လီဗာပူးပွဲမှ အမှားအတွက် မန်ယူကစားဖော်များကို တောင်းပန်ခဲ့ပေမယ့် ဆိုးလ်ရှားကို မတောင်းပန်ခဲ့တဲ့ ပေါ့ဘာ

အကြီးအကျယ်ဒေါသထွက်နေတဲ့ပေါလ်ပေါ့ဘာဟာလီဗာပူးအား၅-၀ဂိုးဖြင့် အရှက်တကွဲရှုံးနိမ့်တဲ့ပွဲတွင်ပွဲထွက်လူစာရင်းတွင်ချန်လှပ်ခြင်းခံခဲ့ရပြီးနောက် နည်းပြအိုလီဂန်းနားဆိုးလ်ရှားကိုဥပက္ခာပြုလိုက်ကြောင်းသိရပါတယ်။

ပေါ့ဘာဟာဒုတိယပိုင်းတွင်လူစားဝင်ရောက်ကစားခဲ့ပြီးလီဗာပူးရဲ့ပဥ္မမဂိုး ရရှိသွားမှုအတွက်အဓိကအမှားကိုပြုလုပ်ခဲ့သူဖြစ်ပါတယ်။သူဟာဂိုးပေးရအောင်အမှားလုပ်ပြီးနောက်မိနစ်အနည်းငယ်အကြာတွင်ကီတာကိုမလိုအပ်ဘဲကြမ်းတမ်းစွာဖျက်ထုတ်ကစားမှုအတွက်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာလီဗာပူးနှင့်ပွဲစဉ်မှသူ့အမှားများအတွက်မန်ယူကစားသမားများကိုတောင်းပန်မှုပြုလုပ်ခဲ့ပါတယ်။ဒါပေမယ့်သူဟာအိုလီဂန်းနားဆိုးလ်ရှားကိုမူစကားတစ်လုံးမျှပင်မပြောခဲ့ပါဘူး။

ဒါ့အပြင်အသက်၂၈နှစ်ရှိပေါလ်ပေါ့ဘာဟာမန်ယူနှင့်စာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးမှုကိုလည်းရပ်ဆိုင်းလိုက်ပါတယ်။ပေါ့ဘာဟာယခုရာသီအကုန်တွင်မန်ယူနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီးလာမယ့်ဇန်နဝါရီလ၁ရက်နေ့မှစတင်ကာနိုင်ငံခြားကလပ်နှင့်လွတ်လပ်စွာဆွေးနွေးခွင့်ရှိနေသူဖြစ်ပါတယ်။

ZawGyi

လီဗာပူးပြဲမွ အမွားအတြက္ မန္ယူကစားေဖာ္မ်ားကို ေတာင္းပန္ခဲ့ေပမယ့္ ဆိုးလ္ရွားကို မေတာင္းပန္ခဲ့တဲ့ ေပါ့ဘာ

အႀကီးအက်ယ္ေဒါသထြက္ေနတဲ့ေပါလ္ေပါ့ဘာဟာလီဗာပူးအား၅-၀ဂိုးျဖင့္ အရွက္တကြဲရႈံးနိမ့္တဲ့ပြဲတြင္ပြဲထြက္လူစာရင္းတြင္ခ်န္လွပ္ျခင္းခံခဲ့ရၿပီးေနာက္ နည္းျပအိုလီဂန္းနားဆိုးလ္ရွားကိုဥပကၡာျပဳလိုက္ေၾကာင္းသိရပါတယ္။

ေပါ့ဘာဟာဒုတိယပိုင္းတြင္လူစားဝင္ေရာက္ကစားခဲ့ၿပီးလီဗာပူးရဲ႕ပၪၼမဂိုး ရရွိသြားမႈအတြက္အဓိကအမွားကိုျပဳလုပ္ခဲ့သူျဖစ္ပါတယ္။သူဟာဂိုးေပးရေအာင္အမွားလုပ္ၿပီးေနာက္မိနစ္အနည္းငယ္အၾကာတြင္ကီတာကိုမလိုအပ္ဘဲၾကမ္းတမ္းစြာဖ်က္ထုတ္ကစားမႈအတြက္အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားဟာလီဗာပူးႏွင့္ပြဲစဥ္မွသူ႔အမွားမ်ားအတြက္မန္ယူကစားသမားမ်ားကိုေတာင္းပန္မႈျပဳလုပ္ခဲ့ပါတယ္။ဒါေပမယ့္သူဟာအိုလီဂန္းနားဆိုးလ္ရွားကိုမူစကားတစ္လုံးမွ်ပင္မေျပာခဲ့ပါဘူး။

ဒါ့အျပင္အသက္၂၈ႏွစ္ရွိေပါလ္ေပါ့ဘာဟာမန္ယူႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးေဆြးေႏြးမႈကိုလည္းရပ္ဆိုင္းလိုက္ပါတယ္။ေပါ့ဘာဟာယခုရာသီအကုန္တြင္မန္ယူႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမည္ျဖစ္ၿပီးလာမယ့္ဇန္နဝါရီလ၁ရက္ေန႔မွစတင္ကာႏိုင္ငံျခားကလပ္ႏွင့္လြတ္လပ္စြာေဆြးေႏြးခြင့္ရွိေနသူျဖစ္ပါတယ္။