
အင်္ဂလန်တိုက်စစ်မှူးဟောင်းဒေးဗစ်ဂျွန်ဆင်ဟာအသက်၇၁နှစ်အရွယ်တွင်ကွယ်လွန်သွားခဲ့ပါတယ်။ဒေးဗစ်ဂျွန်ဆင်ဟာမာဆေးဆိုက်ကလပ်များဖြစ်ကြတဲ့လီဗာပူးနှင့်အဲဗာတန် နှစ်သင်းလုံးအတွက်မာဆေးဆိုက်ဒါဘီတွင်ဂိုးသွင်းပေးနိုင်ခဲ့တဲ့ပထမဆုံးကစားသမားအဖြစ်မှတ်တမ်းရေးထိုးထားသူလည်းဖြစ်ပါတယ်။
သူဟာအင်္ဂလန်အသင်းအတွက်၈ပွဲကစားခဲ့ရာမှာ၆ဂိုးသွင်းယူပေးနိုင်ခဲ့သူဖြစ်ပြီးလည်ချောင်းကင်ဆာရောဂါဝေဒနာခံစားရပြီးနောက်ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
သူဟာအဲဗာတန်တွင်နှစ်ကြိမ်တိုင်တိုင်ကစားခဲ့သလိုလီဗာပူးတွင်လည်းနည်းပြဘော့ပရက်စလေလက်အောက်တွင်ကစားခဲ့သူဖြစ်ပါတယ်။
သူဟာ၁၉၇၆ခုနှစ်မှစတင်ပြီးလီဗာပူးတွင်ခြောက်နှစ်တာကစားစဉ်အတွင်း အမှတ်ပေးဖလားသုံးကြိမ်နှင့်၁၉၈၁ဥရောပဖလားဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။
သူဟာအဲဗာတန်တွင်ကစားသမားဘဝစတင်ပြီးနောက်၁၉၇၁ခုနှစ်မာဆေးဆိုက်ဒါဘီပွဲတွင်ဂိုးသွင်းခဲ့ပါတယ်။ယင်းနောက်သူဟာကိုးနှစ်အကြာတွင်လီဗာပူးအတွက်ဂိုးသွင်းနိုင်ခဲ့ပါတယ်။
သူဟာ၁၉၇၆ခုနှစ်တွင်လီဗာပူးသို့ထိုစဉ်ကကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်၂၀၀၀၀၀ဖြင့်ပြောင်းပြီးနောက်၂၁၃ပွဲကစားခဲ့ရာမှာ၇၈ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။
သူဟာဘန်စလေ၊မန်စီးတီး၊ကျူဆာရုဒ်နက်၊ပရက်စတန်၊ဘာရိုးနှင့်အစ်ဝှစ်ချ်တို့တွင်လည်းကစားခဲ့ပါတယ်။
ZawGyi
လီဗာပူးႏွင့္အဲဗာတန္တို႔အတြက္ ပထမဆုံးဂိုးသြင္းႏိုင္ခဲ့တဲ့ ကစားသမား ေဒးဗစ္ဂြၽန္ဆင္ကြယ္လြန္
အဂၤလန္တိုက္စစ္မႉးေဟာင္းေဒးဗစ္ဂြၽန္ဆင္ဟာအသက္၇၁ႏွစ္အ႐ြယ္တြင္ကြယ္လြန္သြားခဲ့ပါတယ္။ေဒးဗစ္ဂြၽန္ဆင္ဟာမာေဆးဆိုက္ကလပ္မ်ားျဖစ္ၾကတဲ့လီဗာပူးႏွင့္အဲဗာတန္ ႏွစ္သင္းလုံးအတြက္မာေဆးဆိုက္ဒါဘီတြင္ဂိုးသြင္းေပးႏိုင္ခဲ့တဲ့ပထမဆုံးကစားသမားအျဖစ္မွတ္တမ္းေရးထိုးထားသူလည္းျဖစ္ပါတယ္။
သူဟာအဂၤလန္အသင္းအတြက္၈ပြဲကစားခဲ့ရာမွာ၆ဂိုးသြင္းယူေပးႏိုင္ခဲ့သူျဖစ္ၿပီးလည္ေခ်ာင္းကင္ဆာေရာဂါေဝဒနာခံစားရၿပီးေနာက္ကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္။
သူဟာအဲဗာတန္တြင္ႏွစ္ႀကိမ္တိုင္တိုင္ကစားခဲ့သလိုလီဗာပူးတြင္လည္းနည္းျပေဘာ့ပရက္စေလလက္ေအာက္တြင္ကစားခဲ့သူျဖစ္ပါတယ္။
သူဟာ၁၉၇၆ခုႏွစ္မွစတင္ၿပီးလီဗာပူးတြင္ေျခာက္ႏွစ္တာကစားစဥ္အတြင္း အမွတ္ေပးဖလားသုံးႀကိမ္ႏွင့္၁၉၈၁ဥေရာပဖလားဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။
သူဟာအဲဗာတန္တြင္ကစားသမားဘဝစတင္ၿပီးေနာက္၁၉၇၁ခုႏွစ္မာေဆးဆိုက္ဒါဘီပြဲတြင္ဂိုးသြင္းခဲ့ပါတယ္။ယင္းေနာက္သူဟာကိုးႏွစ္အၾကာတြင္လီဗာပူးအတြက္ဂိုးသြင္းႏိုင္ခဲ့ပါတယ္။
သူဟာ၁၉၇၆ခုႏွစ္တြင္လီဗာပူးသို႔ထိုစဥ္ကကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္၂၀၀၀၀၀ျဖင့္ေျပာင္းၿပီးေနာက္၂၁၃ပြဲကစားခဲ့ရာမွာ၇၈ဂိုးသြင္းယူေပးႏိုင္ခဲ့ပါတယ္။
သူဟာဘန္စေလ၊မန္စီးတီး၊က်ဴဆာ႐ုဒ္နက္၊ပရက္စတန္၊ဘာ႐ိုးႏွင့္အစ္ဝွစ္ခ်္တို႔တြင္လည္းကစားခဲ့ပါတယ္။