လီဗာပူးနှင့်မန်စီးတီးတို့တွင် ဘယ်အသင်းကို ပိုမုန်းသလဲဆိုတာ ရက်ဖို့ဒ်ဖွင့်ဟလာ

မားကပ်စ်ရက်ဖို့ဒ်ဟာလီဗာပူးနှင့်မန်စီးတီးတို့တွင်ဘယ်အသင်းပိုမုန်းသလဲဆိုတာဖွင့်ဟလာသလို ၎င်းတို့အကြားပြိုင်ဆိုင်မှုကွဲပြားမှုကိုလည်းပြောကြားသွားပါတယ်။

မားကပ်စ်ရက်ဖို့ဒ်ဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကယုံကြည်မှုပျောက်ဆုံးပြီး နေရာရရှိရန်ရုန်းကန်ခဲ့ရပါတယ်။

အသက်၂၄နှစ်ရှိရက်ဖို့ဒ်ဟာယူနိုက်တက်တွင်ပင်ကစားသမားဘဝတစ်ခုလုံးဖြတ်သန်းလာသူဖြစ်ပါတယ်။

ရက်ဖို့ဒ်က “လီဗာပူးပါ။မန်စီးတီးကိုမကြိုက်ဘူး။လီဗာပူးမှာကပိုကြီးတဲ့သမိုင်းကြောင်းရှိတယ်။ဒါပေမဲ့မန်စီးတီးကတော့သူတို့ကိုမကြိုက်လို့ကိုမကြိုက်တာပေါ့။သူတို့ကိုဘာကြောင့်မကြိုက်လဲဆိုတာကြီးမားတဲ့အကြောင်းပြချက်လည်းမရှိပြန်ပါဘူး။

မန်စီးတီးဟာရက်ဖို့ဒ်ငယ်စဉ်တုန်းကကလပ်ကြီးမဟုတ်သေးပါဘူး။ရက်ဖို့ဒ်မွေးဖွားတုန်းကမန်စီးတီးဟာချန်ပီယံရှစ်မှာကစားနေခဲ့ရတာပါ။

ဒါပေမဲ့မန်စီးတီးဟာသူတို့ရဲ့ပထမဆုံးပရီးမီးယားလိဂ်ဖလားကို၂၀၁၂ခုနှစ်တွင်ရရှိလာပြီးနောက်ယူနိုက်တက်ရဲ့ပြိုင်ဘက်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့ယူနိုက်တက်မှာဆာအဲလက်စ်ဖာဂူဆန်ခေတ်အလွန်တွင်ရုန်းကန်နေခဲ့ရပြီး ပရီးမီးယားလိဂ်ဖလားနှင့်ဝေးကွာလာခဲ့တာ၂၀၁၃ခုနှစ်ကတည်းကဖြစ်ပါတယ်။

ယူနိုက်တက်နှင့်ယူနိုက်တက်မှာမန်စီးတီး၊ချဲလ်ဆီးတို့ မထွက်ပေါ်လာမီတုန်းကဆယ်စုနှစ်ပေါင်းများစွာဆုဖလားအတွက်အကြီးအကျယ်ယှဉ်ပြိုင်လာခဲ့ကြတဲ့အသင်းဖြစ်ပါတယ်။

ZawGyi

လီဗာပူးႏွင့္မန္စီးတီးတို႔တြင္ ဘယ္အသင္းကို ပိုမုန္းသလဲဆိုတာ ရက္ဖို႔ဒ္ဖြင့္ဟလာ

မားကပ္စ္ရက္ဖို႔ဒ္ဟာလီဗာပူးႏွင့္မန္စီးတီးတို႔တြင္ဘယ္အသင္းပိုမုန္းသလဲဆိုတာဖြင့္ဟလာသလို ၎တို႔အၾကားၿပိဳင္ဆိုင္မႈကြဲျပားမႈကိုလည္းေျပာၾကားသြားပါတယ္။

မားကပ္စ္ရက္ဖို႔ဒ္ဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကယုံၾကည္မႈေပ်ာက္ဆုံးၿပီး ေနရာရရွိရန္႐ုန္းကန္ခဲ့ရပါတယ္။

အသက္၂၄ႏွစ္ရွိရက္ဖို႔ဒ္ဟာယူႏိုက္တက္တြင္ပင္ကစားသမားဘဝတစ္ခုလုံးျဖတ္သန္းလာသူျဖစ္ပါတယ္။

ရက္ဖို႔ဒ္က “လီဗာပူးပါ။မန္စီးတီးကိုမႀကိဳက္ဘူး။လီဗာပူးမွာကပိုႀကီးတဲ့သမိုင္းေၾကာင္းရွိတယ္။ဒါေပမဲ့မန္စီးတီးကေတာ့သူတို႔ကိုမႀကိဳက္လို႔ကိုမႀကိဳက္တာေပါ့။သူတို႔ကိုဘာေၾကာင့္မႀကိဳက္လဲဆိုတာႀကီးမားတဲ့အေၾကာင္းျပခ်က္လည္းမရွိျပန္ပါဘူး။

မန္စီးတီးဟာရက္ဖို႔ဒ္ငယ္စဥ္တုန္းကကလပ္ႀကီးမဟုတ္ေသးပါဘူး။ရက္ဖို႔ဒ္ေမြးဖြားတုန္းကမန္စီးတီးဟာခ်န္ပီယံရွစ္မွာကစားေနခဲ့ရတာပါ။

ဒါေပမဲ့မန္စီးတီးဟာသူတို႔ရဲ႕ပထမဆုံးပရီးမီးယားလိဂ္ဖလားကို၂၀၁၂ခုႏွစ္တြင္ရရွိလာၿပီးေနာက္ယူႏိုက္တက္ရဲ႕ၿပိဳင္ဘက္ျဖစ္လာခဲ့ပါတယ္။ဒါေပမဲ့ယူႏိုက္တက္မွာဆာအဲလက္စ္ဖာဂူဆန္ေခတ္အလြန္တြင္႐ုန္းကန္ေနခဲ့ရၿပီး ပရီးမီးယားလိဂ္ဖလားႏွင့္ေဝးကြာလာခဲ့တာ၂၀၁၃ခုႏွစ္ကတည္းကျဖစ္ပါတယ္။

ယူႏိုက္တက္ႏွင့္ယူႏိုက္တက္မွာမန္စီးတီး၊ခ်ဲလ္ဆီးတို႔ မထြက္ေပၚလာမီတုန္းကဆယ္စုႏွစ္ေပါင္းမ်ားစြာဆုဖလားအတြက္အႀကီးအက်ယ္ယွဥ္ၿပိဳင္လာခဲ့ၾကတဲ့အသင္းျဖစ္ပါတယ္။