
လီဗာပူးပရိသတ်၃ဦးတို့ဟာရီးရဲလ်မက်ဒရစ်ကို၅-၂ဂိုးဖြင့်လီဗာပူးတို့ရှုံးနိမ့်တဲ့ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ပွဲစဉ်အားအန်ဖီးလ်ကွင်းခေါင်းမိုးပေါ်သို့တက်ကြည့်မှုကြောင့်ဖမ်းဆီးခြင်းခံခဲ့ရကြောင်းသိရပါတယ်။
ပရော်ဖက်ရှင်နယ်တောင်တက်သမားကိန်းဟော့နှင့်သူငယ်ချင်းနှစ်ဦးတို့ဟာ ပြန်လည်အဆင့်မြှင့်တည်ဆောက်နေတဲ့ Road End မှဆောက်လုပ်ရေးလုပ်ငန်းမှတဆင့်အန်ဖီးလ်ကွင်းခေါင်းမိုးပေါ်သို့တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
၎င်းတို့ဟာလီဗာပူးနှင့်ရီးရဲလ်မက်ဒရစ်တို့ရဲ့ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်အတွက်လက်မှတ်မရရှိလိုက်ပြီးနောက်ယင်းသို့ခေါင်းမိုးပေါ်သို့တက်ရောက်ခဲ့ကြပါတယ်။
၎င်းတို့ဟာအန်ဖီးလ်ခေါင်းမိုးပေါ်သို့ ဆောက်လုပ်ရေးအလုပ်သမားကဲ့သို့ဝတ်ဆင်ကြည့်ခဲ့တာဖြစ်ပြီးလီဗာပူးတို့အရှက်တကွဲရှုံးနိမ့်တဲ့ပွဲရဲ့သုံးပုံနှစ်ပုံမျှကိုသာကြည့်ခဲ့ရပါတယ်။
ရဲတပ်ဖွဲ့ဝင်များက၎င်းတို့ကိုပြန်ဆင်းလာရန်ပြောကြားခဲ့ပြီး၎င်းတို့ကလည်းပြန်ဆင်းလာခဲ့ကာဖမ်းဆီးခြင်းခံ့ခဲ့ရပါတယ်။
၎င်းတို့ဟာလက်မှတ်မပါဘဲပွဲကြည့်မှု၊တရားမဝင်ဝင်ရောက်မှု၊ဝန်ဆောင်မှုကိုမရိုးမသားရယူမှုတို့ဖြင့်စွဲချက်တင်ခြင်းခံထားရပြီးမတ်လ၂၇ရက်နေ့တွင်အမှုရင်ဆိုင်ရပါမယ်။
၎င်းတို့ဟာအန်ဖီးလ်ခေါင်းမိုးသို့ခိုးတက်ကာကြည့်ခဲ့ကြတဲ့ပွဲမှာလီဗာပူးဟာ၂-၀ဂိုးဖြင့်ပွဲကိုဦးဆောင်နိုင်ခဲ့ပြီးမှ၅-၂ဂိုးဖြင့်ရှုံးနိမ့်သွားခဲ့ပါတယ်။
ZawGyi
လီဗာပူးပွဲအား အန်ဖီးလ်ကွင်းခေါင်းမိုးပေါ်သို့ တက်ကြည့်တဲ့ လီဗာပူးပရိသတ်များ ဖမ်းဆီးခံရ