လီဗာပူးနှင့်အက်ဖ်အေဖလားပွဲစဉ်မှ ဝုဗ်ရဲ့အနိုင်ဂိုးကို သက်သေမပြနိုင်ဘဲ အငြင်းပွားဖွယ်ဂိုးမပေးခဲ့တဲ့ VAR

ဝုဗ်ဟာမနေ့ညတုန်းကလီဗာပူးနှင့်နှစ်ဂိုးစီသရေကျတဲ့အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်မှအနိုင်ဂိုးကို VAR ကအငြင်းပွားဖွယ်ဂိုးမပေးမှုကြောင့်နစနာခဲ့ရပါတယ်။

ယခုအပတ်အစောပိုင်းတုန်းကဘရန့်ဖို့ဒ်ကိုအရှက်တကွဲရှုံးနိမ့်ခဲ့တဲ့လီဗာပူးဟာယခုပွဲတွင်တောင့်တင်းတဲ့လူစာရင်းနှင့်ပွဲထွက်လာခဲ့ပါတယ်။

ဒါပေမဲ့ပွဲချိန်၂၆မိနစ်တွင်အလစ်ဆင်ရဲ့အမှားကနေဝုဗ်တို့ဦးဆောင်ဂိုးရရှိသွားခဲ့ပါတယ်။ယင်းဂိုးကိုနူနက်ဇ်ကပထမပိုင်းပြီးခါနီးမှာချေပခဲ့ပါတယ်။ယင်းနောက်ဆာလက်ကလီဗာပူးအတွက်ဦးဆောင်ဂိုးသွင်းခဲ့ပြီးဟွမ်ဟီချန်ကဝုဗ်အတွက်ချေပဂိုးသွင်းခဲ့ပါတယ်။

ယင်းနောက်ဂိုမက်စ်ကဝုဗ်အတွက်အနိုင်ဂိုးသွင်းခဲ့တာဖြစ်ပါတယ်။တီတီဂိုမက်စ်ဟာဟွမ်ဟီချန်ရဲ့ကန်ချက်ကနေဂိုးသွင်းခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့VAR ဟာယင်းဂိုးကိုအချိန်ယူစစ်ဆေးမှုပြုလုပ်ပြီးနောက်လူကျွံနေတယ်ဆိုပြီးခွင့်မပြုခဲ့ပါဘူး။ဒါပေမဲ့ရုပ်သံမှကြည့်နေသူများရောကွင်းအတွင်းလာကြည့်သူများပါ VAR ရဲ့ဆုံးဖြတ်ချက်ကိုနားမလည်နိုင်အောင်ဖြစ်နေကြပါတယ်။

ဂိုမက်စ်ဟာဂိုးကန်ချက်ချိန်တွင်လူကျွံအနေအထားမှာမရှိပါဘူး။ဒါ့အပြင်VAR ဟာလည်းဘယ်သူလူကျွံနေတယ်ဆိုတာသက်သေပြနိုင်ခြင်းမရှိပါဘူး။အထူးသဖြင့်ယင်းဖြစ်ရပ်ကိုရှု့ထောင့်စုံကရိုက်ကူးထားတဲ့ဗီဒီယိုမှတ်တမ်းလည်းမရှိပါဘူး။

လီဗာပူးနည်းပြကလော့ပ်ကတော့လီဗာပူးမှာVAR ရဲ့ဆုံးဖြတ်ချက်ကြောင့်ကံကောင်းထောက်မစွာသရေကျခဲ့ခြင်းဖြစ်ကြောင်းဝန်ခံသွားပါတယ်။

ဝုဗ်နည်းပြလိုပီတီဂူဟာဂိုးကိုခွင့်မပြုမှုအတွက်အကြီးအကျယ်စောဒကတက်ရာမှအဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။

ZawGyi

လီဗာပူးႏွင့္အက္ဖ္ေအဖလားပြဲစဥ္မွ ဝုဗ္ရဲ႕အႏိုင္ဂိုးကို သက္ေသမျပႏိုင္ဘဲ အျငင္းပြားဖြယ္ဂိုးမေပးခဲ့တဲ့ VAR

