက္ေ႐ြးစင္အသင္းမွႏုတ္ထြက္ခဲ့ရကာအီသီယိုပီးယား၊ေတာင္အာဖရိကတို႔ႏွင့္ကမာၻ႔ဖလားေျခစစ္ပြဲမ်ားကိုလြဲေခ်ာ္ခဲ့ပါတယ္။

ဒါေပမယ့္ယခုအခါပါေတးဟာဒဏ္ရာမွျပန္လည္ေကာင္းမြန္ကာႀကံ့ခိုင္မႈျပည့္ဝလာမႈနဲ႔အတူစေနေန႔တြင္အန္ဖီးလ္သို႔သြားေရာက္ရင္ဆိုင္ကစားရမယ့္ပြဲတြင္ပါဝင္လာပါမယ္။

ဒါ့အျပင္ဂါဘြန္အတြက္ကစားစဥ္ဒဏ္ရာရရွိခဲ့တဲ့အူဘာမီယန္မွာလည္းဒဏ္ရာအေျခအေနစိုးရိမ္စရာမရွိမႈေၾကာင့္လီဗာပူးႏွင့္ပြဲတြင္ပါဝင္လာပါမယ္။

အာဆင္နယ္ဟာ၂၀၁၂ခုႏွစ္၊စက္တင္ဘာလတုန္းကအန္ဖီးလ္တြင္လီဗာပူးကို၂-၀ဂိုးျဖင့္အႏိုင္ရရွိၿပီးေနာက္ပိုင္းတြင္အန္ဖီးလ္မွာႏိုင္ပြဲမရရွိဖူးေသးပါဘူး။

အာဆင္နယ္ဟာအန္ဖီးလ္တြင္လီဗာပူးကိုအႏိုင္ရရွိပါကလီဗာပူးကိုအမွတ္ေပးဇယားတြင္ေက်ာ္တက္ႏိုင္ပါမယ္။