လီဗာပူးနှင့်ပွဲအပြီးတွင် ‘You’ll Never Walk Alone’ သီချင်းဖွင့်မှုရဲ့နောက်ကွယ်မှအကြောင်းရင်းကို အန်ဆယ်လော့တီဖွင့်ဟလာ

ကာလိုအန်ဆယ်လော့တီကချန်ပီယံလိဂ်တွင်လီဗာပူးကိုအနိုင်ရတဲ့ပွဲအပြီးတွင်ဘာနေဗျူးကွင်းမှာ’You’ll Never Walk Alone’ သီချင်းဖွင့်ချမှုပြိုင်ဘက်အပေါ်မိမိတို့ရဲ့လေးစားမှုပြသခြင်းဖြစ်ကြောင်းဖွင့်ဟပြောကြားလာပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာမနေ့ညတုန်းကဘာနေဗျူးကွင်းပွဲစဉ်တွင်လည်းလီဗာပူးကိုဘန်ဇီးမားရဲ့တစ်လုံးတည်းသောအနိုင်ဂိုးဖြင့်၁-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးနှစ်ကျော့ပေါင်းရလဒ်၆-၂ဂိုးဖြင့်အနိုင်ရရှိကာချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်သို့တက်ရောက်သွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာလီဗာပူးကိုအနိုင်ရရှိတဲ့ပွဲအပြီးတွင်လီဗာပူးအသင်းရဲ့ ‘You’ll Never Walk Alone’ သီချင်းကိုကွင်းအတွင်းဖွင့်လှစ်ခဲ့တာတွေ့ရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာလီဗာပူးကိုနှစ်ကျော့ပေါင်းရလဒ်၆-၂ဂိုးဖြင့်အနိုင်ရပြီးနောက် ‘You’ll Never Walk Alone’ သီချင်းကိုဖွင့်လှစ်ခဲ့ခြင်းဖြစ်ရာမလေးမစားလုပ်ခြင်းလို့ယူဆခြင်းခံခဲ့ရပါတယ်။

ဒါပေမဲ့ပွဲအပြီးတွင်အန်ဆယ်လော့တီက’You’ll Never Walk Alone’ သီချင်းဖွင့်ရခြင်းရဲ့နောက်ကွယ်မှအကြောင်းရင်းကိုဖွင့်ဟလာပါတယ်။

အန်ဆယ်လော့တီက “သူတို့ကလူကြီးလူကောင်းဆန်တဲ့ကလပ်ဖြစ်တဲ့အပြင်အရမ်းကောင်းတဲ့ကလပ်ဖြစ်လို့ဂုဏ်ပြုတာပါ။ပထမအကျော့တုန်းကသူတို့ကအေမန်စီယိုကိုဂုဏ်ပြုပေးတယ်။အခုသူတို့သီချင်းကိုပြန်ဖွင့်ပေးတာကောင်းမွန်တဲ့အပြုအမူပါ”လို့ပြောကြားသွားပါတယ်။

ပြီးခဲ့တဲ့လကအန်ဖီးလ်တွင်ကစားတဲ့ပွဲစဉ်မတိုင်မီလီဗာပူးဟာကွယ်လွန်သွားရှာပြီဖြစ်တဲ့ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ကစားသမားအေမန်စီယိုအေမာရိုကိုပန်းခွေဖြင့်ဂုဏ်ပြုခဲ့ပါတယ်။

ဒါ့အပြင်လီဗာပူးနည်းပြကလော့ပ်ကလည်းဘာနေဗျူးကွင်းတွင် ‘You’ll Never Walk Alone’ သီချင်းဖွင့်လှစ်မှုနဲ့ပတ်သက်ပြီး “ဘာနေဗျူးဆီကကောင်းမွန်တဲ့တုံ့ပြန်မှုရခဲ့တယ်။တစ်သင်းနဲ့တစ်သင်းကစားရတာအရမ်းကောင်းပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

လီဗာပူးႏွင့္ပြဲအၿပီးတြင္ ‘You’ll Never Walk Alone’ သီခ်င္းဖြင့္မႈရဲ႕ေနာက္ကြယ္မွအေၾကာင္းရင္းကို အန္ဆယ္ေလာ့တီဖြင့္ဟလာ

