
လက်စတာနောက်ခံလူဝေါက်ဖတ်စ်ဟာမနေ့ညတုန်းကအန်ဖီးလ်တွင်လီဗာပူးကို၂-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်တွင်ဆိုးရွားစွာပင်ကိုယ့်ဂိုးကိုယ်သွင်းမိမှုနှစ်ကြိမ်အထိပြုလုပ်ခဲ့ပါတယ်။
ဘောက်ဆင်ဒေးပွဲတုန်းကနယူးကာဆယ်ကို၃-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့တဲ့ဘရန်ဒန်ရော်ဂျာရဲ့လက်စတာဟာမနေ့ညကပွဲတွင်ပွဲအစ၄မိနစ်မှာပင်ကီယာနန်ဒေါ်ဘူရီဟေးလ်ရဲ့တစ်ကိုယ်တော်အစွမ်းဖြင့်သွင်းယူတဲ့ဂိုးဖြင့်ပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ပထမပိုင်းပြီးခါနီးတွင်ဝေါက်ဖတ်စ်ကကိုယ့်ဂိုးကိုယ်နှစ်ကြိမ်တိုင်တိုင်သွင်းမိကာဘယ်သူမှမလိုချင်တဲ့ပရီးမီးယားလိဂ်စံချိန်ဆိုးပိုင်ဆိုင်သွားခဲ့ပါတယ်။
ဝေါက်ဖတ်စ်ဟာပွဲချိန်၃၈မိနစ်တွင်ထရန်းအလက်ဇန္ဒားအာနိုးရဲ့ဖြတ်တင်ဘောကိုဖျက်ထုတ်ရာမှာဘောလုံးကဂိုးသမားကိုကျော်တက်ပြီးဂိုးဝင်သွားခဲ့လို့ ကိုယ့်ဂိုးကိုယ်စတင်သွင်းမိခဲ့ပါတယ်။
ယင်းနောက်၇မိနစ်အကြာမှာဝေါက်ဖတ်စ်အတွက်ပိုမိုဆိုးရွားလာခဲ့ပါတယ်။ဒါဝင်နူနက်ဇ်ရဲ့ကန်ချက်တိုင်ထိထွက်လာတာကိုဖျက်ထုတ်ရာမှာကိုယ့်ဂိုးကိုယ်ကန်သွင်းသလိုဖြစ်ပြီးဒုတိယမြောက်ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ပါတယ်။
သူဟာပရီးမီးယားလိဂ်သမိုင်းတွင်တစ်ပွဲတည်းကိုယ့်ဂိုးကိုယ်သွင်းမိတဲ့စတုတ္ထမြောက်ကစားသမားဖြစ်လာပါတယ်။
ဝေါက်ဖတ်စ်မတိုင်မီကိုယ့်ဂိုးကိုယ်နှစ်ဂိုးသွင်းခဲ့ကြတဲ့ကစားသမားများကတော့ဂျေမီကာရေဂါ၊မိုက်ကယ်ပရော့တာနှင့်ဂျိုနသန်ဝေါလ်တားတို့ဖြစ်ကြပါတယ်။
ကာရေဂါဟာ၁၉၉၉ခုနှစ်တုန်းကယူနိုက်တက်နှင့်ပွဲမှာနှစ်ဂိုးသွင်းမိခဲ့တာဖြစ်ပြီးဆန်းဒါးလန်းရဲ့ပရော့တာကတော့ချာလ်တန်နှင့်ပွဲမှာသွင်းခဲ့တာဖြစ်ပါတယ်။စတုတ်ရဲ့ဝေါလ်တားက၂၀၁၃ခုနှစ်တုန်းကချဲလ်ဆီးနှင့်ပွဲမှာကိုယ့်ဂိုးကိုယ်နှစ်ဂိုးသွင်းခဲ့တာဖြစ်ပါတယ်။
ZawGyi
