
မန်ယူဟာယခုအပတ်အကုန်တွင်ကစားရမယ့်လီဗာပူးနှင့်ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်မတိုင်မီပရိသတ်များဆန္ဒပြသပိတ်မှောက်လာကြမှာအကြီးအကျယ်စိုးရိမ်နေပါတယ်။
မန်ယူဟာပြီးခဲ့တဲ့မေလတုန်းကလီဗာပူးနှင့်ပွဲစဉ်မတိုင်မီပရိသတ်များအကြီးအကျယ်ဆန္ဒပြသပိတ်မှောက်ပြတဲ့အပြင်အိုးထရက်ဖို့ဒ်ကိုအတင်းကျော်ဖြတ်မှုကြောင့်ပွဲကိုရွှေ့ဆိုင်းမှုပြုလုပ်ခဲ့ရပြီးလည်းဖြစ်ပါတယ်။
ယခင်သပိတ်မှောက်မှုမှာအသင်းပိုင်ရှင်ဂလေဇာမိသားစုကဥရောပစူပါလိဂ်တွင်ပါဝင်ရန်လုပ်ဆောင်မှုအားဆန္ဒပြသပိတ်မှောက်ခြင်းဖြစ်ပါတယ်။
ဒါပေမယ့်ယခုတစ်ကြိမ်တွင်မူမန်ယူပရိသတ်များဟာကွင်းတွင်းရလဒ်ဆိုးရွားမှုကြောင့်ဆန္ဒပြသပိတ်မှောက်ရန်စီစဉ်နေကြပါတယ်။
အိုလီဂန်းနားဆိုးလ်ရှားဦးဆောင်တဲ့မန်ယူဟာနွေရာသီတုန်းကခရစ္စတီယာနိုရော်နယ်ဒို၊ရာဖေးလ်ဗာရိန်း၊ဆန်ချိုတို့ကိုခေါ်ယူခဲ့သော်လည်းလက်စတာကိုရှုံးနိမ့်ပြီးနောက်နောက်ဆုံး၇ပွဲတွင်နိုင်ပွဲ၂ပွဲတည်းသာရယူထားနိုင်ပါတယ်။
ဒါကြောင့်မန်ယူပရိသတ်များဟာနည်းပြဆိုးလ်ရှားအားထုတ်ပယ်ရေးအပေါ်အဓိကထားကာဆန္ဒပြမှုပြုလုပ်လာနိုင်ပါတယ်။
မန်ယူဟာလာမယ့်ဗုဒ္ဓဟူးနေ့မှာအတ္တလန္တာနှင့်ချန်ပီယံလိဂ်အုပ်စုပွဲရင်ဆိုင်ကစားရမှာဖြစ်ပြီးတနင်္ဂနွေနေ့တွင်လီဗာပူးနှင့်ရင်ဆိုင်ကစားရပါမယ်။
ZawGyi
လီဗာပူးႏွင့္ပြဲမတိုင္မီ ပရိသတ္မ်ား အႀကီးအက်ယ္ဆႏၵျပလာမည္ကို မန္ယူအႀကီးအက်ယ္စိုးရိမ္ေန
မန္ယူဟာယခုအပတ္အကုန္တြင္ကစားရမယ့္လီဗာပူးႏွင့္ပရီးမီးယားလိဂ္အိမ္ကြင္းပြဲစဥ္မတိုင္မီပရိသတ္မ်ားဆႏၵျပသပိတ္ေမွာက္လာၾကမွာအႀကီးအက်ယ္စိုးရိမ္ေနပါတယ္။
မန္ယူဟာၿပီးခဲ့တဲ့ေမလတုန္းကလီဗာပူးႏွင့္ပြဲစဥ္မတိုင္မီပရိသတ္မ်ားအႀကီးအက်ယ္ဆႏၵျပသပိတ္ေမွာက္ျပတဲ့အျပင္အိုးထရက္ဖို႔ဒ္ကိုအတင္းေက်ာ္ျဖတ္မႈေၾကာင့္ပြဲကိုေ႐ႊ႕ဆိုင္းမႈျပဳလုပ္ခဲ့ရၿပီးလည္းျဖစ္ပါတယ္။
ယခင္သပိတ္ေမွာက္မႈမွာအသင္းပိုင္ရွင္ဂေလဇာမိသားစုကဥေရာပစူပါလိဂ္တြင္ပါဝင္ရန္လုပ္ေဆာင္မႈအားဆႏၵျပသပိတ္ေမွာက္ျခင္းျဖစ္ပါတယ္။
ဒါေပမယ့္ယခုတစ္ႀကိမ္တြင္မူမန္ယူပရိသတ္မ်ားဟာကြင္းတြင္းရလဒ္ဆိုး႐ြားမႈေၾကာင့္ဆႏၵျပသပိတ္ေမွာက္ရန္စီစဥ္ေနၾကပါတယ္။
အိုလီဂန္းနားဆိုးလ္ရွားဦးေဆာင္တဲ့မန္ယူဟာေႏြရာသီတုန္းကခရစၥတီယာႏိုေရာ္နယ္ဒို၊ရာေဖးလ္ဗာရိန္း၊ဆန္ခ်ိဳတို႔ကိုေခၚယူခဲ့ေသာ္လည္းလက္စတာကိုရႈံးနိမ့္ၿပီးေနာက္ေနာက္ဆုံး၇ပြဲတြင္ႏိုင္ပြဲ၂ပြဲတည္းသာရယူထားႏိုင္ပါတယ္။
ဒါေၾကာင့္မန္ယူပရိသတ္မ်ားဟာနည္းျပဆိုးလ္ရွားအားထုတ္ပယ္ေရးအေပၚအဓိကထားကာဆႏၵျပမႈျပဳလုပ္လာႏိုင္ပါတယ္။
မန္ယူဟာလာမယ့္ဗုဒၶဟူးေန႔မွာအတၱလႏၲာႏွင့္ခ်န္ပီယံလိဂ္အုပ္စုပြဲရင္ဆိုင္ကစားရမွာျဖစ္ၿပီးတနဂၤေႏြေန႔တြင္လီဗာပူးႏွင့္ရင္ဆိုင္ကစားရပါမယ္။