ကာလိုအန္ဆယ္ေလာ့တီကခ်န္ပီယံလိဂ္တြင္လီဗာပူးကိုအႏိုင္ရတဲ့ပြဲအၿပီးတြင္ဘာေနဗ်ဴးကြင္းမွာ’You’ll Never Walk Alone’ သီခ်င္းဖြင့္ခ်မႈၿပိဳင္ဘက္အေပၚမိမိတို႔ရဲ႕ေလးစားမႈျပသျခင္းျဖစ္ေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာမေန႔ညတုန္းကဘာေနဗ်ဴးကြင္းပြဲစဥ္တြင္လည္းလီဗာပူးကိုဘန္ဇီးမားရဲ႕တစ္လုံးတည္းေသာအႏိုင္ဂိုးျဖင့္၁-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ၿပီးႏွစ္ေက်ာ့ေပါင္းရလဒ္၆-၂ဂိုးျဖင့္အႏိုင္ရရွိကာခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္သို႔တက္ေရာက္သြားခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာလီဗာပူးကိုအႏိုင္ရရွိတဲ့ပြဲအၿပီးတြင္လီဗာပူးအသင္းရဲ႕ ‘You’ll Never Walk Alone’ သီခ်င္းကိုကြင္းအတြင္းဖြင့္လွစ္ခဲ့တာေတြ႕ရပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာလီဗာပူးကိုႏွစ္ေက်ာ့ေပါင္းရလဒ္၆-၂ဂိုးျဖင့္အႏိုင္ရၿပီးေနာက္ ‘You’ll Never Walk Alone’ သီခ်င္းကိုဖြင့္လွစ္ခဲ့ျခင္းျဖစ္ရာမေလးမစားလုပ္ျခင္းလို႔ယူဆျခင္းခံခဲ့ရပါတယ္။

ဒါေပမဲ့ပြဲအၿပီးတြင္အန္ဆယ္ေလာ့တီက’You’ll Never Walk Alone’ သီခ်င္းဖြင့္ရျခင္းရဲ႕ေနာက္ကြယ္မွအေၾကာင္းရင္းကိုဖြင့္ဟလာပါတယ္။

အန္ဆယ္ေလာ့တီက “သူတို႔ကလူႀကီးလူေကာင္းဆန္တဲ့ကလပ္ျဖစ္တဲ့အျပင္အရမ္းေကာင္းတဲ့ကလပ္ျဖစ္လို႔ဂုဏ္ျပဳတာပါ။ပထမအေက်ာ့တုန္းကသူတို႔ကေအမန္စီယိုကိုဂုဏ္ျပဳေပးတယ္။အခုသူတို႔သီခ်င္းကိုျပန္ဖြင့္ေပးတာေကာင္းမြန္တဲ့အျပဳအမူပါ”လို႔ေျပာၾကားသြားပါတယ္။

ၿပီးခဲ့တဲ့လကအန္ဖီးလ္တြင္ကစားတဲ့ပြဲစဥ္မတိုင္မီလီဗာပူးဟာကြယ္လြန္သြားရွာၿပီျဖစ္တဲ့ရီးရဲလ္မက္ဒရစ္ဂႏၴဝင္ကစားသမားေအမန္စီယိုေအမာ႐ိုကိုပန္းေခြျဖင့္ဂုဏ္ျပဳခဲ့ပါတယ္။

ဒါ့အျပင္လီဗာပူးနည္းျပကေလာ့ပ္ကလည္းဘာေနဗ်ဴးကြင္းတြင္ ‘You’ll Never Walk Alone’ သီခ်င္းဖြင့္လွစ္မႈနဲ႔ပတ္သက္ၿပီး “ဘာေနဗ်ဴးဆီကေကာင္းမြန္တဲ့တုံ႔ျပန္မႈရခဲ့တယ္။တစ္သင္းနဲ႔တစ္သင္းကစားရတာအရမ္းေကာင္းပါတယ္”လို႔ေျပာၾကားသြားပါတယ္။