
ရီးရဲလ်မက်ဒရစ်စတားများဖြစ်ကြတဲ့မီလီတာအိုနှင့်ကာရမ်ဘန်ဇီးမားတို့ဟာလီဗာပူးနှင့်ချန်ပီယံလိဂ်ပွဲကစားရန်နှစ်ပတ်အလိုတွင်ဒဏ်ရာရရှိသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ဇွန်လတုန်းကပဲရစ်ဗိုလ်လုပွဲတွင်လီဗာပူးကိုအနိုင်ယူခဲ့တဲ့ရီးရဲလ်မက်ဒရစ်ဟာဖေဖော်ဝါရီလ၂၁ရက်နေ့တွင်အန်ဖီးလ်သို့သွားရောက်ကာချန်ပီယံလိဂ်၁၆သင်းရှုံးထွက်ပထမအကျော့ကစားသွားရပါမယ်။
ဒါပေမဲ့ရီးရဲလ်မက်ဒရစ်ဟာအသင်းခေါင်းဆောင်ကာရမ်ဘန်ဇီးမားရဲ့ကြံ့ခိုင်မှုကြောင့်စိုးရိမ်စရာဖြစ်နေပြီဖြစ်ပါတယ်။
ပြင်သစ်စတားဟာမနေ့ညတုန်းကဗလင်စီယာကို၂-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်ဒဏ်ရာရရှိသွားခဲ့ပြီးမီလီတာအိုမှာလည်းဒဏ်ရာရရှိကာလူစားလဲခဲ့ရပါတယ်။
ဘရာဇီးဗဟိုနောက်ခံလူဟာညာဖက်ပေါင်ကြွက်သားဒဏ်ရာရရှိသွားတယ်လို့ယူဆရပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာမနေ့ညတုန်းကဗလင်စီယာနှင့်ပွဲတွင်အဆန်စီယို၊ဗီနီရှပ်စ်တို့ရဲ့သွင်းဂိုးများဖြင့်၂-၀ဖြင့်အနိုင်ရရှိခဲ့ပြီးထိပ်ဆုံးမှဘာစီလိုနာနှင့်၅မှတ်အကွာသို့ရောက်လာပါတယ်။
ZawGyi
လီဗာပူးႏွင့္ ခ်န္ပီယံလိဂ္ပြဲကစားရန္ ႏွစ္ပတ္အလိုတြင္ ဒဏ္ရာရရွိသြားတဲ့ ရီးရဲလ္မက္ဒရစ္ရဲ႕ဘန္ဇီးမားႏွင့္မီလီတာအို
ရီးရဲလ္မက္ဒရစ္စတားမ်ားျဖစ္ၾကတဲ့မီလီတာအိုႏွင့္ကာရမ္ဘန္ဇီးမားတို႔ဟာလီဗာပူးႏွင့္ခ်န္ပီယံလိဂ္ပြဲကစားရန္ႏွစ္ပတ္အလိုတြင္ဒဏ္ရာရရွိသြားခဲ့ပါတယ္။
ၿပီးခဲ့တဲ့ဇြန္လတုန္းကပဲရစ္ဗိုလ္လုပြဲတြင္လီဗာပူးကိုအႏိုင္ယူခဲ့တဲ့ရီးရဲလ္မက္ဒရစ္ဟာေဖေဖာ္ဝါရီလ၂၁ရက္ေန႔တြင္အန္ဖီးလ္သို႔သြားေရာက္ကာခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္ပထမအေက်ာ့ကစားသြားရပါမယ္။
ဒါေပမဲ့ရီးရဲလ္မက္ဒရစ္ဟာအသင္းေခါင္းေဆာင္ကာရမ္ဘန္ဇီးမားရဲ႕ႀကံ့ခိုင္မႈေၾကာင့္စိုးရိမ္စရာျဖစ္ေနၿပီျဖစ္ပါတယ္။
ျပင္သစ္စတားဟာမေန႔ညတုန္းကဗလင္စီယာကို၂-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္ဒဏ္ရာရရွိသြားခဲ့ၿပီးမီလီတာအိုမွာလည္းဒဏ္ရာရရွိကာလူစားလဲခဲ့ရပါတယ္။
ဘရာဇီးဗဟိုေနာက္ခံလူဟာညာဖက္ေပါင္ႂကြက္သားဒဏ္ရာရရွိသြားတယ္လို႔ယူဆရပါတယ္။
ရီးရဲလ္မက္ဒရစ္ဟာမေန႔ညတုန္းကဗလင္စီယာႏွင့္ပြဲတြင္အဆန္စီယို၊ဗီနီရွပ္စ္တို႔ရဲ႕သြင္းဂိုးမ်ားျဖင့္၂-၀ျဖင့္အႏိုင္ရရွိခဲ့ၿပီးထိပ္ဆုံးမွဘာစီလိုနာႏွင့္၅မွတ္အကြာသို႔ေရာက္လာပါတယ္။