လီဗာပူးႏွင့္ပြဲတြင္ Own Goal ႏွစ္ဂိုးသြင္းၿပီးေနာက္ မလိုခ်င္တဲ့မွတ္တမ္းဆိုးရရွိသြားတဲ့ လက္စတာရဲ႕ေဝါက္ဖတ္စ္
လက္စတာေနာက္ခံလူေဝါက္ဖတ္စ္ဟာမေန႔ညတုန္းကအန္ဖီးလ္တြင္လီဗာပူးကို၂-၁ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲစဥ္တြင္ဆိုး႐ြားစြာပင္ကိုယ့္ဂိုးကိုယ္သြင္းမိမႈႏွစ္ႀကိမ္အထိျပဳလုပ္ခဲ့ပါတယ္။
ေဘာက္ဆင္ေဒးပြဲတုန္းကနယူးကာဆယ္ကို၃-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့တဲ့ဘရန္ဒန္ေရာ္ဂ်ာရဲ႕လက္စတာဟာမေန႔ညကပြဲတြင္ပြဲအစ၄မိနစ္မွာပင္ကီယာနန္ေဒၚဘူရီေဟးလ္ရဲ႕တစ္ကိုယ္ေတာ္အစြမ္းျဖင့္သြင္းယူတဲ့ဂိုးျဖင့္ပြဲကိုဦးေဆာင္ႏိုင္ခဲ့ပါတယ္။
ဒါေပမဲ့ပထမပိုင္းၿပီးခါနီးတြင္ေဝါက္ဖတ္စ္ကကိုယ့္ဂိုးကိုယ္ႏွစ္ႀကိမ္တိုင္တိုင္သြင္းမိကာဘယ္သူမွမလိုခ်င္တဲ့ပရီးမီးယားလိဂ္စံခ်ိန္ဆိုးပိုင္ဆိုင္သြားခဲ့ပါတယ္။
ေဝါက္ဖတ္စ္ဟာပြဲခ်ိန္၃၈မိနစ္တြင္ထရန္းအလက္ဇႏၵားအာႏိုးရဲ႕ျဖတ္တင္ေဘာကိုဖ်က္ထုတ္ရာမွာေဘာလုံးကဂိုးသမားကိုေက်ာ္တက္ၿပီးဂိုးဝင္သြားခဲ့လို႔ ကိုယ့္ဂိုးကိုယ္စတင္သြင္းမိခဲ့ပါတယ္။
ယင္းေနာက္၇မိနစ္အၾကာမွာေဝါက္ဖတ္စ္အတြက္ပိုမိုဆိုး႐ြားလာခဲ့ပါတယ္။ဒါဝင္ႏူနက္ဇ္ရဲ႕ကန္ခ်က္တိုင္ထိထြက္လာတာကိုဖ်က္ထုတ္ရာမွာကိုယ့္ဂိုးကိုယ္ကန္သြင္းသလိုျဖစ္ၿပီးဒုတိယေျမာက္ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့ပါတယ္။
သူဟာပရီးမီးယားလိဂ္သမိုင္းတြင္တစ္ပြဲတည္းကိုယ့္ဂိုးကိုယ္သြင္းမိတဲ့စတုတၳေျမာက္ကစားသမားျဖစ္လာပါတယ္။
ေဝါက္ဖတ္စ္မတိုင္မီကိုယ့္ဂိုးကိုယ္ႏွစ္ဂိုးသြင္းခဲ့ၾကတဲ့ကစားသမားမ်ားကေတာ့ေဂ်မီကာေရဂါ၊မိုက္ကယ္ပေရာ့တာႏွင့္ဂ်ိဳနသန္ေဝါလ္တားတို႔ျဖစ္ၾကပါတယ္။
ကာေရဂါဟာ၁၉၉၉ခုႏွစ္တုန္းကယူႏိုက္တက္ႏွင့္ပြဲမွာႏွစ္ဂိုးသြင္းမိခဲ့တာျဖစ္ၿပီးဆန္းဒါးလန္းရဲ႕ပေရာ့တာကေတာ့ခ်ာလ္တန္ႏွင့္ပြဲမွာသြင္းခဲ့တာျဖစ္ပါတယ္။စတုတ္ရဲ႕ေဝါလ္တားက၂၀၁၃ခုႏွစ္တုန္းကခ်ဲလ္ဆီးႏွင့္ပြဲမွာကိုယ့္ဂိုးကိုယ္ႏွစ္ဂိုးသြင္းခဲ့တာျဖစ္ပါတယ္။