ဝုဗ္ဟာမေန႔ညတုန္းကလီဗာပူးႏွင့္ႏွစ္ဂိုးစီသေရက်တဲ့အက္ဖ္ေအဖလားတတိယအဆင့္ပြဲစဥ္မွအႏိုင္ဂိုးကို VAR ကအျငင္းပြားဖြယ္ဂိုးမေပးမႈေၾကာင့္နစနာခဲ့ရပါတယ္။

ယခုအပတ္အေစာပိုင္းတုန္းကဘရန႔္ဖို႔ဒ္ကိုအရွက္တကြဲရႈံးနိမ့္ခဲ့တဲ့လီဗာပူးဟာယခုပြဲတြင္ေတာင့္တင္းတဲ့လူစာရင္းႏွင့္ပြဲထြက္လာခဲ့ပါတယ္။

ဒါေပမဲ့ပြဲခ်ိန္၂၆မိနစ္တြင္အလစ္ဆင္ရဲ႕အမွားကေနဝုဗ္တို႔ဦးေဆာင္ဂိုးရရွိသြားခဲ့ပါတယ္။ယင္းဂိုးကိုႏူနက္ဇ္ကပထမပိုင္းၿပီးခါနီးမွာေခ်ပခဲ့ပါတယ္။ယင္းေနာက္ဆာလက္ကလီဗာပူးအတြက္ဦးေဆာင္ဂိုးသြင္းခဲ့ၿပီးဟြမ္ဟီခ်န္ကဝုဗ္အတြက္ေခ်ပဂိုးသြင္းခဲ့ပါတယ္။

ယင္းေနာက္ဂိုမက္စ္ကဝုဗ္အတြက္အႏိုင္ဂိုးသြင္းခဲ့တာျဖစ္ပါတယ္။တီတီဂိုမက္စ္ဟာဟြမ္ဟီခ်န္ရဲ႕ကန္ခ်က္ကေနဂိုးသြင္းခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့VAR ဟာယင္းဂိုးကိုအခ်ိန္ယူစစ္ေဆးမႈျပဳလုပ္ၿပီးေနာက္လူကြၽံေနတယ္ဆိုၿပီးခြင့္မျပဳခဲ့ပါဘူး။ဒါေပမဲ့႐ုပ္သံမွၾကည့္ေနသူမ်ားေရာကြင္းအတြင္းလာၾကည့္သူမ်ားပါ VAR ရဲ႕ဆုံးျဖတ္ခ်က္ကိုနားမလည္ႏိုင္ေအာင္ျဖစ္ေနၾကပါတယ္။

ဂိုမက္စ္ဟာဂိုးကန္ခ်က္ခ်ိန္တြင္လူကြၽံအေနအထားမွာမရွိပါဘူး။ဒါ့အျပင္VAR ဟာလည္းဘယ္သူလူကြၽံေနတယ္ဆိုတာသက္ေသျပႏိုင္ျခင္းမရွိပါဘူး။အထူးသျဖင့္ယင္းျဖစ္ရပ္ကိုရႈ႕ေထာင့္စုံက႐ိုက္ကူးထားတဲ့ဗီဒီယိုမွတ္တမ္းလည္းမရွိပါဘူး။

လီဗာပူးနည္းျပကေလာ့ပ္ကေတာ့လီဗာပူးမွာVAR ရဲ႕ဆုံးျဖတ္ခ်က္ေၾကာင့္ကံေကာင္းေထာက္မစြာသေရက်ခဲ့ျခင္းျဖစ္ေၾကာင္းဝန္ခံသြားပါတယ္။

ဝုဗ္နည္းျပလိုပီတီဂူဟာဂိုးကိုခြင့္မျပဳမႈအတြက္အႀကီးအက်ယ္ေစာဒကတက္ရာမွအဝါကတ္ျပသျခင္းခံခဲ့ရပါတယ္။