လီဗာပူးမှာ အဆိုးရွားဆုံးအခြေအနေမျိုးနှင့်ကြုံတွေ့နေရပြီဖြစ်ကြောင်း ကလော့ပ်ဝန်ခံ

ဂျာဂင်ကလော့ပ်က၎င်းမှာနည်းပြဘဝအဆိုးဆုံးအနေအထားမျိုးနှင့်ရင်ဆိုင်နေရပြီးလီဗာပူးမှာလည်းအဆိုးရွားဆုံး အခြေအနေမျိုးနှင့်ကြုံနေရကြောင်းဝန်ခံပြောကြားလာပါတယ်။

လီဗာပူးဟာမနေ့ညတုန်းကတန်းမဆင်းရရေးတိုက်ပွဲဝင်နေတဲ့ဖူလ်ဟမ်ကို၁-၀ဂိုးဖြင့်ရှုံးနိမ့်ကာအန်ဖီးလ်တွင်ပရီးမီးယားလိဂ်ခြောက်ပွဲဆက်အရှုံးနှင့်ရင်ဆိုင်နေရပါတယ်။ပွဲအပြီးတွင်လီဗာပူးဂန္ထဝင်ကစားသမားဂျင်မီကာရေဂါကလီဗာပူးမှာစိတ်ဓာတ်ပိုင်းအနုံချာဆုံးအနေအထားတွင်ရှိနေပြီလို့ဝေဖန်ပြောကြားခဲ့ပါတယ်။

နည်းပြဘဝအဆိုးရွားအနေအထားမျိုးနှင့်ရင်ဆိုင်နေရပြီလားလို့မေးမြန်းလာမှုအားကလော့ပ်က “အဲဒီလိုမပြောချင် ဘူး။ဒါပေမယ့်တကယ်တမ်းမှာတော့အဲဒီလိုဖြစ်နေပါတယ်။ဒီတော့ဒါကပြဿနာမဟုတ်ပါဘူး။အကောင်းဆုံးအချိန် တွေချည်းဘဲကြုံနေရမှာမဟုတ်ပါဘူး။ဒီအသင်းကတကယ့်ကိုကြီးမားတဲ့အသင်းပါ။ကြီးမားတဲ့အောင်မြင်မှုတွေ လည်းကျွန်တော်တို့ရယူနိုင်ခဲ့တယ်။အခုကျွန်တော်တို့မှာကြီးမားတဲ့အခြေအနေဆိုးနဲ့ရင်ဆိုင်နေရပါတယ်။ဒါကို ကျော်ဖြတ်ဖို့ကျွန်တော်တို့တိုက်ပွဲဝင်ရပါမယ်”လို့ပြောကြားသွားပါတယ်။

လီဗာပူးဟာလာမယ့်ဗုဒ္ဓဟူးနေ့မှာချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ဒုတိယအကျော့ပွဲစဉ်အဖြစ်လိုက်ဇစ်ကိုအန်ဖီးလ်မှာဧည့်ခံကစားရပါမယ်။လီဗာပူးဟာပထမအကျော့တုန်းက၂-၀ဂိုးဖြင့်အနိုင်ရယူနိုင်ခဲ့ပါတယ်။

ZawGyi

လီဗာပူးမွာ အဆိုး႐ြားဆုံးအေျခအေနမ်ိဳးႏွင့္ႀကဳံေတြ႕ေနရၿပီျဖစ္ေၾကာင္း ကေလာ့ပ္ဝန္ခံ

ဂ်ာဂင္ကေလာ့ပ္က၎မွာနည္းျပဘဝအဆိုးဆုံးအေနအထားမ်ိဳးႏွင့္ရင္ဆိုင္ေနရၿပီးလီဗာပူးမွာလည္းအဆိုး႐ြားဆုံး အေျခအေနမ်ိဳးႏွင့္ႀကဳံေနရေၾကာင္းဝန္ခံေျပာၾကားလာပါတယ္။

လီဗာပူးဟာမေန႔ညတုန္းကတန္းမဆင္းရေရးတိုက္ပြဲဝင္ေနတဲ့ဖူလ္ဟမ္ကို၁-၀ဂိုးျဖင့္ရႈံးနိမ့္ကာအန္ဖီးလ္တြင္ပရီးမီးယားလိဂ္ေျခာက္ပြဲဆက္အရႈံးႏွင့္ရင္ဆိုင္ေနရပါတယ္။ပြဲအၿပီးတြင္လီဗာပူးဂႏၴဝင္ကစားသမားဂ်င္မီကာေရဂါကလီဗာပူးမွာစိတ္ဓာတ္ပိုင္းအႏုံခ်ာဆုံးအေနအထားတြင္ရွိေနၿပီလို႔ေဝဖန္ေျပာၾကားခဲ့ပါတယ္။

နည္းျပဘဝအဆိုး႐ြားအေနအထားမ်ိဳးႏွင့္ရင္ဆိုင္ေနရၿပီလားလို႔ေမးျမန္းလာမႈအားကေလာ့ပ္က “အဲဒီလိုမေျပာခ်င္ ဘူး။ဒါေပမယ့္တကယ္တမ္းမွာေတာ့အဲဒီလိုျဖစ္ေနပါတယ္။ဒီေတာ့ဒါကျပႆနာမဟုတ္ပါဘူး။အေကာင္းဆုံးအခ်ိန္ ေတြခ်ည္းဘဲႀကဳံေနရမွာမဟုတ္ပါဘူး။ဒီအသင္းကတကယ့္ကိုႀကီးမားတဲ့အသင္းပါ။ႀကီးမားတဲ့ေအာင္ျမင္မႈေတြ လည္းကြၽန္ေတာ္တို႔ရယူႏိုင္ခဲ့တယ္။အခုကြၽန္ေတာ္တို႔မွာႀကီးမားတဲ့အေျခအေနဆိုးနဲ႔ရင္ဆိုင္ေနရပါတယ္။ဒါကို ေက်ာ္ျဖတ္ဖို႔ကြၽန္ေတာ္တို႔တိုက္ပြဲဝင္ရပါမယ္”လို႔ေျပာၾကားသြားပါတယ္။

လီဗာပူးဟာလာမယ့္ဗုဒၶဟူးေန႔မွာခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ဒုတိယအေက်ာ့ပြဲစဥ္အျဖစ္လိုက္ဇစ္ကိုအန္ဖီးလ္မွာဧည့္ခံကစားရပါမယ္။လီဗာပူးဟာပထမအေက်ာ့တုန္းက၂-၀ဂိုးျဖင့္အႏိုင္ရယူႏိုင္ခဲ့ပါတယ္။